ဟာဗေးအယ်လီယော့ရဲ့ injury update နဲ့ လိဒ်ကို နိုင်ခဲ့တဲ့ပွဲမှာ အဓိကကျခဲ့တဲ့ gameplan ကို ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနေ့ညက လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်း၀တ် ဒဏ်ရာ ရရှိခဲ့တဲ့ ဟာဗေးအယ်လီယော့ရဲ့ ဒဏ်ရာကို နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်သွားရအုံးမယ်လို့ အတည်ပြုလိုက်ပြီး ဒါဟာ ဆိုးရွားတဲ့ ဒဏ်ရာ တစ်ခုလို့ ၀န်ခံသွားခဲ့ပါတယ်။

လီဗာပူးဟာ Elland Road လို ခက်ခဲတဲ့ နေရာမှာ အနိုင်ရခဲ့ပေမယ့်လည်း ဒီရလဒ်ကို ဟာဗေးအယ်လီယော့ရဲ့ ဆိုးရွားတဲ့ ဒဏ်ရာသတင်းက ဖုံးလွှမ်းသွားခဲ့ပြီး အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ လိဒ်နောက်ခံလူ ပါစကယ်စတောက်ရဲ့ heavy challenge ကြောင့် ခြေကျိုးသွားခဲ့တာ ဖြစ်ပါတယ်။

အယ်လီယော့ရဲ့ ဒဏ်ရာ အခြေအနေကို မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် မိုဟာမက်ဆာလားဟာ လီဗာပူးရဲ့ physios တွေ အမြန်ဆုံး ကုသမှု ပေးရန် အတွက် အရန်ခုံတန်းကို အရေးပေါ် အချက်ပေးခဲ့ကာ တစ်ကွင်းလုံးက လူတွေလည်း shock ဖြစ်ခဲ့ကြပါတယ်။ ဒီ challenge ကြောင့် စတောက်ဟာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပြီး အယ်လီယော့ ကတော့ ထမ်းစင်နဲ့ ကွင်းထဲကနေ ထွက်ခွာ သွားခဲ့ကာ ဆေးရုံကို တန်းပို့ခဲ့ပါတယ်။ အဲဒီနောက် အယ်လီယော့ဟာ ပွဲမပြီးခင်မှာ သူ့ရဲ့ အင်စတာဂမ် အကောင့်ကနေ လက်မထောင်ပြပြီး ‘မက်ဆေ့ခ်ျ စကားတွေ အတွက် ကျေးဇူးတင်ပါတယ်။ Recovery စတင်ပါပြီ။’ ဆိုတဲ့ ပို့စ်ကို တင်သွားခဲ့ပါတယ်။

ပွဲပြီးသတင်းစာ ရှင်းလင်းပွဲမှာ ကလော့က “ပထမဦးဆုံး ပြောချင်တာကတော့ ဒါဟာ ကျွန်တော် နှစ်သက်တဲ့ အင်စတာဂမ်ပို့စ်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲ ဒီလို ပို့စ်ကို တင်လိုက်တာကို ကြည့်ခြင်းအားဖြင့် သူဟာ တအား နာကျင်မှု မရှိတော့ဘူးဆိုတာ ပြသလိုက်တာပါပဲ။ ဒါဟာ အရမ်း ကောင်းတဲ့ သတင်း ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံး သူ ဘယ်လို ဒဏ်ရာ ရသွားခဲ့သလဲ ဆိုတာကို မြင်ခဲ့ရမှာပါ။ သူ့ရဲ့ ခြေကျင်း၀တ်ဟာ ပုံမှန်နေရာမှာ ရှိမနေတော့ပါဘူး။ ဆေးအဖွဲ့ဟာ နေရာမှန်ကို ပြန်ရောက်အောင် လုပ်ပေးခဲ့ပါတယ်။ ဒီအချိန်မှာ ဒါကို လျှင်မြန်စွာ လုပ်ပေးနိုင်တာဟာ အရမ်းကို အရေးကြီးပါတယ်။ ဒါကလွဲပြီး သူ့ရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး ပြောစရာ သတင်းကောင်းက မရှိပါဘူး။ ဒါဟာ ဆိုးရွားတဲ့ ဒဏ်ရာ တစ်ခုပါ။ ကျွန်တော်တို့ နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ စကန်ဖတ် စစ်ဆေးတာတွေ ပြုလုပ်တာကို စောင့်ဆိုင်းသွားရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ လုပ်ရမယ့် အပိုင်းပါပဲ။” လို့ ပြောသွားပါတယ်။

ဆက်လက်ပြီး ကလော့က သူ့အနေနဲ့ လိဒ်ကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ gameplan ကို အတိအကျ အကောင်အထည် ဖော်သွားခဲ့တဲ့ လီဗာပူး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး အလွန် အားရလျက် ရှိနေတယ်လို့ ဆိုသွားပါတယ်။

ကလော့က “ကျွန်တော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ သူတို့ကို မှန်ကန်တဲ့ နေရာလွတ်တွေကို ကျွန်တော်တို့ ရဲရင့်စွာ ကာကွယ်ခဲ့ပါတယ်။ မဟုတ်ဘူးဆိုရင် သူတို့ရဲ့ တိုက်စစ် ကစားသမားတွေဆီ ဘောလုံးတွေ တောက်လျှောက် ရောက်နေပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ အိုင်ဒီယာ ကတော့ ကယ်ဗင်ဖီးလစ်ဆီ ပေးပို့မယ့် ဘောလုံးလမ်းကြောင်း တွေကို ဖြတ်တောက်ပစ်တာ ပါပဲ။

သူတို့ ပုံမှန် လိုချင်တဲ့ passes တွေကို ဖြတ်တောက်ပစ်တာ ၊ ဖီးလစ်ဆီကို ပေးပို့မယ့် ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်နိုင်တာ အရေးကြီးလှပါတယ်။ ဒါဟာ သူတို့ရဲ့ gameplan ကို အနည်းငယ်တော့ အားနည်းသွားစေပါတယ်။ ကျွန်တော်တို့ ကတော့ ဒီအတွက် ဘောလုံးတွေ အများကြီး ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ကျွန်တော်တို့ဟာ စွန့်စားကစားမှုတွေ လုပ်ခဲ့ပြီး တိုက်စစ်မှုးတွေဟာ နေရာလွတ်တွေ ကောင်းကောင်း အသုံးချခဲ့ပါတယ်။

လိဒ်နဲ့ကစားတဲ့ နေရာမှာ ထိန်းကစားနေလို့ မရပါဘူး။ Intensity မရှိဘဲ သူတို့ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အနည်းငယ် အသာရဖို့ အတွက် ကျွန်တော်တို့ ကွင်းထဲမှာ အစွမ်းကုန် အားထုတ်ရပါတယ်။ ကျွန်တော်တို့ ဒီလို လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီပွဲနဲ့ ပက်သက်ပြီး ကျွန်တော် အကြိုက်ဆုံးအရာပါပဲ။ ဒါဟာ အရမ်းကို ကစားဖို့ ခက်ခဲတဲ့ နေရာပါ။ အသင်းရဲ့ကစားပုံနဲ့ ပက်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။” လို့ ပြောလိုက်ပါတယ်။

SM