နံနက်ခင်း အားကစား သတင်းများ

အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဒီကနေ့ နံနက်ပိုင်း မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ အသင်း အတွက် ဟက်ထရစ် သွင်းယူ ပေးခဲ့ ပါတယ် ။ ဒီဂိုးတွေ ဟာ မက်ဆီ ကို နိုင်ငံ အသင်း အတွက် သွင်းဂိုး ၇၉ ဂိုးအထိ ရောက်ရှိ စေခဲ့ပြီး တောင်အမေရိက သားတွေ အထဲမှာ နိုင်ငံ အတွက် ဂိုးအများဆုံး သွင်းယူ ထားတဲ့ ပီလီ ( ၇၇ ဂိုး ) ရဲ့ စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် ရယူ စေနိုင်ခဲ့ ပါတယ် ။

 

PSG အသင်း ကတော့ ချဲလ်ဆီး ခံစစ်မှူး ရူဒီဂါ ရဲ့ စာချုပ်သစ် ကိစ္စ အပေါ် စိတ်ဝင်တစား စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။ ဂျာမန် နောက်ခံလူ ဟာ ချဲလ်ဆီး နဲ့ စာချုပ် နောက်ဆုံး သက်တမ်း ကို ရောက်ရှိ နေပြီး သက်တမ်း မတိုးဖြစ်ပါက လာမယ့် နွေရာသီမှာ အလွတ် နဲ့ ခေါ်ယူ နိုင်မှာ ဖြစ်ပါတယ် ။

 

အာဆင်နယ် ကနေ ထွက်ခွာ လာတဲ့ ခံစစ်မှူး ဒေးဗစ် လူးဝစ် ဟာ ပြင်သစ် ကလပ် မာဆေး ၊ အီတလီ ကလပ် ဆလီနာတီတာ တို့ဆီက ကမ်းလှမ်းမှုတွေ ကို ငြင်းပယ် သွားခဲ့ပြီး ၁၄ နှစ်ကြာ ဥရောပ ခရီးကို အဆုံးသတ် ကာ မိခင် နိုင်ငံ ဘရာဇီး ကို ပြန်သွားဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

ယူဗင်တပ် ရှေ့တန်းလူ ဖက်ဒရီကို ချီယေဆာ ဟာ မနက်ဖြန် မှာ ကစားမယ့် နာပိုလီ အသင်နးဲ့ ပွဲစဉ် ကို လွဲချော်ဖို့ ရှိနေပြီး ပေါင်ခြံ က ဒဏ်ရာ ကို ဒီကနေ့ နံနက်ပိုင်း ( သောကြာနေ့ နံနက် ) မှာ စစ်ဆေး သွားမယ်လို့ သိရှိရ ပါတယ် ။

 

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က သူတို့ ဟာ တောင်ပံ ကစားသမားလေး ဒမ်ဘီလီ ကို စာချုပ်သစ် ချုပ်ဆို ဖို့ အတွက် ကစားသမား ရဲ့ အေးဂျင့် နဲ့ ချိတ်ဆက် ပြောဆို ထားတယ်လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

 

အာဆင်နယ် ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ကတော့ တူရကီ ကလပ် ဖီနာဘာချီ မှာ မပျော်ရွှင် တော့ဘဲ အမေရိက နဲ့ ကာတာ တနေရာရာ ကို ပြောင်းရွှေ့ ဖို့ စိတ်ကူး လာပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရိုးမား အသင်းဟာ အသင်းခေါင်းဆောင် လော်ရန်ဇို ပယ်လီဂရီနီ ရဲ့ အေးဂျင့် နဲ့ တွေ့ဆုံပြီး စာချုပ်သစ် ကိစ္စ အတွက် ဆွေးနွေး ပြောဆို သွားမယ်လို့ သိရ ပါတယ် ။

 

အေစီမီလန် အသင်းကတော့ ပရိသတ်တွေ ရဲ့ ဝိုင်းဝန်း ဝေဖန် ပြောဆိုမှုကြောင့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် လက်မှတ် ခတွေကို ပြန်လည် ညှိနှိုင်း လျော့ချ ပေးသွားမယ်လို့ အကြီးအကဲ ဂါဇီဒစ် က ပြောဆို သွားခဲ့ ပါတယ် ။

 

အေစီမီလန် ဟာ အက်သလက်တီကို မက်ဒရစ် ကို ဧည့်ခံ ကစားမယ့် ပွဲစဉ် အတွက် လက်မှတ်ခ ကို ၁၁၉ ယူရို အထိ ကောက်ခံ ခဲ့ပြီး မြို့ခံပြိုင်ဘက် အင်တာမီလန် ကတော့ ရီးရဲမက်ဒရစ် ကို ဧည့်ခံရမယ့် ပွဲအတွက် လက်မှတ်ခ ၄၈ ယူရိုသာ ကောက်ခံ ခဲ့တာကြောင့် အေစီပရိသတ်တွေ ထံက အခုလို မကျေမနပ်သံတွေ ထွက်ပေါ် လာခဲ့တာပဲ ဖြစ်ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ကို တကျော့ပြန် ရောက်ရှိ လာတဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ဟာ အသင်းနဲ့ စတင် လေ့ကျင့် နေပြီ ဖြစ်ကာ ယခု အပတ် လာလီဂါ ပွဲစဉ် မှာ စတင် ပါဝင် ကစားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

 

အာဆင်နယ် ရဲ့ ဂျပန် ကစားသမားသစ် တိုမီယာဆု ကတော့ အင်္ဂလန် မှာ လာရောက် ကစားဖို့ အလုပ်ပါမစ် ရရှိ ခဲ့ပြီ ဖြစ်သလို ယမန်နေ့ က လေ့ကျင့်ရေး ကွင်းကို ရောက်ရှိကာ စတင် လေ့ကျင့် နေခဲ့ပြီလို့လည်း သိရ ပါတယ် ။

ဒေါ့မွန် ကွင်းလယ် ကစားသမားလေး ဂျီယို ရေနာ ကတော့ အမေရိကန် အသင်း အတွက် ကစားပေး ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိ လာခဲ့တာကြောင့် ယခုအပတ် ဘွန်ဒစ်လီဂါ ပွဲစဉ် မှာ ပါဝင် ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြ မာကိုရိုစ့် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ ပါဝင် ကစားပြီး ယူကရိန်း နဲ့ ၂ ဂိုးစီ သရေ ကျတဲ့ ပွဲမှာ ၂ ဂိုး သွင်းယူ ခဲ့တဲ့ ကာဇက်စတန် ကစားသမား ရုစလန် ဗာလျယ်နီ ဟာ သြဂုတ်လ အတွင်းက ပေးပို့ ထားတဲ့ ဆေးစစ်ချက် မှာ တားမြစ်ဆေး အသုံးပြု ထားကြောင်း တွေ့ရှိ ခဲ့ရတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ဖီဖာ ဟာ အဆိုပါ ကိစ္စ ကို စုံစမ်းမှု ပြုလုပ် တော့မှာ ဖြစ်ပြီး အပြစ်ရှိကြောင်း တွေ့ရှိရ ပါက ကစားသမား ကို ပွဲပယ် အပြစ်ဒဏ် ချမှတ်မှာ ဖြစ်သလို ကာဇက်စတန် ကိုလည်း ဗာလျယ်နီ ပါဝင် ကစားခဲ့တဲ့ ပွဲအားလုံးကို ၃ – ၀ နဲ့ အရှုံးပေး စေမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ် ။

 

SPORTS MYANMAR