ဆိုးလ်ရှားဟာ ရော်နယ်ဒိုကို ဘာကြောင့် ခေါ်ယူခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ သူ့ရဲ့ အယူအဆကို ဖွင့်ပြောလိုက်တဲ့ ရွိုင်ကိန်း

ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ လက်ရှိအသင်းမှ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှားဟာ အသင်းမှ တိုက်စစ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေအပေါ် ပျော်ရွှင် ကျေနပ်မှု မရှိတဲ့အတွက် စီ ရော်နယ်ဒိုကို ခေါ်ယူခဲ့တာ ဖြစ််ကြောင်း သုံးသပ်ခဲ့လိုက် ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဆန်ချို ၊ ကာဗာနီ နဲ့ ဂရင်းဝုဒ် တို့လို ကစားသမားကောင်းတွေ အများကြီး ရှိနေကြပါတယ် ။ ဒါပေမဲ့ ရပ်ရှ်ဖို့က ဒဏ်ရာ ရရှိနေပြီး ဂရင်းဝုဒ် တစ်ဦးသာ ယုံကြည်ဖွယ် ခြေစွမ်း ပြနိုင်ပါသေးတယ် ။

အခြားတစ်ဖက်မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုဆိုတာဂျူဗင်တပ် အသင်းမှာ ရှိနေခဲ့တဲ့ 3 နှစ်တာ အချိန်ကာလ အတွင်း 134 ပွဲ အထိ ကစားပေးထားခဲ့ရာမှာ 101 ဂိုးထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင််ထားခဲ့ ပါတယ် ။

ဒါ့ကြောင့်လည်း သူ့ကို ခေါ်ယူဖို့ အခွင့်အလမ်း ရရှိခဲ့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်တို့ဟာ အခြားအသင်းတွေထက် လက်ဦးပြီး ခရစ္စတီယာနို ရော်နယ်ဒိုကို အရခေါ်ယူ ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက်မှ ထွက်ခွာပြီး 12 အကြာမှာ သူဟာ မန်ချက်စတာကို ပြန်လာနိုင်ခဲ့ပါပြီ ။

အခုတော့ sky sport ရဲ့ သတင်း သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းက ဆိုးလ်ရှားဟာ လက်ရှိိ အသင်းမှ ကစားသမားတွေရဲ့ ခြေစွမ်းအပေါ် ယုံကြည်စိတ်ချမှု မရှိခဲ့တဲ့ အတွက် အခုလို အပြောင်းအရွှေ့ လုပ််ဆောင်ခဲ့တာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ဝုလ်ဗ် နဲ့ ပွဲစဥ်ကိုကြည့်ပြီး ဒီနေ့ စွမ်းဆောင်ရည် သနားစရာ ကောင်းခဲ့တယ်လို့ ရော်နယ်ဒို တွေးနေခဲ့မှာပါပဲ ။ အိုလီ ကတော့ သူ့ကို အထောင် တိုက်စစ်မှူး အဖြစ် ထားပြီး ကစားလို့ ရလိမ့်မယ်လို့ ရှုမြင်နေပါတယ် ။ အခုထိ ကျွန််တော်တို့တွေဟာ ဒီနေရာမှာ အကောင်းဆုံး ကစားတာ မမြင်ကြရသေးပါဘူး ”

” ဒါပေမဲ့ ယူနိုက်တက် ကစားသမားတွေဟာ ရှေ့ဆက်ပြီး အခွင့်အရေးတွေ ဖန်တီးသွားကြဖို့ ရှိနေတဲ့ အတွက် အိုလီဟာ သူ့ကို ပြိုင်ဖက် ဂိုးဧရိယာအတွင်း ရှိနေစေလိုမှာပါ ။ ကာဗာနီ နဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ရှိနေခဲ့တာ ကတော့ ထင်ရှားလှ ပါတယ် ”

” ဂရင်းဝုဒ် ကတော့ အလားအလာ ကောင်းတဲ့ လူငယ်လေးပါပဲ ။ ဆိုးလ်ရှားဟာ မာရှယ် အပေါ် အပြည့်အဝ ယုံကြည်မှု ရှိမနေတော့ပါဘူး ။ ဒါ့ကြောင့် သူဟာ ခရစ္စတီယာနိုကို အလိုရှိခဲ့ကြပြီး အခွင့်အလမ်း ပေါ်ပေါက်လာတဲ့ အခါ အရ ခေါ်ယူနိုင်ခဲ့ကြပါတယ် ”

 

” ဆိုးလ်ရှား ကိုယ်တိုင်က ခရစ္စတီယာနို ဂျူဗင်တပ်ကနေ ထွက်ခွာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး ။ ဒါပေမဲ့ အခွင့်ရတဲ့အခါ လက်ဦးခေါ်ယူဖို့ အသင့်ရှိနေခဲ့ပါတယ် ။ ရော်နယ်ဒိုက မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးတွေ သွင်းယူနိုင်မှာပါ ၊ သူဟာ အာမခံချက် ပေးနိုင်ပါတယ် ” လို့ ရွိုင်ကိန်း က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar