ဗီလာရီးယဲနဲ့ နိုင်ပွဲအပြီး အသင်းသားတစ်ဦးကို ကယ်တင််ရှင်လို့ ခေါင်းစဥ်တပ်ရင်း ကျေးဇူးတင်လိုက်တဲ့ ဆိုးလ်ရှား

ဒီနေ့ နံနက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စု ဒုတိယပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ စပိန် ကလပ် ဗီလာ ရီးယဲ အသင််းကို ဧည့်ခံ ကစားခဲ့ပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ နိုင်ခဲ့ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်ပွဲ ကစားအပြီး ရဂိုး 3 ဂိုး ၊ ပေးဂိုး 3 ဂိုး ၊ ရမှတ် 3 မှတ် နဲ့ အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရပ််တည်ခွင့် ရရှိ သွားနိုင်ခဲ့ကြ ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ရလဒ်ဆိုးတွေမှ ရုန်းထွက်နိုင်ခြင်း ဖြစ်သွားခဲ့ရ ပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်း မှာတော့ နှစ်ဖက် အသင်းဟာ ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ကြတဲ့ အတွက် 0 – 0 ဆိုတဲ့ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ရ ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်း ပွဲချိန် 53 မိနစ်မှာ အယ်လ်ကာဆာ ဂိုးသွင်းယူခဲ့တဲ့နောက် ပွဲဟာ ပိုမို အသက်ဝင်လာခဲ့ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 60 မိနစ်မှာပဲ ဘရူနို ဖာနန်ဒက်စ် ရဲ့ ပစ်ဒဏ်ဘော ပေးပို့မှုကို ဘယ် နောက်ခံလူ နေရာမှာ ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ အဲလက်စ် တဲလက်စ် က မြေမကျ ကန်သွင်းခဲ့ပြီး ယူနိုက်တက်တို့ အတွက် ခြေပဂိုး သွင်းယူ ပေးသွားနိုင်ခဲ့ ပါတယ် ။

အဲ့ဒီနောက် နာကျင်ချိန်ပို နောက်ဆုံး မိနစ်မှာ ဖရက်ဒ် ၊ ရော်နယ်ဒို ၊ ဂျက်စီ လင်ဂတ်တို့ ချိတ်ဆက် ကစားခြင်းမှတဆင့် ယူနိုက်တက် အတွက် အနိုင်ဂိုးကို ခရစ္စတီယာနို ရော်နယ်ဒို က သွင်းယူ ပေးသွားခဲ့တဲ့ အတွက် သရဲနီတို့ အနိုင်ရလဒ် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ပွဲစဥ်အပြီးမှာ ရော်နယ်ဒိုဟာ ဟီးရိုး ဖြစ်သွားခဲ့ပြန်ပါတယ် ။ ဒါပေမဲ့ ဖိအားတွေအောက် ကျရောက်နေခဲ့တဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ပွဲချိန် အတွင်း ဂိုးဖြစ်စေနိုင်မယ့် ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့တဲ့ ဒေးဗစ် ဒီဂီယာကို ကျေးဇူးတင်ရင်း ချီးကျူးသွားခဲ့လိုက် ပါတယ် ။

” ဒီညမှာတော့ ကျွန်တော်တို့ရဲ့ အသင်းမှာ ကမ္ဘာ့အဆင့် ဂိုးသမား ရှိနေခဲ့တဲ့ အတွက် ကျေးဇူးတင်စရာပါပဲ ။ ဒေးဗစ်ဟာ အံ့ဖွယ် ဖြစ်နေခဲ့ ပါတယ် ။ ဒုတိယပိုင်းမှာ သူတို့တွေဟာ ဘောလုံး ပိုင်ဆိုင်မှုတွေနဲ့ အတူ ဖွင့်ကစားရင်းနဲ့ ဦးဆောင်ခွင့် ရရှိဖို့ ထိုက်တန်သူတွေ ဖြစ်ခဲ့ကြပါတယ် ”

” ကျွန်တော်တို့ဟာ ယူရိုပါလိဂ် ဖိုင်နယ်အပြီး ခက်ခဲတဲ့ နွေရာသီကို ဖြတ်သန်းခဲ့ရပါတယ် ။ ဒေးဗစ်ဟာ ယူရိုမှာ ပါဝင်ခဲ့ပါတယ် ။ ကစားခွင့် မရနိုင်ခဲ့ပေမဲ့ သူဟာ ဆုံးဖြတ််ချက် ခိုင်မာမှု ၊ ယုံကြည်မှု ၊ လုပ်အားတွေနဲ့ အတူ အသင််းဆီ ပြန်လာနိုင်ခဲ့ ပါတယ် ”

” ဒီပွဲမှာတော့ သူဟာ ထွက်ပေါ်လာတဲ့ ရလဒ်နဲ့ ထိုက်တန်သူ ဖြစ်သွားနိုင်ခဲ့ပါတယ် ။ သူဟာ ကျွန်တော်တို့ကို ကယ််တင်ခဲ့တယ်လေ ။ ဒီညမှာတော့ ဒေးဗစ်ဟာ ကျွန်တော်တို့ကို ကယ်တင်ပေးသွားနိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ လက််တွေ့ဆန်ဖို့လိုပြီး ဒီလို ချီးကျူးမှု လုပ်ကိုလုပ်သင့်ပါတယ် ”

” ကျွန်တော်တို့ဟာ တွမ် (ဟီတန်) နဲ့ ဒင်းန် (ဟန်ဒါဆန်) တို့လို ဂိုးသမားကောင်း နှစ်ဦးကို ပိုင်ဆိုင်ထားကြပါတယ် ။ ဒါပေမဲ့ ဒီနေ့ အတွက်တော့ ဒေးဗစ်ဟာ Man of The Match ဖြစ်ဖို့ ထိုက်တန်လွန်းသူပါပဲ ” လို့ ဆိုးလ်ရှား က နံပါတ်တစ် ဂိုးသမား ဖြစ်သူကို ဂုဏ်ပြု သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar