ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲပယ်ပြစ်ဒဏ် မခံရတဲ့ တဦးတည်းသော ပရီးမီးယားလိဂ် ကစားသမား

 

ဘရာဇီး ဘောလုံးအဖွဲ့ချုပ် ရဲ့ ပရီးမီးယားလိဂ် ကစားသမားတွေ အပေါ် ၅ ရက် ကစားခွင့် ပိတ်ပင်မှု သတင်းဟာ ယမန်နေ့ ညနေ ပိုင်းက ဘောလုံးရပ်ဝန်း ကို လှုပ်ခတ် ခဲ့ ပါတယ် ။

ဘရာဇီး ဘောလုံး အဖွဲ့ချုပ် ဟာ လက်ရှိ ယှဉ်ပြိုင် ကစားနေတဲ့ နိုင်ငံတကာ ပွဲစဉ် ကာလ အတွင်းမှာ သူတို့ ထံ လာရောက်ဖို့ ပိတ်ပင် ခဲ့တဲ့ ကလပ် အသင်းက ကစားသမားတွေ ကို ၅ ရက် ပွဲပယ် အပြစ်ဒဏ် ချမှတ်စေခဲ့ တာပါ ။

အင်္ဂလိပ် ကလပ်တွေဟာ စက်တင်ဘာ ပထမ နဲ့ ဒုတိယ အပတ် အတွင်း ကစားခဲ့တဲ့ နိုင်ငံ ပွဲစဉ်တွေ မှာ ဗြိတိန် ရဲ့ ကိုဗစ် အနီရောင်ဆင့် သတ်မှတ် နိုင်ငံတွေက လက်ရွေးစင်တွေကို မစေလွှတ်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ် ။

အကြောင်းကတော့ အဆိုပါ နိုင်ငံတွေက ပြန်လာမယ့် ကစားသမားတွေ ဟာ ဗြိတိန် ပြန်ရောက်ချိန် မှာ ၁၀ ရက် ကွာရန်တင်း ဝင်ကြရမှာ ဖြစ်တာကြောင့် ပွဲစဉ် ၂ ပွဲလောက် လွဲချော်ဖို့ ရှိနေတာ ကြောင့်ပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်တွေ ဟာ သူတို့ရဲ့ အမေရိက ကစားသမားတွေ ကို လက်ရွေးစင် အသင်းတွေနဲ့ ပူးပေါင်းခွင့် ပိတ်ခဲ့ ပါတယ် ။

ဒါပေမယ့် အချို့ ကစားသမားတွေ ကတော့ ကလပ် အသင်းရဲ့ သဘောထားကို ဆန့်ကျင်ကာ လက်ရွေးစင် အသင်းတွေ ထံ သွားရောက် ကစားခဲ့ကြပါတယ် ။

စပါး ကတော့ သူတို့ရဲ့ တားမြစ်ချက်ကို ချိုးဖောက်တဲ့ အာဂျင်တီးနား ကစားသမား ၂ ဦး ( လိုကယ်ဆို နဲ့ ခရစ်ရှန် ရိုမဲရိုး ) တို့ကို ဒဏ်ငွေ ရိုက်ဖို့ ရှိတယ်လို့ ကြားသိရ ပါတယ် ။

ယူရဂွိုင်း ( ဥရုဂွေး ) ဘောလုံး အဖွဲ့ချုပ် ကတော့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ကို မခေါ်ဖို့ ဆုံးဖြတ် ခဲ့တာကြောင့် အခုလို ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖို့ မတောင်းဆိုခဲ့ပါဘူး ။

ဒါပေမယ့် ဘရာဇီး ဘောလုံး အဖွဲ့ချုပ် ကတော့ ဖီဖာ ရဲ့ စည်းမျဉ်း ကို အသက်သွင်းခဲ့ ပါတယ် ။

တကယ်တော့ ဒီစည်းမျဉ်းဟာ အသစ် မဟုတ်ပေမယ့် ယခင်က အသုံးပြုရမှု မရှိသလောက် နည်းပါး ခဲ့တာကြောင့် ဘောလုံး ပရိသတ်တွေ အတွက် အသစ်အဆန်းလို ဖြစ်ခဲ့ရ ပါတယ် ။

ဖီဖာ ရဲ့ ဘောလုံးဥပဒေ စည်းမျဉ်း ၂၂ အရ ကလပ် အသင်းတွေဟာ နိုင်ငံ တကာ ပွဲစဉ် ကာလ အတွင်း လက်ရွေးစင် အသင်းက ဆင့်ခေါ်တဲ့ ကစားသမားတွေ ကို စေလွှတ်ခြင်း မပြုခဲ့ ပါက

အဆိုပါ ဘောလုံးသမားတွေ ကို နိုင်ငံပွဲစဉ်တွေ ပြီးဆုံးချိန်မှာ ၅ ရက် ကစားခွင့် ပိတ်ပင်ဖို့

သက်ဆိုင်ရာ ဘောလုံး အဖွဲ့ချုပ်က တောင်းဆိုခွင့် ရှိပါတယ် ။

အကယ်၍ ကလပ် အသင်းတွေ ဘက်က ဒီပွဲပယ်အပြစ်ဒဏ် ကို မခံယူဘဲ ကစားသမားကို ထည့်သွင်း ကစားခဲ့ ပါက ဒဏ်ငွေ အပြင် အဆိုပါ ပွဲကို ၃ – ၀ နဲ့ အရှုံးပေး ရတဲ့ အထိ ထပ်တိုးပြစ်ဒဏ် ကျခံ ရမှာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ကလပ် အသင်းတွေဟာ ပြစ်ဒဏ် ချမှတ်မှု ကို လက်ခံ ရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ၅ သင်းက ကစားသမား တွေဟာ ဒီတပတ် ကစားမယ့် ပွဲတွေကို လွဲချော် ကြရ တော့မှာပဲ ဖြစ်ပါတယ် ။

အဲ့ဒိ ကစားသမားတွေ ကတော့ လီဗာပူး က ဖာမီနို ၊ အဲလစ်ဆင် နဲ့ ဖာဘင်ဟို

မန်စီးတီး က အီဒါဆင် နဲ့ ဂျေဆူး ၊ မန်ချက်စတာ ယူနိုက်တက် က ဖရက်ဒ် ၊ ချဲလ်ဆီး က သီယာဂို ဆေးလ်ဗား နဲ့ လိဒ် ယူနိုက်တက် က ရာဖင်ဟာ တို့ပဲ ဖြစ်ကြပါတယ် ။

ဒီ ကစားသမားတွေ ဟာ စက်တင်ဘာ ၁၀ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ ကစားခွင့် ပိတ်ခံ ရမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ကိုသာမက ကြားရက်မှာ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ ကိုပါ လွဲချော် ကြရ တော့မှာပဲ ဖြစ်ပါတယ် ။

ပရီးမီးယားလိဂ် မှာ ရှိတဲ့ ဘရာဇီး လက်ရွေးစင် ကစားသမားတွေ ထဲမှာ ပွဲပယ် အပြစ်ဒဏ် မကျခံ ရတဲ့ ကစားသမား တယောက် ရှိခဲ့ ပါတယ် ။

သူကတော့ ရစ်ချလီဆင် ပါပဲ ။

အဲဗာတန် တိုက်စစ်မှူးလေး ဟာ ဖာမီနို ၊ အဲလက်ဆစ် ၊ ဆေးဗား ၊ ဖရက်ဒ် ၊ ဂျေဆူး တို့နည်းတူ ဆင့်ခေါ် ခံခဲ့ရပြီး သွားရောက် မပူးပေါင်းခဲ့သူ ဖြစ်ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေရာသီ အိုလံပစ် ပြိုင်ပွဲ မှာ ဘရာဇီး အသင်းအတွက် ပါဝင် ကစားပေး ခဲ့မှု အပေါ် သက်ညှာ ထောက်ထားပြီး ရစ်ချလီဆင် ကို ပွဲပယ် အပြစ်ဒဏ် မချမှတ်ဖို့ ဘရာဇီး FA က ဆုံးဖြတ်ခဲ့ ပါတယ် ။

ကျန်တဲ့ ဘရာဇီးသား ၈ ယောက်ကတော့ ပွဲပယ်ပြစ်ဒဏ်တွေ ကျခံရမှာပါ ။

ဒီလိုမျိုး ပွဲပယ် အပြစ်ဒဏ် ချမှတ်မှု ကို ဘရာဇီးသာ မကဘဲ အာဂျင်တီးနား ၊ ချီလီ ၊ မက္ကဆီကို နဲ့ ကိုလံဘီယာ ဘောလုံး အဖွဲ့ချုပ် တွေကလည်း တောင်းဆို ခဲ့ကြပါတယ် ။

ဖီဖာ ဟာ ဒီပြစ်ဒဏ် ကို ချမှတ်ဖို့ ဆန္ဒ ပြင်းပြခြင်း မရှိခဲ့ ပေမယ့် ဘောလုံးအဖွဲ့ချုပ်တွေ ရဲ့ တောင်းဆိုမှု များပြား လာချိန် မှာတော့ မဖြစ်မနေ လုပ်ဆောင်ဖို့ ဖြစ်လာ စေခဲ့တယ်လို့ Independent သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ။

အခုလို ပြစ်ဒဏ် ချမှတ်မှုကြောင့် ကလပ် အသင်းတွေရဲ့ ယခုအပတ် အမှတ်ပေး ပွဲစဉ်တွေ ဟာ မျှော်မှန်း ရခက်တဲ့ ရလဒ်တွေ ထွက်ပေါ် လာဖိ့ု ရှိလာ စေခဲ့ပါတယ် ။

မန်စီးတီး ဟာ ပထမဂိုးသမား အီဒါဆင် ကို အသုံးပြုလို့ မရနိုင်တော့သလို ဒုတိယ ဂိုးသမား ဇက် စတီဖန် ကလည်း ကိုဗစ် ဖြစ်နေတာကြောင့် တတိယ ဂိုးသမား စကော့ ကာဆန် ကို အသုံးပြု ရတော့မှာပဲ ဖြစ်ပါတယ် ။

SPORTS MYANMAR