ယူဗင်တပ် အသင်းဟာ ယမန်နေ့ ညက စီးရီးအေ ပွဲစဉ် အဖြစ် နာပိုလီ အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစားပြီး ၂ – ၁ နဲ့ ရှုံးနိမ့် ခဲ့ ပါတယ် ။
ယူဗင်တပ် အတွက် တိုက်စစ်မှူး မိုရာတာ က အဖွင့်ဂိုး စတင် သွင်းယူ ပေးခဲ့ ပေမယ့်
ဂိုးသမား ဆက်ဇနီ ရဲ့ အမှား အပါအဝင် ၂ ဂိုး ပြန်ပေး ခဲ့ရပြီး အမှတ် ဗလာ နဲ့ အိမ်ပြန် ခဲ့ရ ပါတယ် ။
ဒါဟာ ယူဗင်တပ် ကို ဒီရာသီ စီးရီးအေ အဖွင့် ၃ ပွဲမှာ နိုင်ပွဲ လုံး၀ မရဖြစ်စေ ခဲ့ပြီး ရမှတ် ၁ မှတ် နဲ့ အဆင့် ၁၆ နေရာကို ရောက်ရှိ သွားစေခဲ့ ပါတယ် ။
ယူဗင်တပ် နည်းပြကြီး မက်စ် အယ်လီဂရီ ကတော့ သူတို့ အနေနဲ့ ပါးစပ်ပိတ်ပြီး ပိုကြိုးစားဖို့ ဟာ အကောင်းဆုံး နည်းလမ်း ဖြစ်ပြီး အသင်းအနေနဲ့ လက်ရှိ အခြေအနေ ကနေ နိုးထဖို့ သင့်ပြီလို့ ပွဲအပြီး မှာ ပြောဆို သွားခဲ့ ပါတယ် ။
“အမ်ပိုလီ နဲ့ ပွဲကထက် ပိုဆိုးတဲ့ ခြေစွမ်း နဲ့ ကျွန်တော်တို့ ကစား ခဲ့ကြတာပါ ။
ကိုယ့် အမှားတွေ ကပဲ ကိုယ့်ကို ပြန်ပြီး နာကျင် ခံစားရ စေခဲ့တာပါပဲ ။
အသင်းက နည်းစနစ် ပိုင်းမှာ အားနည်းခဲ့ သလို ဒုတိယပိုင်းမှာ ဘောလုံးတွေ ခနခန ဆုံးရှုံး ခဲ့ရပါတယ် ။
နာပိုလီ ရဲ့ ကစားပုံကတော့ တကယ်ကောင်းခဲ့ တာပါ ။
ကျွန်တော်တို့ ကတော့ အခု ပါးစပ်ပိတ်ပြီး ပိုကြိုးစားဖို့ နည်းလမ်းပဲ ရှိပါတယ်”
“အမှန်ဆိုရင် ၁-၀ နဲ့ ဦးဆောင် နေတဲ့ အချိန်မှာ ဒုတိယဂိုး ကို သွင်းနိုင်ခဲ့ဖို့ သင့်ပါတယ် ။
ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ရဲ့ အမှား တခုစီတိုင်းက ကိုယ့်အတွက် ပြန်ပြီး ဒုက္ခ ရောက်စေမယ့် အရာတွေ ဖြစ်ခဲ့ရ တာပါ ။
ချန်ပီယံလိဂ် မှာ စီးရီးအေ ထက် ပိုကောင်းတဲ့ အဖွင့်တွေ ကို ရဖို့ ကျွန်တော် မျှော်လင့် မိပါတယ် ။
ကောင်လေးတွေ ( အသင်းသားတွေ ) ဆီကနေ အပေါင်း လက္ခဏာဆောင်တဲ့ အရာအချို့ကို မြင်ခဲ့ရပါတယ် ။
သူတို့က လူငယ်လေးတွေပါ ၊ ဒီရှုံးပွဲတွေ က သူတို့ရဲ့ မခံချင်စိတ်ကို နှိုးဆွ ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ။
ကျွန်တော်တို့ နိုးထဖို့ အချိန်တန်ပါပြီ” လို့ အယ်လီဂရီ က ဆိုသွားခဲ့ ပါတယ် ။
ဆက်လက်ပြီး ဒီပွဲမှာ အမှားလုပ်မိ ခဲ့တဲ့ ဂိုးသမား ဆက်ဇ်နီ ကို ဆက်သုံးဦး မှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးလည်း –
“သူက ယူဗင်တပ် ရဲ့ ပထမဦးစားပေး ဂိုးသမားပါ ။ ဒီမတိုင်ခင် ရှေ့ပွဲတွေ မှာ သူ လက်စွမ်း ပြခဲ့တာတွေ ရှိပါတယ် ။
ဒီပွဲ အတွက် အရန်ခုံမှာ လူများများ စားစား မရှိခဲ့ ပါဘူး ။
ကျွန်တော့ အတွက် လူရွေးရ ခက်ခဲ့ပါတယ်” လို့ ယူဗင်တပ် နည်းပြကြီးက ပြောဆို သွားခဲ့ ပါတယ် ။
ပွဲသိမ်း ခရာမှုတ်ပြီးချိန် မှာတော့ ၂ ဘက် အသင်း နည်းပြတွေ အနည်းငယ် အချင်းများ ခဲ့ကြပါတယ် ။ အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး နာပိုလီ နည်းပြ စပါယ်လက်တီ က –
“ကျွန်တော်က သူ့ကို ( အယ်လီဂရီ ) နှုတ်ဆက် မလို့ သွားခဲ့တာပါ ။
သူက မမြင်ချင်ယောင် ဆောင်ပြီး ထွက်သွားခဲ့ ပါတယ် ။
ကျွန်တော့ ဘ၀ မှာ ယူဗင်တပ် ဆိုတိုင်း အမြဲ ရှုံးခဲ့တာပါ ။
အခုမှ တခါတလေလေး နိုင်ဖူးတာပါ ။ ဒါကို သူက အကြီးအကျယ် ခံစားနေရ ပုံပါပဲ” လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
ယူဗင်တပ် အသင်းခေါင်းဆောင် ဂျော်ဂျီယို ချီယာလီနီ ကတော့ ပရိသတ်တွေ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် ကို ပြန်လည် ပြောင်းရွှေ့ သွားတဲ့ ခရစ္စတီယာနို ရိုနယ်ဒို အကြောင်းကို မေ့ပစ် လိုက်ဖို့ သင့်ပြီး လက်ရှိ အသင်းသားတွေ အပေါ်သာ အာရုံစိုက် အားပေး ကြဖို့ တိုက်တွန်း သွားခဲ့ ပါတယ် ။
“ရလဒ်တွေ မကောင်းပါဘူး ။ ဒါပေမယ့် အသင်းကတော့ စုစု စည်းစည်း နဲ့ ရှိနေကြပါတယ် ။
ဒီထက် ပိုကောင်းတဲ့ ရလဒ်တွေနဲ့ ကျွန်တော်တို့ ထိုက်တန် ခဲ့ ပါတယ် ။ ဒါပေမယ့် အခုတော့ အရင်ကထက် ပိုပြီး ကြိုးစား သွားဖို့ပဲ လုပ်စရာ ရှိမှာပါ ။
ဒီရာသီဟာ အရင်ကထက် ခက်ခဲမယ့် ရာသီ ဖြစ်လာ နိုင်တယ် ဆိုတာ ကျွန်တော်တို့ သဘောပေါက် နားလည် ထားကြပါတယ်”
“ခရစ္စတီယာနို ရိုနယ်ဒို လို ကမ္ဘာ့ အဆင့် ကစားသမားမျိုး အသင်းမှာ ရှိလာတဲ့ အခါမျိုးမှာ အသင်း အနေနဲ့ မရည်ရွယ် ဘဲ သူ့အတွက် ကစားပေး ရတာမျိုးတွေ ရှိပါတယ် ။
သူ အသင်းအတွက် လုပ်ပေး ခဲ့တာတွေ အများကြီး ရှိခဲ့ ပါတယ် ။ ဒီအတွက် လေးစားရမှာပါ ။
ဒါပေမယ့် အခု ရိုနယ်ဒို မရှိတော့ ပါဘူး ။ ယူဗင်တပ် ကတော့ ရှိနေ ပါသေးတယ် ။ ကျွန်တော်တို့ ရှေ့ဆက် သွားရမှာပါ ။
အခု ဒီအသင်းက ပေါ်လိုဒိုင်ဘားလား ရဲ့ အသင်း ဖြစ်လာပါပြီ ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ ဒိုင်ဘားလား ဟာ သူ့ရဲ့ ခေါင်းကို နှိမ့်ပြီး အသင်း အတွက် ဦးစားပေးခဲ့ ပါတယ် ။
ဒီအတွက် သူ့ရဲ့ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ ကို ပြန်ပေးဆပ် ခဲ့ရ ပါတယ် ။
အခု သူ့ရဲ့ အချိန် ရောက်လာပါပြီ ။ ကျွန်တော်တို့ အားလုံး သူ့ကို ဝန်းရုံ ပေးရမှာပါ” လို့ ချီယာလီနီ က ပြောဆို သွားခဲ့ ပါတယ် ။
ယူဗင်တပ် ဟာ လာမယ့် အင်္ဂါနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဆွီဒင် ကလပ် မာမို အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ကို သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။
SPORTS MYANMAR