၁၁ ယောက်ထိ ရှိလာတဲ့ ပွဲကစားခွင့် ပိတ်ခံရသူများ ၊ ရီးရဲ နဲ့ စာမျက်နှာသစ် စတင်တဲ့ ကာမာဗင်ဂါ တို့နဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

အမေရိက ဘောလုံး အသင်းတွေ နဲ့ ပရီးမီးယားလိဂ် တို့ရဲ့ အကြားက တင်းမာမှုတွေ ဟာ ပိုမို ပြင်းထန် လာဖွယ် ရှိနေပါတယ် ။ ဘရာဇီး ဘောလုံး အဖွဲ့ချုပ် ရဲ့ ဖီဖာ ထံ တောင်းဆိုမှု အပြီးမှာတော့ လာမယ့် ပိတ်ရက် ပွဲစဉ်တွေ နဲ့ ဥရောပ ပွဲတွေကို လွဲချော်မယ့် ပရီးမီးယားလိဂ် ကစားသမား အရေအတွက် ဟာ ၁၁ ဦးအထိ ရှိလာခဲ့ တယ်လို့ သိရ ပါတယ် ။

 

ဖီဖာ ရဲ့ စည်းမျဉ်းတွေ အရ လက်ရွေးစင် အသင်းကို ဆင့်ခေါ် ခံရတဲ့ ကစားသမားတွေကို ကလပ် အသင်းတွေ က မစေလွှတ် ပါက အဆိုပါ ကစားသမားတွေကို ၅ ရက် ပွဲ ကစားခွင့် ပိတ်ပင်ဖို့ လက်ရွေးစင် အသင်းတွေ ဘက်က တောင်းဆိုခွင့် ရှိတယ်လို့ သိရ ပါတယ် ။

 

အဆိုပါ စည်းမျဉ်းကို ဘရာဇီး ၊ မက္ကဆီကို ၊ ပါရာဂွိုင်း နဲ့ ချီလီ ဘောလုံး အဖွဲ့ချုပ်တို့ က အသုံးပြု ခဲ့ပြီး လက်ရွေးစင် အတွက် စေလွှတ်ခြင်း မပြုတဲ့ ကစားသမားတွေ ကို ပွဲကစားခွင့် ပိတ်ပင်ဖို့ လုပ်ဆောင် ခဲ့ ပါတယ် ။

 

ဒါကြောင့် ပရီးမီးယားလိဂ် ရဲ့ အမေရိက ဘောလုံး သမားတွေထဲက ယခု နိုင်ငံတကာ ကာလ မှာ ဆင့်ခေါ် ခံရပြီး မသွားရောက် ခဲ့တဲ့ ကစားသမား ၁၁ ဦးဟာ ဒီအပတ် အမှတ်ပေး ပွဲစဉ်တွေ ကို ပါဝင် ကစားရတော့မှာ မဟုတ်သလို ချဲလ်ဆီး ၊ လီဗာပူး ၊ မန်ချက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် က ကစားသမားတွေ ကတော့ လာမယ့် ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ်တွေ ကိုပါ လွဲချော်ကြတော့ မှာပဲ ဖြစ် ပါတယ် ။

 

ဘာစီလိုနာ နောက်ခံလူ ဆင်မြူရယ် အမ်တီတီ ကတော့ အသင်း အတွက် လုပ်ခ လျော့ယူ သွားဖို့ သဘောတူ လက်ခံ လိုက်တယ်လို့ သိရ ပါတယ် ။

 

ဂျက်ဆီ လင်ဂတ် ကတော့ မန်ချက်စတာ ယူနိုက်တက် ဘက်က စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်း လာမှု ကို ပယ်ချ လိုက်ပြီး ကစားခွင့် ပိုမို ရရှိဖို့ အတွက် လာမယ့် ဇန်နဝါရီ မှာ အသင်းပြောင်းရွှေ့ နိုင်ဖို့ ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

 

အာဆင်နယ် အသင်း ကတော့ တူရကီ အပြောင်းအရွှေ့ နောက်ဆုံး အချိန် မတိုင်ခင် မှာ ကွင်းလယ်လူ အယ်နေး ကို ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့တဲ့ ဂါလာတာစာရေး အသင်းရဲ့ ကမ်းလှမ်းမှု ကို ပယ်ချ သွားခဲ့တယ် လို့ သိရှိရ ပါတယ် ။

 

နာမည်ကျော် UFC ချန်ပီယံဟောင်း ခါဘစ် နူမာဂိုမီဒေါ့ ကတော့ ပေါ်တူဂီ သားကြီးဟာ အီတလီ မြေမှာ ကစားရတာ အလွန် ပျင်းရိ လာတာကြောင့် ပရီးမီးယားလိဂ် ကို ပြန်ဖို့ စိတ်ကူးနေကြောင်း သူ့ကို ပြောပြ ခဲ့တယ်လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ကို ရင်းနစ် ကလပ် ကနေ ပြောင်းရွှေ့ခဲ့တဲ့ ပြင်သစ် လူငယ်လေး အက်ဒွာဒို ကာမာဗင်ဂါ ကတော့ ဒီကနေ့ မှာ အသင်းနဲ့ စတင် ပူးပေါင်း ခဲ့တယ် လို့ သိရ ပါတယ် ။ ကာမာဗင်ဂါ ဟာ ရီးရဲ မှာ ကျောနံပါတ် ၂၅ ကို ဝတ်ဆင် ကစား သွားမှာ ဖြစ်ပါတယ် ။

 

ရီးရဲ မက်ဒရစ် ရဲ့ ဘာနေဗျူး ကွင်းကြီး ဟာလည်း ပြုပြင် မွမ်းမံမှု ပြီးမြောက်တော့မှာ ဖြစ်တာကြောင့် မကြာခင် မှာ လာလီဂါ ပွဲစဉ်တွေကို ပြန်လည် လက်ခံ ကစားနိုင်တော့မယ်လို့ သိရှိရ ပါတယ် ။

 

ပြင်သစ် တိုက်စစ်မှူး ဂရစ်ဇ်မန်း ဟာလည်း အသင်းဟောင်း အက်သလက်တီကို မက်ဒရစ် ဆီ ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ကာ ကျောနံပါတ် ၈ ကို ဝတ်ဆင် ကစား သွားမှာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နွေရာသီ မှာ ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ် ကို ပြိုင်ဘက် ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစား သွားဖို့ စီစဉ် နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

Netflix ဟာ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဇနီးသည် ဂျော်ဂီနာ ရိုဒရီဂွက် တို့ တွေ့ဆုံ ချစ်ကြိုက် ခဲ့ကြပုံကို “I am Georgina” အမည် နဲ့ မှတ်တမ်း ရုပ်ရှင် အဖြစ် ရိုက်ကူး တင်ဆက် သွားမယ်လို့ သိရ ပါတယ် ။

 

လီဗာပူး ၊ ဘာစီလိုနာ နဲ့ ဘိုင်ယန်မြုးနစ် အသင်းတို့ဟာ သြစတြီးယား ကလပ် ရက်ဘူး ဆဲဘတ် အသင်းမှာ ကစားနေတဲ့ ဂျာမနီ ကစားသမားလေး ကာရင် အဒီမီယီ ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR