နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ အသင်းသစ်တွေ အတွက် စတင် ကစားတဲ့ Debut ကစားသမား အချို့ ဂိုးတွေ သွင်းနိုင်ခဲ့ ကြပါတယ် ။ မန်ယူနိုက်တက် အတွက် ပြန်ကစားတဲ့ ရိုနယ်ဒို ဟာ အိုးထရက်ဖိုဒ့် မှာ ၂ ဂိုး သွင်းခဲ့သလို ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ကလည်း စတမ်းဖိုဒ့် ဘရစ် တကျော့ပြန် ပွဲဦးထွက် မှာလည်း အသင်း အတွက် ၂ ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

 

ဒါ့အပြင် ပဲလေ့စ် ကို ဆဲလ်တစ် ကနေ ပြောင်းရွှေ့ လာတဲ့ တိုက်စစ်မှူး အက်ဒွာ ကလည်း စပါး အသင်း ကို အနိုင် ရတဲ့ ပွဲမှာ လူစားဝင် ကစားပြီး ၁၀ မိနစ် အတွင်း ၂ ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် အသင်းဟာ နာပိုလီ အသင်းကို အဝေးကွင်းမှာ ၂ – ၁ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဒီရာသီမှာ ၃ ပွဲ ကစားပြီးသည် အထိ ၁ မှတ်သာ ရရှိ ထားပြီး အဆင့် ၁၆ အထိ ကျဆင်းသွားခဲ့ ပါတယ် ။

 

အခြားပွဲစဉ် မှာတော့ ဖီအိုရင်တီးနား ဟာ အတ္တလန်တာ ကို အဝေးကွင်းမှာ ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

 

ဂျာမန်ဘွန်ဒစ်လီဂါ မှာတော့ လေဗာကူဆင် နဲ့ ဒေါ့မွန် တို့ အပြန်အလှန် ဂိုးတွေသွင်းပြီး ဒေါ့မွန် က ၄-၃ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ ဘိုင်ယန်မြုးနစ် ကလည်း အဝေးကွင်းမှာ လိုက်ပ်ဇ်က ကို ၄ – ၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

 

လေဗာကူဆင် ပရိသတ်တွေ ဟာ ဒေါ့မွန် ကစားသမားတွေ ဂိုးသွင်း အပြီး အောင်ပွဲ ခံချိန် မှာ ဘီယာ ဘူးတွေ နဲ့ ပစ်ပေါက် ခဲ့ကြပြီး ဟာလန်း နဲ့ ဘယ်လင်ဟမ် တို့ ကတော့ ဘီယာတွေ ကို ကောက်ယူ သောက်သုံးပြ ခဲ့ကြတယ် လို့ သိရှိရ ပါတယ် ။

 

ပြင်သစ် လီဂူး ပွဲစဉ် မှာတော့ PSG ဟာ အိမ်ကွင်းမှာ ကလာမွန့် အသင်းကို ၄ – ၀ နဲ့ အနိုင် ရရှိကာ ၅ ပွဲ မှာ ၅ ပွဲ အနိုင် ရလဒ် နဲ့ အမှတ်ပေး ဇယားကို ဦးဆောင် နေခဲ့ ပါတယ် ။ PSG အတွက် ဟာရဲရား က ၂ ဂိုးသွင်း ခဲ့ပြီး အမ်ဘာပေ နဲ့ ဂူအိုင်း တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ ကြပါတယ် ။

 

ဗြိတိန် နင်းနစ်မယ်လေး အမ်မာ ရာဒူကနူ ကတော့ ဒီကနေ့ နံနက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ယူအက်စ် အိုးပင်း တင်းနစ် ဗိုလ်လုပွဲမှာ ကနေဒါ တင်းနစ်မယ် လေလာ ဖာနန်ဒက်စ် ကို ၂ ပွဲပြတ် အနိုင် ကစားပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့ ပါတယ် ။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ အမ်မာ ရာဒူကနူ ဟာ ၄၄ နှစ် အကြာမှာ ပထမဆုံး မြင်တွေ့ ခဲ့ရတဲ့ ဗြိတိန် ဂရန်းစလမ်း ချန်ပီယံ ( အမျိုးသမီး ) ဖြစ်လာခဲ့ပြီး အင်္ဂလန် နိုင်ငံ တဝှမ်းက တော်ဝင် မိသားစုတွေ ၊ အကျော် အမော်တွေ နဲ့ ဘောလုံး သမားတွေဟာ အမ်မာ ရဲ့ အောင်ပွဲကို ဝိုင်းဝန်း ဂုဏ်ပြု ခဲ့ကြပါတယ် ။

 

အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ကတော့ အမ်မာ ရာဒူကနူ အတွက် တော်ဝင် အမှတ်တံဆိပ် နဲ့ စာရေးသား ဂုဏ်ပြု ပေးသွား ခဲ့တယ်လို့ သိရ ပါတယ် ။

 

အာဆင်နယ် ကနေ ထွက်ခွာ လာခဲ့တဲ့ ဘရာဇီး နောက်ခံလူ ဒေးဗစ် လူးဝစ် ကတော့ ဖလာမင်ဂို အသင်းနဲ့ ၂၀၂၂ ရာသီကုန် အထိ စာချုပ် ချုပ်ဆို လိုက်ပြီ လို့ သိရ ပါတယ် ။

 

ရီးရဲ တောင်ပံ ကစားသမား ဂါရတ်ဘေးလ် ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဒီကနေ့ညမှာ ကစားမယ့် လာလီဂါ ပွဲစဉ် ကို ပါဝင် နိုင်တော့မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။ ရီးရဲ ကစားသမားတွေ ဟာ ပြုပြင် မွမ်းမံမှု ပြီးစီး သွားတဲ့ ဘာနေဗျူး ကွင်းကြိး ထဲကို ယမန်နေ့က ပြန်သွား ခဲ့ပြီး လေ့ကျင့်မှု ပြုလုပ် ခဲ့ကြတယ် လို့လည်း ကြားသိရ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် ကို တခေါက် ပြန်ရောက် လာတဲ့ ဂရစ်ဇ်မန်း ကတော့ အက်စ်ပန်ညို နဲ့ ကစားမယ့် ဒီည ပွဲမှာ ပါဝင်လာဖို့ ရှိတယ်လို့ သိရ ပါတယ် ။

 

မနေ့ညက စီးရီးအေ ပွဲစဉ်မှာ ဖီအိုရင်တီးနား အတွက် ၂ ဂိုး သွင်းယူကာ အတ္တလန်တာ ကို ၂ – ၁ နဲ့ အနိုင် ရရှိစေဖို့ အဓိက စွမ်းဆောင် ပေးခဲ့တဲ့ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ် က သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကမ်းလှမ်း ခံရမှု များစွာ ရှိခဲ့ ပေမယ့် ဖီအိုရင်တီးနားမှာ ဆက်လက် ကစားဖို့ သူကိုယ်တိုင် ဆုံးဖြတ် ခဲ့တာ ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

နာပိုလီ အသင်းခေါင်းဆောင် အင်ဆစ်ညာ ဟာ မနေ့ညက ယူဗင်တပ် နဲ့ ကစားဲ့တဲ့ ပွဲမှာ ဒဏ်ရာ ရရှိ သွားခဲ့ပြီး လာမယ့် ပွဲစဉ်တွေ အတွက် မသေချာတဲ့ အနေအထားမှာ ရှိလာခဲ့ပြီလို့ သိရ ပါတယ် ။

 

ဘာစီလိုနာ ရဲ့ ဝါရင့် နောက်ခံလူ ဂျောဒီ အယ်လ်ဘာ ကတော့ ဘိုင်ယန်မြုးနစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲ မှာ ပါဝင် ကစားဖို့ ကြံ့ခိုင်မှု ရရှိ နေပြီလို့ သတင်းကောင်း ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အတွက် မနေ့ညက ပွဲမှာ ဂိုးသွင်းယူ ခဲ့တဲ့ ဂျက်ဆီ လင်ဂတ် ကတော့ သူ့ရဲ့ ငယ်ဘ၀ က ရိုနယ်ဒို နဲ့ အတူ လေ့ကျင့်ခဲ့တဲ့ ဓါတ်ပုံ ကို ပြန်တင်ကာ မနေ့ညက သူတို့ ၂ ယောက်စလုံး ဂိုးသွင်းယူနိုင်မှု ကို အမှတ်တရ အဖြစ် ဖော်ပြ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR