တူရင်​မြေမှ ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ လုပ်ရက် တစ်ခုအပေါ် အထူးဝေဖန်လိုက်တဲ့ ဂျူဗင်တပ် ဂန္တဝင်

 

ဂျူဗင်တပ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ အလက်စီယို တာချီနာဒီ က တူရင်မြေမှ ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒို ထွက်ခွာ သွားခဲ့တဲ့ ပုံစံအပေါ် ဝေဖန်ထိုးနှက်လိုက်ပြီး သူတို့တွေဟာ ဒီထက််ပိုတဲ့ လေးစားသမှုနဲ့ ထိုက်တန်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒိုဟာ နွေစျေးကွက် နောက်ဆုံးရက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ တရားဝင် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အဲ့တာမတိုင််ခင် ရက်ပိုင်း အလိုလောက်က အသင်းအတွက် ဆက်လက်် ကစားပေးလိုစိတ် မရှိတော့ဘူးလို့ပြောခဲ့ပြီး တူရင်မြေမှ ထွက်ခွာခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် အမ်ပိုလီ အသင်းနဲ့ ကစားရမယ့် ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ဂျူဗင်တပ် အသင်း နည်းပြ မက်စ် အယ်လီဂရီ က ရော်နယ်ဒိုဟာ အသင်းအတွက် ဆက််လက် ကစားပေးတော့မှာ မဟုတ်ကြောင်း ကြေငြာခဲ့မှသာ ပရိသတ်တွေက ဒီသတင်းကို အတိအလင်း သိခဲ့ကြရပါတယ် ။

ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေကတော့ မက်စ် အယ်လီဂရီမှ သတင်းစာ ရှင်းလင်းပွဲ လုပ်ဆောင်နေခဲ့တဲ့ အချိန်မှာ ရော်နယ်ဒိုဟာ တူရင်မြေမှာ ရှိမနေတော့ပဲ ကိုယ်ပိုင် ဂျက်လေယာဥ်နဲ့ အတူ ပေါ်တူဂီ နိုင်ငံ ၊ လစ္စဘွန်းမြို့ဆီ သွားနေခဲ့ပြီလို့ ဖော်ပြနေခဲ့ကြပါတယ် ။

 

အခုတော့ ဂျူဗင်တပ် အသင်းအတွက် 405ပွဲ ကစားပေးထားခဲ့တဲ့ ကွင်းလယ် ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ တာချီနာဒီက ရော်နယ်ဒို အနေနဲ့ အသင်းအပေါ် အခုထက် ပိုပြီး လေးစားသမှု ထားရှိခဲ့သင့်ကြောင်း ၊ ခြားနားတဲ့ ပုံစံ တစ်ခုနဲ့သာ အသင်းမှ ထွက်ခွာခဲ့သင့်ကြောင်း ဝေဖန်သွားခဲ့လိုက် ပါတယ် ။

” သူ (ရော်နယ်ဒို) အနေနဲ့ အသင်းမှ ခြားနားတဲ့ ပုံစံတစ်ခုနဲ့ ထွက်ခွာသွားခဲ့သင့်ပါတယ် ။ ကျွန်တော်ကတော့ မက်စ် အယ်လီဂရီ သတင်းစာ ရှင်းလင်းပွဲ လုပ်နေချိန်မှာ သူဟာ ကိုယ်ပိုင်ဂျက်လေယာဥ်ပေါ်မှာ ရှိနေတာထက် သတင်းစာ ရှင်းလင်းပွဲလုပ် ၊ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုပြီးမှ အသင်းကနေ ထွက်ခွာသင့်တယ်လို့ ယူဆပါတယ် ”

” သူ့ကို အမြဲတမ်းလို ချီးကျူး ထောက်ခံပေးနေခဲ့ကြတဲ့ ဂျူဗင်တပ် ပရိသတ်တွေဟာ ခြားနားတဲ့ နှုတ်ဆက်ပွဲ ရရှိဖို့ ထိုက်တန်ကြသူတွေပါ ။ သူ အသင်းအတွက် အရာရာတိုင်းပေးဆပ်ခဲ့ရဲ့လား ? Yes ပါ ။ ဒါပေမဲ့ သူဟာ ဒီဂျာစီ အတွက်ချည်း မဟုတ်ဘူး ၊ သူ့ရဲ့ ဂုဏ်သတင်း ကျော်ဇောဖို့ အတွက်ပါ ကစားပေးခဲ့သူပါ ” လို့ တာချီနာဒီ က ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် အပြောင်းအရွှေ့ နောက်ဆုံး ရက်စွဲ ကပ်ခါနီးမှာ ရုတ်တရက် အသင်းမှ ထွက်ခွာသွားခဲ့ရတဲ့ ရော်နယ်ဒိုလို ကစားသမားမျိုးရဲ့ နေရာကို ချက်ချင်းကြီး ပြန်လည် အင်အား ဖြည့်တင်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုသာ ဖြစ်ကြောင်း ၊ ရော်နယ်ဒိုဟာ အသင်းကို အခက်အခဲတွေ ပေးဆောင်သွားကြောင်း တာချီနာဒီ က ဆက်လက် ပြောသွားခဲ့ပါတယ် ။

” သူဟာ အပြောင်းအရွှေ့ ပိတ်ခါနီး အသင်းမှ ထွက်ခွာလိုက်ခြင်းအားဖြင့် ဂျူဗင်တပ် နဲ့ အသင်းရဲ့ စျေးကွက်လှုပ်ရှားမှု လုပ်ငန်းစဥ်ကို ခက်ခဲအောင် လုပ်ဆောင်သွားခဲ့ပါတယ် ။ ခရစ္စတီယာနိုလို ဂိုးသွင်းစက်တစ်ဦးရဲ့ နေရာကို ချက်ချင်း အစားထိုး အင်အား ဖြည့်တင်းဖို့ ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုပဲလေ ” လို့ တာချီနာဒီ က ရော်နယ်ဒိုကို အပြစ်တင် သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar