မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ်ကတော့ ရော်နယ်ဒို ရောက်ရှိလာခြင်းက ဂရင်းဝုဒ် ၊ ရပ်ရှ်ဖို့ တို့ကို ထိခိုက်စေမလားဆိုတာ အချိန်က အဖြေပေးသွားလိမ့်မယ်လို့ ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက်ဆီ ပြန်ရောက်လာတဲ့ ရော်နယ်ဒိုဟာ မ​နေ့က နည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့သလို အသင်းနဲ့ စတင် လေ့ကျင့်နိုင်ခဲ့ ပါတယ် ။ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းဆီ ပေါင် 170,000 တန် လန်ဘော်ဂိနီ ကားနဲ့ လာခဲ့တာလို့ သိခဲ့ရပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ်က အဲဗာတန် အသင်းဟာ ဒီနွေမှာ သူ့ကို စိတ်ဝင်စားခဲ့ပေမဲ့ နည်းပြ ဆိုးလ်ရှားက အသင်းမှာပဲ ဆက်လက် ရှိနေစေလိုခဲ့ကြောင်း ပြောပြလိုက်ပါတယ် ။

ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှော က ကလပ် နဲ့ လက်ရွေးစင် အသင်းဖော် ဂရင်းဝုဒ်ဟာ တစ်​နေ့မှာတော့ လူပြော အများဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ လင်ဂတ်ဟာ ရှေ့ဆက် ပွဲကစားချိန် မိနစ်တွေ ရနိုင်ဖို့ မသေချာတဲ့အတွက် အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သိခဲ့ရပါတယ် ။

မ​နေ့က ပေါ်တူဂီတို့ အဇာဘိုင်ဂျန်ကို 3 – 0 နဲ့ အနိုင် ကစားခဲ့ပြီးတဲ့ ပွဲစဥ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းထဲ ဝင်ရောက်ပြီး ဘရူနို ဖာနန်ဒက်စ် နဲ့ ဆဲလ်ဖီ ဆွဲခဲ့ကြတယ်လို့ သိလိုက်ရပါတယ် ။

ယူနိုက်တက်တို့ဟာ ဘာစီလိုနာ၊ ရီးယဲမက်ဒရစ် အသင်းတွေ နည်းတူ လက်စတာ ကွင်းလယ်လူ ယူရီ တိုင်လီမန်းကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဒါပေမဲ့ ဒေါ့မွန် ကွင်းလယ် ကစားသမားလေး ဂျုဒ် ဘယ်လင်ဂတ် ကို ယူနိုက်တက်တို့ ပိုပြီး မျက်စိကျနေတယ်လို့ သိရပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ လာမဲ့နွေမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို အရ ခေါ်ယူလိမ်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ် ။

ရီးယဲ မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ ဂါးရတ် ဘေးလ်က အသင်းဖော်ဟောင်း ရော်နယ်ဒိုဟာ အင်္ဂလန် မြေမှာ ခြေစွမ််း ပြခဲ့ပြီးသား ကစားသမား တစ်ဦးဖြစ်ကြောင်း ၊ သူဟာ ဒါကို ဆက်လက် လုပ်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ​၊ သူ့ကို စောင့်ကြည့်ဖို့ စိတ်လှုပ််ရှားနေကြောင်း မှတ်ချက်ပေးခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ဘယ် နောက်ခံလူ လုခ်ရှော က လက်ရှိ အသင်းရဲ့ အကယ်ဒမီမှ Class 2021 ကစားသမားတွေဟာ ဆက်လက် တိုးတက်ဖို့ အကောင်းဆုံး အနေအထားတွေကို ပိုင်ဆိုင်ထားကြကြောင်း ၊ တစ်နေ့ ဒီအဖွဲ့ဟာ ဆုဖလားတွေကို ဆွတ်ခူးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွားယား ကတော့ အသင်းဖော်သစ် ရာဖေးလ် ဗာရန်းဟာ သူ့ကို ပိုကောင်းအောင် ကူညီပေးနိုင်သူ ဖြစ်တယ်လို့ ချီးကျူးခဲ့လိုက်ပါတယ် ။

အဲဗာတန် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ တောင်ဆန်က ဂွတ်ဒီဆင်ပါ့ခ်မှာ အသင်းဖော်တွေဟာ ရော်နယ်ဒို ရောက်လာပြီ ဆိုတဲ့အကြောင်း အတော်လေး ပြောဆိုဖြစ်နေခဲ့ကြောင်း ဖွင့်ပြောလိုက်ပါတယ် ။

ရော်နယ်ဒို ရောက်လာပေမဲ့ ကာဗာနီဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေလိမ့်ဦးမယ်လို့ MEN က သုံးသပ်ဖော်ပြသွားခဲ့ပါတယ် ။

ယူနိုက်တက်ရဲ့ တိုက်စစ်မှူးလေး မေဆွန် ဂရင်းဝုဒ် က အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့နောက် မနှစ်က အထနှေးခဲ့ပေမဲ့ ဒီနှစ် အကောင်းဆုံး ရှေ့ဆက်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒီ​​နေ့ဟာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ရဲ့ 28 နှစ်မြောက် မွေးနေ့ပဲ ဖြစ်ပါတယ် ။ ဘရူနိုဟာ ယူနိုက်တက် အသင်းအတွက် 83 ပွဲ ကစားပေးထားရာ 43 ဂိုး သွင်းယူထားခဲ့ပြီး 25 ဂိုး ဖန်တီးပေးထားခဲ့ပါတယ် ။
#HappyBirthdayBruno

#Sports_Myanmar