နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာတော့ ရီးရဲ မက်ဒရစ် ဟာ ဆယ်လ်တာဗီဂို အသင်းကို ၅ – ၂ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ ဒီပွဲမှာ တိုက်စစ်မှူးကြီး ဘန်ဇီးမား ဟက်ထရစ် သွင်းခဲ့သလို ကစားသမားသစ်လေး အက်ဒွာဒို ကာမာဗင်ဂါ လည်း ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ ပါတယ် ။ ရီးရဲ ဟာ ဒီပွဲ ကို ပြုပြင် မွမ်းမံလို့ ပြီးသွားတဲ့ ဘာနေဗျူး ကွင်းကြီးထဲမှာ ပြန်လည် ကစားခဲ့ တာပဲ ဖြစ် ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာလည်း အက်စပန်ညို အသင်းကို နောက်ကနေ လိုက် ကစားခဲ့ပြီး ၉၀+၉ မိနစ် သွင်းဂိုး နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် ဟာ ဆမ့်ဒိုးရီးယား နဲ့ အဝေးကွင်းမှာ ၂ ဂိုးစီ သရေကျ ခဲ့ပြီး ရိုးမား ကတော့ နည်းပြကြီး မော်ရင်ဟို ရဲ့ ထောင်ပြည့်ပွဲမှာ ၂-၁ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

အေစီမီလန် ကလည်း လာဇီယို ကို ၂ – ၀ နဲ့ နိုင်ခဲ့ပြီး ဇလာတန် က ၁ ဂိုး သွင်းယူပေး ခဲ့ ပါတယ် ။ လာဇီယို တိုက်စစ်မှူးကြီး အင်မိုဘီလီ ဟာ ပွဲမစခင် သွေးပူလေ့ကျင့် နေချိန်မှာ သူကန်လိုက်တဲ့ ဘောလုံး ထိမှန် ခဲ့တဲ့ ပရိသတ် ကို ပွဲ အပြီးမှာ သူ့ရဲ့ ဂျာစီကို လက်ဆောင် ပေးခဲ့တယ် လို့ သိရ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကတော့ ဒူးဒဏ်ရာ ကြောင့် ၃ လ ကနေ ၄  လ အထိ အနားယူ ရနိုင်ဖွယ် ရှိလာခဲ့တယ် လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ရဲ့ နောက်ဆုံး အချိန် မှာ ကွင်းလယ်လူ ရော့စ် ဘာကလေ ကို ဝက်စ်ဘရွန်း အသင်းထံ ရောင်းထုတ် ဖို့ ကြိုးစား ဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တယ် လို့ သိရ ပါတယ် ။ ဝက်စ်ဘရွန်း ဟာ ဘာကလေ ရဲ့ တပတ် လုပ်ခ ပေါင် ၁၁၀၀၀၀ ကို ပေးချေဖို့ မတတ် နိုင်ခဲ့ဘူးလို့ သိရ ပါတယ် ။

ယမန်နေ့က ကျင်းပ ခဲ့တဲ့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ မှာ ဗြိတိန် အကျော် အမော် လူးဝစ် ဟာမီလ်တန် ဟာ ပြိုင်ဘက် ကားမောင်းသမား ဗာစတပ်ဖန် ရဲ့ ကားနဲ့ တိုက်မိ ခဲ့ပြီး ၂ ဦး စလုံး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရ ပါတယ် ။ ဗာစတပ်ဖန် ရဲ့ ကားဟာ ဟာမီလ်တန် ရဲ့ ကားပေါ် ကို တက်နင်းသွားခဲ့တာ ဖြစ်ပြီး အကာအကွယ် ဖရိမ်တွေသာ မရှိခဲ့ဘူး ဆိုရင် ဟာမီလ်တန် ရဲ့ ခေါင်းကို ကားနောက်ဘီးနဲ့ နင်းမိ သွားနိုင်တဲ့ အထိ အန္တရာယ် ကြီးမား ခဲ့တာပဲ ဖြစ် ပါတယ် ။

ဒီကနေ့ မနက်ပိုင်းမှာ ကစားသွား ခဲ့တဲ့ US Open အမျိုးသား တင်းနစ် ပြိုင်ပွဲ ရဲ့ ဗိုလ်လုပွဲ မှာတော့ ရုရှ တင်းနစ် ကစားသမား ဒါနီလ် မီဒပ်ဒပ်ဗ် ဟာ ကမ္ဘာ့ အဆင့် ၁ ကစားသမား ဂျိုကိုဗစ် ကို အနိုင်ယူပြီး ချန်ပီယံ ဆုကို ဆွတ်ခူး ရရှိ သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

ဗီလာ အသင်းရဲ့ လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင် နေတဲ့ ဂျွန်တယ်ရီ ဟာ ခရစ်ဟောက်တန် ကို ထုတ်ပယ်ဖို့ နီးစပ် နေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်း ရဲ့ နည်းပြ ရာထူးကို စိတ်ဝင်စားမှု ရှိနေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR