အိမ်ပြန်သူ အိမ်ပြောင်းသူ တို့နဲ့ . . . ဒီတပတ်မှာ မြင်တွေ့ရနိုင်တဲ့ Debut ကစားသမား ၁၀ ယောက်

အပြောင်းအရွှေ့ ပိတ်သွားခဲ့တာ ရက် အနည်းငယ် ကြာသွားခဲ့ ပါပြီ ။

ဒါပေမယ့် နိုင်ငံ တကာ ပွဲစဉ်တွေ ကြားခံ သွားတာကြောင့် Deadline Day အနီးတဝိုက် က ခေါ်ယူ မှုတွေဟာ အသင်းသစ် နဲ့ ချက်ချင်း မပူးပေါင်း နိုင် ဖြစ်ခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ရက် အတိုင်း မှာတော့ ဒီ ကစားသမား တွေဟာ သူတို့ရဲ့ ကလပ် အသင်းသစ် တွေဆီ အသီးသီး လာရောက် ပူးပေါင်း နိုင်ခဲ့ ကြပါတယ် ။

အဲ့ဒိ အထဲက အချို့ ကတော့ ဒီအပတ် ပွဲစဉ် တွေမှာ ပါဝင် လာကြမှာပါ ။

 

Deadline Day တဝိုက် အပြောင်း အရွှေ့တွေ ထဲ မှာ နာမည် အကြီးဆုံး ဖြစ်ခဲ့တာ ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အပြောင်း အရွှေ့ ပါပဲ ။

မန်ချက်စတာ က အိမ်ကို နောက်တခေါက် ပြန်လာတဲ့ ရိုနယ်ဒို ဟာ ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ

ကျောနံပါတ် ၇ ကို ဝတ်ဆင်ပြီး အရင်အချိန်တွေ တုန်းကလို

အိုးထရက်ဖိုဒ့် ပရိသတ်တွေ ရှေ့ကို ထပ်ပြီး ထွက်လာဖို့ အဆင်သင့် ဖြစ်လို့ နေခဲ့ ပါပြီ ။

ဒါပေမယ့် ဒီတပတ် မှာ ဂျာစီသစ်တွေ နဲ့ မြင်ရမှာက ရိုနယ်ဒို တယောက်တည်း မဟုတ်ခဲ့ပါဘူး ။

 

ဒါကြောင့် ဒီတပတ် ပွဲစဉ်တွေ မှာ အသင်းသစ်တွေ နဲ့ ပွဲထွက် လာဖွယ် ရှိသူတွေ ထဲက နာမည်ကျော်တွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် –

 

ဂရစ်ဇ်မန်း ရဲ့ အိမ်ပြန် ခရီး

 

ရိုနယ်ဒို မန်ချက်စတာ ယူနိုက်တက် ကို ပြန်ခဲ့သလိုပဲ ဂရစ်ဇ်မန်း ဟာလည်း သူ အောင်မြင် ပျော်ရွှင် ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် ကို ပြန်ခဲ့ ပါတယ် ။

ချဲလ်ဆီး – အက်သလက်တီကို – ဘာစီလိုနာ – ဆီဗီးလား ၄ သင်း အကြားက ဒိုမီနို အပြောင်းအရွှေ့ ဟာ ဂရစ်ဇ်မန်း ကို နူးကမ့် ကနေ သူ ကျဉ်လည် ခဲ့ရာ အိမ်ဟောင်း ကို ပြန်ရောက် စေခဲ့တာပါ ။

ဘာစီလိုနာ ကို ပြောင်းခဲ့ချိန် တုန်းက ဂရစ်ဇ်မန်း အပေါ် စိတ်ခု ခဲ့ကြတဲ့ အေတီကို ပရိသတ်တွေ ကို ပြင်သစ်သား ဘယ်လို ပြန်ချော့ မလဲ ဆိုတာ စောင့်ကြည့် ရမှာပါပဲ ။

 

ပြင်သစ်ကြယ်ပွင့်လေးရဲ့ မက်ဒရစ် စာမျက်နှာသစ်

 

PSG ရဲ့ ပြင်သစ် တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ ရီးရဲ မက်ဒရစ် ကို ပြောင်းချင် ခဲ့ပါတယ် ။

ဒါပေမယ့် ကလပ် ၂ သင်း အကြားက ပြောင်းရွှေ့ကြေး ကိစ္စတွေ အဆင်မပြေ ခဲ့လို့ မပြောင်း ခဲ့ရ ပါဘူး ။

ရီးရဲ ကတော့ အခြား ပြင်သစ် ကြယ်ပွင့် တပွင့် ကို Deadline Day မှာ အရ ခေါ်နိုင်ခဲ့ ပါတယ် ။

အက်ဒွာဒို ကာမာဗင်ဂါ ပါ ။

ပေါ့ဘာ လို အရည်အသွေးမျိုး ရှိပြီး တောက်ပတဲ့ အနာဂါတ်တွေကို ပိုင်ဆိုင် ထားတဲ့ လူငယ်လေးဟာ

အကျပိုင်း ရောက်နေတဲ့ မိုဒရစ် ၊ ကရူးစ် တို့ရဲ့ နေရာအတွက် ဆက်ခံသူ ဖြစ်လာမှာပါ ။

ဒီတပတ် မှာ ရီးရဲ တို့ ဆယ်လ်တာဗီဂို နဲ့ ကစားရပါမယ် ။

ကာမာဗင်ဂါ ကို မြင်ရဖို့ အဆင်သင့်ပဲလား မက်ဒရစ် စတာ တို့ရေ . . .

 

 

Ronaldo is Red . . . again

 

တချိန်က အောင်မြင်မှုတွေ အစပြု ခဲ့တဲ့ နေရာကို ပြန်လာခဲ့တယ် ။

အရင်တုန်းက အောင်မြင် ခဲ့တဲ့ ကျောနံပါတ် ကို ပြန်ဝတ် ခဲ့တယ် ။

ပရိသတ်တွေ ကလည်း အခုထိ သူ့အမည် ကို အော်ဟစ် ကြွေးကျော် နေတုန်း ၊

အသင်းသားတွေ ၊ လူငယ် အကယ်ဒမီတွေ ထဲမှာလည်း သူ့ အကြောင်းတွေ ပြောနေကြတုန်း ၊

အမှတ်ပေး ပြိုင်ပွဲ သမိုင်းကြောင်း ထဲက သူ့ရဲ့ စံချိန် မှတ်တမ်းတွေ ကလည်း လတ်ဆတ် နေတုန်းပါပဲ ။

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပြန်ပေါင်းထုပ်တဲ့ အချစ်ဇာတ်လမ်း ကတော့ ပေါ်တူဂီသားကြီး ကွင်းထဲကို မဆင်းရသေးခင် မှာပဲ ဇာတ်ရှိန် အရမ်း မြင့်တက်လို့ နေပါပြီ ။

တကမ္ဘာလုံးက ရိုနယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ကလည်း စနေနေ့ ပွဲမှာ “Sii” လို့ အော်ဖို့ အဆင်သင့် ဖြစ်နေမှာ အသေအချာပါပဲ ။

 

လန်ဒန်မြေကို ခြေချတဲ့ နောက်ထပ် စပိန်သားတယောက်

 

ဆက် ဖာဘရီဂတ် ဟာ လန်ဒန် ကလပ် ၂ သင်းမှာ အောင်မြင်ခဲ့ ပါတယ် ။

အခု သူ့ရဲ့ ခြေရာကို လိုက်နင်းဖို့ ဆာအူးလ် နီဂွက် တယောက် မက်ဒရစ် ကနေ ထွက်လာခဲ့ ပါပြီ ။

ဆာအူးလ် ကို ခေါ်ယူ ခဲ့တာဟာ ဂျော်ဂျင်ဟို ၊ ကန်တီ တို့နဲ့ တောင့်တင်း နေတဲ့ ချဲလ်ဆီး ကွင်းလယ် အတွက် အချိုပေါ် သကာ လောင်းချ လိုက်သလိုပါပဲ ။

လူကာကူ နဲ့ ဆာအူး ၂ ယောက်ကို ချဲလ်ဆီး ခေါ်လိုက်တာဟာ ဆုဖလားတွေ အားလုံးအတွက် စစ်ကြေညာ လိုက်တာပါပဲ ။

 

လန်ဒန် ကနေ စပိန်ပြန်တဲ့ စပိန်သား

 

ဆာအူးလ် တယောက် စပိန် ကနေ လန်ဒန် ကို ထွက်ခွာ လာချိန်မှာတော့ လန်ဒန် က စပိန်သား တယောက်ဟာ သူ့ရဲ့ မိခင် နိုင်ငံ စပိန် ကို ပြန်သွားခဲ့ ပါတယ် ။

ဟတ်တာ ဘယ်လာရင် ပါပဲ ။

ဘာစီလိုနာ အကယ်ဒမီထွက် တယောက် ဖြစ်တဲ့ ဘယ်လာရင် ဟာ အာဆင်နယ် ကနေ ရီးရဲ ဘက်တစ် ကို အငှား နဲ့ ပြောင်းရွှေ့ ခဲ့ပြီး ဒီတပတ် လာလီဂါ ပွဲစဉ်မှာ ပါဝင် ကစားဖို့ စိတ်ဆန္ဒ ပြင်းပြ နေမှာပါ ။

 

လာမာစီယာ အကယ်ဒမီထွက် တယောက်ရဲ့ စွန့်စားခန်း

 

အရည်အသွေးကောင်းတဲ့ လာမာစီယာ အကယ်ဒမီထွက် တယောက် ရှိပါတယ် ။

နောက်တန်း အစွန်မှာ ကစားတာပါ ၊ ပြီးခဲ့တဲ့ အိုလံပစ် တုန်းက စပိန် နဲ့ ပါဝင်ခဲ့ ပါတယ် ။

လာလီဂါ မှာလည်း စွမ်းဆောင်ရည်တွေ က အားရစရာပါ ။

ဒါပေမယ့် သူ့ကို လူတွေ သိပ်ပြီး သတိမထား မိပါဘူး ။

အခုတော့ ကမ္ဘာ့ လူကြည့်အများဆုံး ပြိုင်ပွဲကြီး မှာ သူ့ရဲ့ ခြေစွမ်းကို တကမ္ဘာလုံးက မြင်တွေ့ ရတော့ မှာပါ ။

ဘရိုက်တန် ကို ဂီတာဖေး ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ မက် ကူကူရယ်လာ ပါပဲ ။

 

အခြားစိတ်ဝင်စားစရာ ကောင်းသူတွေ ကတော့ ဘာစီလိုနာ အကယ်ဒမီ ကနေ လိုက်ပ်ဇစ် ကို ပြောင်းရွှေ့ သွားတဲ့ လူငယ်လေး မိုရီဘာ ၊ မန်ယူနိုက်တက် ကနေ လိဒ် ကို ရောက်သွားတဲ့ ဒန်နီရယ် ဂျိမ်းစ် ၊

PSG ကနေ ပေါ်တူဂီ ကလပ် စပို့တင်း ကို ပြောင်းရွှေ့ သွားတဲ့ ပါဘလို ဆာရာဘီယာ ၊ Deadline Day မှာ ဘာစီလိုနာ ကို ရောက်လာခဲ့တဲ့ လုခ် ဒီဂျောင် ၊ ဘာစီလိုနာ ကနေပဲ စပါးကို ရောင်းထုတ်လိုက်တဲ့ အီမာဆင် ရိုင်ရယ် တို့ ပဲ ဖြစ်ပါတယ် ။

 

ဒါ့အပြင် ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့ အလွဲအချော်တွေကြောင့်

ဒီနှစ် စပိန် လာလီဂါ ရဲ့ တဦးတည်းသော ကျောနံပါတ် ၁၃ ဝတ် outfield player ( ဂိုးသမား မဟုတ်တဲ့ အခြားနေရာ ကစားသူ ) ဖြစ်လာတဲ့

ရှာကို ဒရမ် မူစတာဖီ ဟာလည်း

လီဗန်တေး အတွက် စတင် ပါဝင် ကစားသွားဖွယ် ရှိနေ ပါတယ် ။

 

SPORTS MYANMAR