ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ အမေရိက ဘောလုံး အဖွဲ့ချုပ်တွေ ရဲ့ ၅ ရက် ပွဲပယ် အပြစ်ဒဏ် ကို လက်ခံ ခဲ့တာကြောင့် ဒီတပတ် ပရီးမီးယားလိဂ် မှာ ကစားသမား ၁၀ ယောက်ဟာ ပါဝင် ကစား နိုင်ကြ တော့မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

 

အဲ့ဒိ ကစားသမားတွေ ကတော့

အဲလစ်ဆွန် ၊ ဖာဘင်ဟို နဲ့ ဖာမီနို ( လီဗာပူး )

အီဒါဆင် နဲ့ ဂျေဆူး ( မန်စီးတီး )

သီယာဂို ဆေးဗား ( ချဲလ်ဆီး )

ဖရက်ဒ် ( မန်ယူနိုက်တက် )

ရာဖင်ဟာ ( လိဒ် ယူနိုက်တက် )

မီဂွယ် အယ်မီရွန် ( နယူးကာဆယ် )

ဖရန်စစ္စကို ဆီရယ်တာ ( ဝက်ဖိုဒ့် ) တို့ပဲ ဖြစ်ကြပါတယ် ။

 

ဒါပေမယ့် ဝုဗ် အသင်းရဲ့ မက္ကဆီကို တိုက်စစ်မှူး ရာအူးလ် ဂျီမီနက်ဇ် ကတော့ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ်ကို ပါဝင် ကစား နိုင်ဖို့ အလားအလာ ရှိနေ သေးပြီး ဝုဗ် အသင်း ဟာ မက္ကဆီကို ဘောလုံး အဖွဲ့ချုပ်ထံ ကစားသမား မလာရောက် နိုင်တဲ့ အကြောင်းအရင်းကို ပြောဆို ညှိနှိုင်း ဆွေးနွေး နေတယ်လို့ သိရ ပါတယ် ။

 

စပါး အသင်းရဲ့ နည်းပြကြီး နူနို ဆန်းတိုစ့် ကတော့ ကိုရီးယား ကနေ ပြန်လာတဲ့ ဆွန်ဟောင်မင် ဟာ ဒဏ်ရာ အနည်းငယ် ရှိနေပြီး ယခုအပတ် ပွဲစဉ် ကို ပါဝင် ဖု့ိ မသေချာကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။ စပါး အသင်းမှာ ကစားသမား ၈ ဦး အထိ ဒဏ်ရာ + ပွဲပယ် ခံထားရတာကြောင့် ဘာစီလိုနာ ကနေ ရောက်လာတဲ့ အီမာဆင် ရွိုင်ရယ် ကို ယခု အပတ် မှာ ပွဲထုတ် သွားဖို့ ရှိနေပါတယ် ။

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ သွားရောက် ကစားခဲ့တဲ့ စပါး ရဲ့ တောင်အမေရိကသား ၃ ယောက် ( လိုကယ်ဆို ၊ ခရစ်ရှန် ရိုမဲရိုး နဲ့ ဒေဗီဆင် ဆန်ချက် ) တို့ ကတော့ အင်္ဂလန် ကို ပြန်မလာဘဲ ခရိုအေးရှား မှာ ၁၀ ရက် နေထိုင် လေ့ကျင့်သွားမယ် လို့ သိရ ပါတယ် ။

 

လက်ရည်စစ်ပွဲ အဆင့်ကနေ ယူအက်စ် အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့ပြီး ဗြိတိန် ဂုဏ်ကို ဆောင်ခဲ့တဲ့ ၁၈ နှစ် အရွယ် တင်းနစ်မယ်လေး အမ်မာ ရာဒူကနူ ကတော့ ဗြိတိန် ရဲ့ စာမျက်နှာသစ် ဖြစ်လာခဲ့ ပါတယ် ။ ဗိုလ်လုပွဲ ကို တက်ရောက်ခဲ့ အပြီးမှာတော့ ရာဒူကနူ ကို ဗြိတိန် မင်းသမီး ကိတ် မင်ဒယ်တန် ၊ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် တို့ အပြင် မန်ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် တို့က ဂုဏ်ပြု စကား အသီးသီး ပြောဆို ခဲ့ကြပါတယ် ။

 

Amazon Prime ကလည်း စက်တင်ဘာ ၁၂ ရက်နေ့ မှာ ကစားမယ့် ရာဒူကနူ ရဲ့ ဗိုလ်လုပွဲ ကို ဗြိတိန် ဒေသ အတွင်း အခမဲ့ ထုတ်လွှင့် ပြသ သွားဖို့ လုပ်ဆောင် နေပြီလို့ သိရ ပါတယ် ။

 

ပရီးမီးယားလိဂ် တန်းတက် အသင်း ဘရန့်ဖိုဒ့် ကတော့ ဖီဖာဘာချီ နဲ့ နွေရာသီမှာ လမ်းခွဲ ခဲ့ပြီး အသင်း လက်မဲ့ ဖြစ်နေတဲ့ ဒိန်းမတ် နောက်ခံလူ မက်သီးယပ်စ် ဂျော်ဂျန်ဆင် ကို ၁ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်ပြီလို့ သိရှိ ရ ပါတယ် ။

 

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ သူဟာ စပိန် ကွင်းလယ်လူ ဆာအူးလ် နီဂွက် ကို လွန်ခဲ့တဲ့ နှစ် အတော်ကြာကြာ ကတည်းက သဘောကျ နှစ်သက် နေခဲ့တာ ဖြစ်ပြီး ချဲလ်ဆီး ကို ခေါ်ဆောင် နိုင်ခဲ့မှု အတွက် အလွန် ဝမ်းမြောက်မိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဒါ့အပြင် ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ဟာ ဘယ်လ်ဂျီယံ အတွက် ကစားရင်း ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ ပေမယ့် မနက်ဖြန် မှာ ကစားမယ့် ဗီလာ နဲ့ ပွဲကို ပါဝင် ကစား နိုင်တယ်လို့ နည်းပြ တူချယ် က ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ရဲ့ အမေရိကန် လက်ရွေးစင် ခရစ်ရှန် ပူလီဆစ် ကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၃ ပတ် အထိ အနားယူရမယ် လို့ တူချယ် က အတည်ပြုပေး သွားခဲ့ ပါတယ် ။

 

လိဒ် ယူနိုက်တက် နည်းပြကြီး မာဆယ်လို ဘီယေဆာ ကတော့ ဂျူနီယာ ဖာပို ၊ စတူးဝမ် ဒါးလပ်စ် နဲ့ ကလစ်ချ် တို့ ဟာ လီဗာပူး နဲ့ ကစားမယ့် ပွဲမှာ ပါဝင် နိုင်ကြမယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

နယူးကာဆယ် နည်းပြ စတိဗ် ဘရုစ် ကတော့ သူဟာ အသင်းရဲ့ ကစား သမား အင်အား အပေါ် ဘယ်တုန်းကမှ အားရ ကျေနပ်ခြင်း မရှိခဲ့ဘူး လို့ ထုတ်ဖော် ပြောဆိုရင်း နွေရာသီ ဈေးကွက် ထဲမှာ လိုအပ်သလောက် ခေါ်ယူခွင့် မရရှိမှုကို ပြောဆို သွားခဲ့ ပါတယ် ။

 

အတ္တလန်တာ အသင်းရဲ့ ကိုလံဘီယာ တိုက်စစ်မှူး လူးဝစ် မူရီရယ် ကတော့ ယခုအပတ် အစပိုင်းမှာ ရရှိ ခဲ့တဲ့ ကြွက်သား ဒဏ်ရာကြောင့် လာမယ့် အောက်တိုဘာ နိုင်ငံတကာ ရက်သတ္တပတ် အထိ အနားယူရ ဦးမှာ ဖြစ်ကြောင်း နည်းပြ ဂပ်စပါရီနီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR