နံနက်ခင်း အားကစား သတင်းများ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ဘရာဇီး ၊ မက္ကဆီကို ၊ ချီလီ ၊ ပါရာဂွိုင်း ဘောလုံး အဖွဲ့ချုပ် တွေ နဲ့ ညှိနှိုင်း ပြောဆို အပြီး မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း လက်ရွေးစင် အသင်းရဲ့ ဆင့်ခေါ်မှု ကို ငြင်းဆန် ခဲ့တဲ့ ကစားသမားတွေ အပေါ် ၅ ရက် ပွဲပယ် အပြစ်ဒဏ် ချမှတ်မှု ကို ပြန်လည် ရုပ်သိမ်း လိုက်တယ် လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

ဒါကြောင့် ယမန်နေ့ က အထိ ပွဲပယ် ခံရဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ကစားသမား ၁၁ ယောက်ဟာ ဒီတပတ် အမှတ်ပေး ပွဲတွေရော ကြားရက်မှာ ကစားမယ့် ဥရောပ ပွဲတွေ ကိုပါ ပါဝင် ကစားခွင့် ၇ရှိ တော့မှာပဲ ဖြစ်ပါတယ် ။

 

ရိုးမား အသင်းရဲ့ ဂန္ထဝင် ဘောလုံးသမားကြီး ဖရန်စစ္စကိုတော့တီ ဟာ ၂၀၁၈ တုန်းက အီတလီ ဘာသာနဲ့ ရေးသားပြီး “My Name is Francesco Totti” ဆိုတဲ့ အမည်နဲ့ ထုတ်ေ၀ ခဲ့တဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိ စာအုပ် ကို “Totti Gladiator” ဆိုတဲ့ အမည် ပြောင်းလဲကာ အင်္ဂလိပ် ဘာသာ နဲ့ ပြန်လည် ရေးသား ထုတ်ေ၀ သွားမယ်လို့ သိရ ပါတယ် ။

 

ရိုးမား အသင်းဟာ ဆာဆူအိုလို နဲ့ ကစားမယ့် ပွဲမှာ အာဖဂန်နစ္စတန် နိုင်ငံ က ဒုက္ခသည်တွေ အတွက် အလှူငွေ ပိုမို ရရှိ စေဖို့ အတွက် UNHCR ရဲ့ လိုဂို ပါဝင်တဲ့ ဂျာစီတွေကို ဝတ်ဆင် ကစား သွားမယ်လို့ သိရ ပါတယ် ။

 

အဆိုပါ ပွဲက ဂျာစီတွေ ကို လေလံ နဲ့ ပြန်လည် ရောင်းချကာ ရရှိလာမယ့် ငွေတွေကို UNHCR ထံ လှူဒါန်း သွားမှာပဲ ဖြစ်ပါတယ် ။

 

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက် ဟာလည်း ပရီးမီးယားလိဂ် ၊ ဘွန်ဒစ်လီဂါ တို့ နည်းတူ ကမ္ဘာ့ဖလား ၂ နှစ် တကြိမ် ကျင်းပမယ့် ဖီဖာ ရဲ့ အစီအစဉ် ကို ကန့်ကွက်ကြောင်း စာရေးသား ပေးပို့ ခဲ့တယ်လို့ သိရ ပါတယ် ။

 

UEFA ဥက္ကဌ ဆီဖာရင် ကတော့ ဥရောပ စူပါလိဂ် အစီအစဉ် ကို လက်မလျော့ သေးတဲ့ ရီးရဲ ၊ ဘာစီလိုနာ နဲ့ ယူဗင်တပ် တို့ ချန်ပီယံလိဂ် ကနေ ထွက်ခွာသွားရင်တောင် ဂရုစိုက်မှာ မဟုတ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ကလပ်အသင်းမှာ ငွေ မရှိတာကြောင့် စူပါလိဂ် ကသာ သူတို့ကို ကယ်တင်နိုင်မှာ ဖြစ်တယ်လို့ ပြောဆို ခဲ့ပြီး အမ်ဘာပေ ကို ယူရို သန်း ၂၀၀ ကျော် နဲ့ ကမ်းလှမ်း ခဲ့တဲ့ ရီးရဲ ဥက္ကဌ ပီရက်ဇ် ရဲ့ ရှေ့ နောက် စကား မညီမှု ကိုလည်း UEFA ဥက္ကဌက ထောက်ပြ ဝေဖန် သွားခဲ့ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ကတော့ လာမယ့် နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို ခေါ်ယူဖို့ စိတ်ကူး နေပြီး ယူနိုက်တက် နဲ့သာ စာချုပ် သက်တမ်း မတိုးဖြစ်ပါက ပေါ့ဘာ ကို အလွတ် နဲ့ ခေါ်ယူ နိုင်မှာပဲ ဖြစ်ပါတယ် ။

 

အဓမ္မကျင့်မှု ၊ လိင်ပိုင်းဆိုင်ရာ ထိပါး ကျူးလွန်မှုတွေ နဲ့ စွဲချက် တင်ခံ ထားရတဲ့ မန်စီးတီး နောက်ခံလူ ဘင်ဂျမင် မန်ဒီ ဟာ ယမန်နေ့ က သူ့ရဲ့ အမှု ကို ကြားနာဖို့ အတွက် တရားရုံးကို ရောက်ရှိ လာခဲ့တယ်လို့ သိရ ပါတယ် ။ မန်ဒီ ဟာ လာမယ့် ဇန်နဝါရီ ၂၀၂၂ အထိ အချုပ် ထဲမှာ ဆက်လက် နေထိုင်သွားရဖို့ ရှိတယ်လို့ သိရ ပါတယ် ။

 

ယူဗင်တပ် အသင်းရဲ့ ဒါရိုက်တာ ချီလူဘီနီ ကတော့ အာလင်း ဟာလန်း ကို လွန် ခဲ့တဲ့ နှစ် အနည်းငယ် ကတည်းက သူတို့ သတိပြုမိ ခဲ့တာ ဖြစ်ပြီး သြစတြီးယား ကလပ် ဆဲလ်ဘတ် ကို မပြောင်းရွှေ့ခင်မှာ မခေါ်ယူ နိုင်ခဲ့တဲ့ အတွက် နောင်တ ရမိတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

အာဆင်နယ် နဲ့ စာချုပ် ကုန်ဆုံးချိန် မှာ ဥရောပ ကလပ်တွေရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့တဲ့ ဒေးဗစ် လူးဝစ် ကတော့ မိခင် နိုင်ငံ ဘရာဇီး ကလပ် ဖလာမင်ဂို နဲ့ ၁ နှစ် စာချုပ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိ ခဲ့ပြီ လို့ သိရ ပါတယ် ။

 

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ တုန်းက ချဲလ်ဆီး တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစား ခဲ့တယ်လို့ သိရ ပါတယ် ။

 

အေစီမီလန် တိုက်စစ်မှူးကြီး အိုလီဗာ ဂျီရူး ဟာ ကိုဗစ်ပိုး ကင်းစင် သွားပြီ ဖြစ်တာကြောင့် လာမယ့် ကြားရက် မှာ လီဗာပူး နဲ့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အတွက် အဆင်သင့် ဖြစ်လာခဲ့ပြီလို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ကလပ်တွေဟာ သူတို့ရဲ့ ကစားသမားတွေ ကို ကိုဗစ် ကာကွယ်ဆေး ထိုးနိုင်ဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်တယ်လို့ သိရ ပါတယ် ။ နယူးကာဆယ် ဂိုးသမား ဒါလိုး ကတော့ အသင်းမှာ ကိုဗစ်ဆေး မထိုးလိုသူ ၄-၅ ဦး ရှိနေသေးတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

 

အာဆင်နယ် နည်းပြ အာတီတာ ကလည်း ကိုဗစ်ဆေး မထိုးတဲ့ အသင်းသားတွေ ဟာ ကျန်တဲ့ သူတွေကိုပါ ဒုက္ခရောက်အောင် ပြုလုပ်နေသလို ဖြစ်ပြီး အသင်းကိုပါ ထိခိုက် နစ်နာစေနိုင် ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR