FIFA ကို သတိပေးလိုက်တဲ့ UEFA ၊ အိမ်ရှင်ပြောင်းတော့မယ့် ကလပ်ကမ္ဘာ့ဖလား တို့နဲ့ . . . ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ၂ နှစ် တကြိမ် ကျင်းပမယ့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ( ဖီဖာ ) ရဲ့ အစီအစဉ် ကို ကန့်ကွက် ကြောင်း ပြောဆို လိုက်ပြီး အတင်းအကြပ် လုပ်ဆောင် ပါက ဥရောပ ဘောလုံး နိုင်ငံတွေ ရဲ့ သပိတ်မှောက်မှု နဲ့ ရင်ဆိုင် ရနိုင်ချေ ရှိတယ် လို့ သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

 

PSG ကစားသမားသစ် နူနို မန်ဒက်စ် ဟာ နိုင်ငံ တကာ ပွဲစဉ်တွေ အပြီးမှာ ပြင်သစ် ကလပ် ထံ လာရောက် ပူးပေါင်းခဲ့ပြီ လို့ သိရ ပါတယ် ။

 

ပြင်သစ် လီဂူး အဖွဲ့ချုပ် ဟာ သြဂုတ်လ ၂၂ ရက် တုန်းက ဖြစ်ပွား ခဲ့တဲ့ နိုက်စ် နဲ့ မာဆေး ပွဲစဉ် က ရန်ပွဲ အတွက် နိုက်စ် အသင်း ကို ၂ မှတ် နှုတ် ခဲ့ပြီး မာဆေး အသင်း ဘက်ကတော့ အယ်ဗာရို ဂွန်ဇာလက် ကို ၂ ပွဲ ၊ ဒီမီထရီ ပါရက် ကို ၁ ပွဲ နဲ့ အသင်းရဲ့ ကြံ့ခိုင်ရေးမှူး ကို ( ပရိသတ်ကို ထိုးနှက် ခဲ့သည့် အတွက် ) လာမယ့် ၂၀၂၂ ဇွန်လ အထိ ရပ်နားဖို့ အပြစ်ဒဏ် ချမတ် ခဲ့တယ်လို့ သိရ ပါတယ် ။

 

ဒါ့အပြင် အဆိုပါ ပွဲ ကိုလည်း ပရိသတ်တွေ မပါဘဲ ပြန်လည် ကစားစေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

 

ဘာစီလိုနာ ကစားသမားသစ် လုခ် ဒီဂျောင် ဟာ ဒီကနေ့ မှာ အသင်းသစ် နဲ့ စတင် မိတ်ဆက် ခဲ့ပါတယ် ။ နယ်သာလန် တိုက်စစ်မှူးကြီး ကတော့ သူဟာ နည်းပြ ကိုးမန်း လိုအပ် နေတဲ့ အရာတွေကို ဖြည့်ဆည်း ပေးနိုင်မယ့် သူ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကတော့ သူတို့ နဲ့ နည်းပြ ကိုးမန်း တို့ အကြားမှာ အဆင်ပြေ ချောမွေ့ မှုတွေ ရှိနေပြီး ကိုးမန်း ကို စာချုပ် သက်တမ်းတိုးဖို့ အလားအလာကောင်းတွေ ရှိနေကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဂျပန် နိုင်ငံ ဟာ ကိုဗစ်ကူးစက်မှု မြင့်မား နိုင်တဲ့ အနေအထားတွေ ရှိတာကြောင့် ၂၀၂၁ ခုနှစ် ရဲ့ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ နိုင်တော့မှာ မဟုတ်ကြောင်း ထုတ်ဖော် ဝန်ခံ သွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ဒါကြောင့် ဖီဖာ ဟာ ၂၀၂၁ ခုနှစ် ပြိုင်ပွဲ အတွက် အိမ်ရှင်သစ် ကို ရွေးချယ် ရတော့မှာ ဖြစ်ပြီး ၂၀၁၈ တုန်းက အိမ်ရှင် ပြုလုပ် ခဲ့ဖူးတဲ့ ယူအေအီး နိုင်ငံ ဟာ ဒီနှစ် ရဲ့ အိမ်ရှင်သစ် ဖြစ်လာနိုင်တယ် လို့ သတင်းကြီး လာဲ့ ပါတယ် ။

ဖီဖာ ဟာ ယမန်နေ့ ညက ကစားခဲ့တဲ့ ပိုလန် – အင်္ဂလန် ပွဲစဉ် က အင်္ဂလန် နောက်ခံလူ ကိုင်လ် ဝေါ်ကာ နဲ့ ပိုလန် ကစားသမား ကာမီလ် ဂလစ် တို့ရဲ့ အဖြစ်အပျက် အပေါ် စုံစမ်းမှု ပြုလုပ် သွားမယ်လို့ ကြားသိရ ပါတယ် ။

 

နာပိုလီ အသင်း အခြေစိုက်တဲ့ နေပယ် မြို့က ရဲတပ်ဖွဲ့ ဟာ ဒီတပတ် ကစားမယ့် စီးရီးအေ ပွဲစဉ် အတွက် ဧည့်သည် ယူဗင်တပ် အသင်းကို ကွင်းဆီသို့ စောပြီး ထွက်ခွာ လာဖို့ ( နာပိုလီ ပရိသတ်တွေ ရဲ့ တိုက်ခိုက်မှု မခံ ရစေဖို့ အတွက် ) အကြံပြု တိုက်တွန်း ထားတယ်လို့ သိရ ပါတယ် ။

 

အင်တာမီလန် နောက်ခံလူ ဒါမီယန် ကတော့ ပရီးမီးယားလိဂ် ကို ပြန်လည် ပြောင်းရွှေ့ သွားတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို ကံကောင်းစေဖို့ ဆုတောင်းပေးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။ ဒါမီယန် ဟာ ရိုနယ်ဒို ပြောင်းရွှေ့ သွားတဲ့ မန်ချက်စတာ ယူနိုက်တက် မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အီတလီ နောက်ခံလူက ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် ဘောလုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်ထား ကြောင်းလည်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အင်တာ ကွင်းလယ်လူ အဲရစ်ဆင် ဟာ လာမယ့် အောက်တိုဘာ လထဲမှာ သူ့ရဲ့ နှလုံး အခြေအနေ ကို စစ်ဆေးသွားမှာ ဖြစ်ပြီး ဘောလုံး ဆက်ကစားနိုင် ၊ မကစား နိုင်ကို ဆုံးဖြတ် ပေးနိုင်ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR