ချန်ပီယံလိဂ် အုပ်စု အနေအထားများ – အုပ်စု A ၊ အုပ်စု B

၂၀၂၁ – ၂၀၂၂ ဘောလုံး ရာသီရဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ကတော့ ဒီကနေ့မှာပဲ စတင်ခဲ့ ပါပြီ ။

UEFA လက်အောက်မှာ ရှိတဲ့ ကလပ် အသင်းပြိုင်ပွဲတွေ ထဲက အမြင့်ဆုံး ဖြစ်တဲ့ ဒီချန်ပီယံလိဂ် ကို ကလပ် ပေါင်း ၃၂ သင်းက အပြိုင် လုကြတော့ မှာပါ ။

ပြီးခဲ့တဲ့ ရာသီ တုန်းကတော့ ချဲလ်ဆီး နဲ့ မန်စီးတီး တို့ All-English Final အဖြစ် ဆုံတွေ့ ခဲ့ကြပြီး ချဲလ်ဆီး က အနိုင်ရ ဗိုလ်စွဲ သွားခဲ့ ပါတယ် ။

ဒီရာသီ မှာတော့ အသင်းတိုင်းဟာ နွေရာသီ အပြောင်းအရွှေ့ အတွင်းက ပြင်ဆင် အားဖြည့်မှုတွေနဲ့ ရည်မှန်းချက် ကိုယ်စီ အတွက် တိုက်ပွဲ ဝင်ကြတော့မှာပါ ။

ဒါကြောင့် ဒီကနေ့မှာ စတင် တာထွက်တော့မယ့် ချန်ပီယံလိဂ် ပြေးပွဲရှည်ကြီး ရဲ့ အုပ်စု အဆင့် အနေအထားတွေ ၊ ပါဝင်တဲ့ အသင်းတွေ ၊ သမိုင်းကြောင်းတွေ နဲ့ အလားအလာတွေ ကို ဖော်ပြ ပေးလိုက်ရ ပါတယ် . . .

Group – A : PSG, Man City, Club Brugge, RB Leipzig

PSG

လက်ရှိ ဥရောပ ကလပ် အဆင့် – ၈

အမြင့်ဆုံး အောင်မြင်မှု – ဒုတိယ ၁ ကြိမ် ( ၂၀၂၀ )

နည်းပြ – ပိုချက်တီနို

PSG ရဲ့ မနှစ်က လူအင်အား ကိုက ချန်ပီယံလောင်း စာရင်းထဲ ဝင်နေတာပါ ။ နွေရာသီမှာ မက်ဆီ ၊ ရာမိုစ့် တို့ အဖွဲ့ ရောက်လာမှု ကတော့ ဒီ ရေပန်းစားမှု ကို ပိုလို့ အားကောင်း သွားစေခဲ့ ပါတယ် ။ အုပ်စု အဆင့် ကတော့ PSG အတွက် ဘာ အခက်အခဲမှာ ရှိစေမှာ မဟုတ်ပါဘူး ။ မန်စီးတီး နဲ့ ကစားမယ့် ပွဲတွေက အုပ်စု နေရာ အတွက် အဆုံးအဖြတ် ပေးသွားမှာပါ ။

အဓိက ကစားသမား – အမ်ဘာပေ

စောင့်ကြည့်ရမည့် ကစားသမား – မက်ဆီ

ကလပ် ဘရုဂေး နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

နာဗက်စ်

ဟာခီမီ ၊ မာကွင်ဟိုစ့် ၊ ကင်ပမ်ဘီ ၊ ဒါနီလို

ဟာရဲရား ၊ ဒါနီလို ပါရဲရား ၊ ဝိုင်နယ်ဒမ်

မက်ဆီ ၊ ဘာပေ ၊ နေမာ

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – ဒက်ဂျ်ဘာ ၊ ဒီမာရီယာ ၊ ဂူအိုင်း ၊ ခွာဇာဝါ ၊ ဗာရက်တီ ၊ ရာမိုစ့်

Man City

လက်ရှိ ဥရောပ ကလပ် အဆင့် – ၃

အမြင့်ဆုံး အောင်မြင်မှု – ဒုတိယ ၁ ကြိမ် ( ၂၀၂၁ )

နည်းပြ – ပက် ဂွာဒီယိုလာ

ပြည်တွင်းမှာ အမှတ်ပေး ချန်ပီယံ ဆုတွေကို ၅ နှစ် အတွင်း ၃ ကြိမ် ရယူ နိုင်ခဲ့ ပေမယ့် ဂွာဒီယိုလာ ရော မန်ချက်စတာ စီးတီး ပါ မချင့်မရဲ ဖြစ်နေတုန်းပါပဲ ။

ဒီနှစ်တွေ မှာ စီးတီး ရဲ့ ဥရောပ ပြိုင်ပွဲ အဆင့်တွေ တဖြည်းဖြည်း တိုးတက် ကောင်းမွန် လာခဲ့တာကိုတော့ ငြင်းလို့ မရပါဘူး ။

ဒီနှစ် မှာလည်း ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းစာရင်းထဲ ပါဝင် နေပါတယ် ။

အုပ်စု အနေအထားအရတော့ နောက်တဆင့် အတွက် စိတ်ပူစရာ မရှိပါဘူး ။

ပထမလား ၊ ဒုတိယလား ဆိုတာကတော့ PSG နဲ့ ပွဲတွေက အဆုံးအဖြတ် ပေးသွားမှာပါ ။

အဓိက ကစားသမား – ကယ်ဗင် ဒီဘရိုင်းနား

စောင့်ကြည့်ရမည့် ကစားသမား – ဂျက် ဂရီလစ်ရှ်

လိုက်ပ်ဇစ် နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

အီဒါဆင်

ဝေါ်ကာ ၊ စတုန်း ၊ ရူဘင် ဒီယာ့စ် ၊ ကန်ဆယ်လို

ဂွန်ဒိုအမ် ၊ ရိုဒရီ ၊ ဒီဘရိုင်းနား

မာရက်ဇ် ၊ တောရက်စ် ၊ ဂရီလစ်ရှ်

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – စတပ်ဖန် ( ကိုဗစ် )

Leipzig

လက်ရှိ ဥရောပ အဆင့် – ၂၁

အမြင့်ဆုံးအောင်မြင်မှု – ဆီမီးဖိုင်နယ် ( ၂၀၂၀ )

နည်းပြ – ဂျက်ဆီ မာ့စ်ချ်

အဓိက ကစားသမား – ဒါနီ အိုလမို

စောင့်ကြည့်ရမည့် ကစားသမား –  အန်ဒရီ ဆေးလ်ဗား ( တိုက်စစ်မှူး )

အလားအလာ – ယူရိုပါလိဂ် ဝင်ခွင့်

မန်စီးတီးနဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း –

ဂူလာဆစ်

ကလိုစတာမန်း ၊ အော်ဘန် ၊ ဆီမာကန် ၊ အန်ဟဲလီနို

လီမာ ၊ ဟိုင်ဒါရာ ၊ ဇိုဘိုစ့်ဇလိုင်း ၊ အိုလမို ၊ အန်ကွန်ကူ

အန်ဒရီ ဆေးလ်ဗား

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – ဟယ်လ်စတန်ဘတ် ၊ ဆာရာချီ

Club Brugge

လက်ရှိ ကလပ် အသင်း အဆင့် – ၄၁

အမြင့်ဆုံးအောင်မြင်မှု – ဒုတိယ ( ၁၉၇၈ )

နည်းပြ – ဖိလစ်ပီ ကလီမန့်

အဓိက ကစားသမား – နိုအာလန်း

စောင့်ကြည့်ရမည့်သူ –  အိုဝင် အိုတာဆိုဝီ ( ကွင်းလယ်လူ )

အလားအလာ – အုပ်စု အဆင့်

Group – B : AC Milan, Liverpool, Atletico Madrid, Porto

AC Milan

လက်ရှိ ဥရောပ ကလပ် အသင်း အဆင့် – ၅၃

ဥရောပ အောင်မြင်မှု – ချန်ပီယံ ၇ ကြိမ် ( ၁၉၆၃ ၊ ၁၉၆၉ ၊ ၁၉၈၉ ၊ ၁၉၉၀ ၊ ၁၉၉၄ ၊ ၂၀၀၃ ၊ ၂၀၀၇ )

နည်းပြ – စတီဖာနို ပီယိုလီ

အေစီမီလန် ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက စီးရီးအေ မှာ ဒုတိယ ရရှိပြီး အုပ်စု အဆင့်ကို တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါဟာ နှစ်ပေါင်းများစွာ ဝေးကွာ နေတဲ့ ချန်ပီယံလိဂ် ကို ပြန်လည် ဝင်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး အသင်းအတွက် ကြီးမားတဲ့ စွမ်းဆောင်မှု ဖြစ်စေခဲ့ ပါတယ် ။

မနှစ်တုန်းက အေစီမီလန် ဟာ ယူရိုပါလိဂ် မှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ၁၆ သင်း အဆင့်မှာ မန်ချက်စတာ ယူနိုက်တက် ကို အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။ ဒီနှစ် မှာလည်း အုပ်စုကြပ်ထဲ ကျရောက် နေကာ လီဗာပူး ၊ အက်သလက်တီကို မက်ဒရစ် တို့ကို ကျော်ဖြတ် နိုင်ဖို့ အလားအလာ နည်းပါး နေပါတယ် ။ ယူရိုပါလိဂ် ဝင်ခွင့် အတွက် ပေါ်တို နဲ့ အဓိက ယှဉ်ပြိုင် ရမှာပါ ။

အဓိက ကစားသမား – ဇလာတန် အီဘရာဟီမိုဗစ်ချ်

အသက် ၃၉ နှစ် ရှိနေပေမယ့် ဂိုးသွင်းမှန်နေဆဲ ဖြစ်တဲ့ ဆွီဒင် သားကြီးဟာ အေစီမီလန် တိုက်စစ် ရဲ့ အားထားရသူ ဖြစ်နေဆဲပါပဲ ။ ဇလာတန် ဟာ အေစီမီလန် အတွက် ဂိုးသွင်းရုံသာမက ဦးဆောင်မှု ကိုလည်း ပေးစွမ်းနိုင်သူပါ ။

စောင့်ကြည့်ရမည့် ကစားသမား – အိုလီဗာ ဂျီရူး

နွေရာသီက အေစီမီလန် ကို ရောက်လာတဲ့ ချဲလ်ဆီး နဲ့ အာဆင်နယ် တိုက်စစ်မှူးကြီးဟာ ဇလာတန် လို ပွဲတိုင်း ဝင် ကစားပေးပြီး ဂိုးတွေ ပုံမှန် သွင်းပေးတဲ့ တိုက်စစ်မှူးမျိုး မဟုတ်ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ ဂိုးလာဘ် ရှိမှု ၊ အသင်း အတွက် လိုအပ်ချိန် မှာ အမြဲတမ်း ရှိနေပေးမှုတွေ ဟာ လန်ဒန် ကလပ် အသင်း အတွက် အဖိုးတန် အရန်လူ အဖြစ် ရှိစေခဲ့ ပါတယ် ။ မီလန် မြို့ ကလပ် မှာလည်း ဒီလို စွမ်းဆောင်ရည် နဲ့ ကံကောင်းမှုတွေကို ဂျီရူး ဆောင်ယူပေး နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

လီဗာပူး နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

မစ်ဂ်နန်

ကာလာဘရီယာ ၊ တိုမိုရီ ၊ ခါဂျာ ၊ ဟာနန်ဒက်ဇ်

ဘန်နန်ကာ ၊ ကက်ဆီ ၊ ဆယ်လီမီကာ ၊ ဘရာဟင် ဒီယာ့ဇ်

အန်တီ ရီဘစ် ၊ ဇလာတန်

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – ကရူနစ် ၊ ဘာကာယိုကို

Liverpool

လက်ရှိ ဥရောပ ကလပ်အသင်း အဆင့် – ၉

ဥရောပ အောင်မြင်မှု – ချန်ပီယံ ၆ ကြိမ် ( ၁၉၇၇ ၊ ၁၉၇၈ ၊ ၁၉၈၁ ၊ ၁၉၈၄ ၊ ၂၀၀၅ ၊ ၂၀၁၉ )

နည်းပြ – ယာဂင်ကလော့

ဥရောပ ရဲ့ အစဉ်အလာ ကြီးမားတဲ့ လီဗာပူး အနေနဲ့ ဒီလိုအုပ်စု မှာ ကျရောက်ရတာ ကို ငြီးတွား နေမှာ မဟုတ်ပါဘူး ။

အေစီမီလန် ၊ ပေါ်တို တို့ဟာ ချန်ပီယံဟောင်းတွေ ဖြစ်ပေမယ့် လက်ရှိ အစုအဖွဲ့ အရ လီဗာပူး ကို အခက်တွေ့စေဖို့ နည်းပါတယ် ။

အုပ်စု ပထမ နေရာအတွက် အက်သလက်တီကို မက်ဒရစ် နဲ့သာ အဓိက ယှဉ်ရမှာပါ ။

အဓိက ကစားသမား – မိုဟာမက် ဆာလာ

ပြီးခဲ့တဲ့ ပွဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်သွားတဲ့ အီဂျစ် နတ်ဘုရား ဟာ လီဗာပူး ရဲ့ အဓိက အားထားရတဲ့ ကစားသမား ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး ။

ဒီရာသီမှာ မာနေး အကျဘက် နည်းနည်း ရောက်နေပေမယ့် ဆာလာ ဆီက သွင်းဂိုး နဲ့ စွမ်းဆောင်မှုတွေ ကတော့ အရင်တုန်းက အတိုင်း ရနေတုန်းပါပဲ ။

ဒီနှစ် ချန်ပီယံလိဂ် မှာလည်း ဆာလာ ရဲ့ သွင်းဂိုးတွေက လီဗာပူး ကို နောက်တဆင့်ရောက်အောင် ခေါ်ဆောင် ပေးသွားဦးမှာပါ ။

စောင့်ကြည့်ရမည့် ကစားသမား – ဒီယေဂို ဂျိုတာ

မနှစ်က ထက် နေရာပိုရလာပြီး ဆာလာ ၊ မာနေး တို့နဲ့ ပွဲ အတွဲ မိလာတာဟာ ဒီယေဂို ဂျိုတာ ကို လီဗာပူး ရဲ့ နောက်ဆုံးပေါ် သူရဲကောင်း ဖြစ်လာစေခဲ့ ပါတယ် ။

ဒါပေမယ့် ဥရောပ ပြိုင်ပွဲ ဆိုတာ ဂျိုတာ အရင်က ကစားခဲ့တဲ့ ပြိုင်ပွဲတွေ နဲ့ လုံး၀ ခြားနားတဲ့ အရာပါ ။

မနှစ်က ဒီအတွေ့ အကြုံကို ဂျိုတာ ကောင်းကောင်း မရဲ့ပါဘူး ။

ဒီနှစ် မှာတော့ အုပ်စုအဆင့်မှာတင် နှဖူးတွေ့ ဒူးတွေ့ ကြုံရတော့မှာပါ ။ ပေါ်တူဂီသားလေး ဘယ်လောက် အစွမ်းပြနိုင်မလဲ စောင့်ကြည့်ရမှာပါပဲ ။

အေစီမီလန် နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

အဲလစ်ဆွန်

အာနိုး ၊ ဗန်ဒိုက် ၊ မာတစ် ၊ ရောဘတ်ဆန်

ဟန်ဒါဆန် ၊ ဖာဘင်ဟို ၊ သီယာဂို အယ်ကန်ထရာ

ဆာလာ ၊ ဂျိုတာ ၊ မာနေး

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – မီနာမီနို ၊ အီးလီးယော့ ၊ ဖာမီနို ၊ နီကို ဝီလ်ယံ

Atletico Madrid

လက်ရှိ ဥရောပ ကလပ် အသင်း အဆင့် – ၆

အမြင့်ဆုံး ဥရောပ အောင်မြင်မှု – ဒုတိယ ၃ ကြိမ် ( ၁၉၇၄ ၊ ၂၀၁၄ ၊ ၂၀၁၆ )

နည်းပြ – ဒီယေဂို ဆီးမြွန်းနီ

စပိန် ချန်ပီယံ အဖြစ် နဲ့ အုပ်စု အဆင့်ကို မဲအိုး နံပါတ် ၁ ကနေ ပါဝင် နိုင်ခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အတွက်တော့ ဒီနှစ် ချန်ပီယံလိဂ် ဟာ စကတည်းက ယဉ်သကို ဆိုသလို မရဏ အုပ်စု ထဲ ကျရောက်မှုနဲ့ စတင်ခဲ့ ပါတယ် ။

ဒီတပတ် မှာတော့ အုပ်စုအတွင်းက အင်အားအနည်းဆုံးလို့ သတ်မှတ် ထားတဲ့ ပေါ်တိုနဲ့ သူတို့ ရင်ဆိုင် ရမှာပါ ။

ရာသီတိုင်းမှာ ကျစ်လျစ်မာကျောမှုကို ပြသ နိုင်ခဲ့တဲ အက်သလက်တီကို မက်ဒရစ် ဟာ ဒီနှစ် မှာလည်း ဂရစ်ဇ်မန်း ပြန်ရောက်လာမှု နဲ့ အတူ ပိုမို အားကောင်းလာမှာ အသေအချာပါပဲ ။

မမျှော်လင့်ထားတဲ့ ရလဒ်တွေသာ ဖြစ်မလာဘူး ဆိုရင် အေတီကို တို့ အုပ်စုကနေ နောက်တဆင့်ကို သေချာပေါက် တက်နိုင်မှာပါ ။ အုပ်စု ဗိုလ် လား ဒုတိယလား ဆိုတာကတော့ လီဗာပူး နဲ့ အဓိက ယှဉ်ရမှာပါပဲ ။

အဓိက နဲ့ စောင့်ကြည့်ရမယ့် ကစားသမား – အန်တွိုင် ဂရစ်ဇ်မန်း

အသင်းကို တကျော့ပြန် ရောက်လာတဲ့ ဂရစ်ဇ်မန်း ကို အေတီကို မက်ဒရစ် က နွေးနွေးထွေးထွေး ကြိုဆို နေဆဲပါပဲ ။ အသင်းမှာ ရှိခဲ့တုန်းက ဂိုး ၁၀၀ ကျော်သွင်း ခဲ့တဲ့ ဂရစ်ဇ်မန်း တယောက် နောက်တကျော့ ပြန် စွန့်စားခန်း မှာ ဘယ်လောက်ထိ စွမ်းဆောင် ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ။

ပေါ်တိုနဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် ရှိတဲ့ လူစာရင်း –

အိုဘလက်

လော်ရန်တေး ၊ ဖိလစ်ပီ ၊ ဂျီမီနက်ဇ် ၊ ဟာမိုဆို

ကိုကီ ၊ ဒီပေါလ် ၊ လီမာ ၊ ကာရက်စ်ကို

ဆွာရက် ၊ ဂရစ်ဇ်မန်း

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – ဆာဗစ် ( ပွဲပယ် )

Porto

လက်ရှိ ဥရောပ ကလပ်အသင်း အဆင့် – ၁၆

အမြင့်ဆုံး အောင်မြင်မှု – ချန်ပီယံ ၂ ကြိမ် ( ၁၉၈၇ ၊ ၂၀၀၄ )

နည်းပြ – ဆာဂျီယို ကွန်ဆီကာအို

အဓိက ကစားသမား – အိုတာဗီယို

စောင့်ကြည့်ရမယ့် ကစားသမား – လူးဝစ် ဒီယာ့ဇ် ( ရှေ့တန်း ၊ တောင်ပံ )

အုပ်စု အလားအလာ – ယူရိုပါလိဂ် ဝင်ခွင့် ( သို့ ) အုပ်စု နောက်ဆုံး

အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

ဒီယေဂို ကော်စတာ

ဂျာအိုမာရီယို ၊ ပီပီ ၊ မာကာနို ၊ မာနာဖာ

ကော်ရိုနာ ၊ ရီဘီ ၊ ဆာဂျီယို အိုလီဗီယာရာ ၊ အိုတာဗီယို

ဒီယာ့ဇ် ၊ တာရီမီ

ဒဏ်ရာ နဲ့ လွဲချော်မည့်သူများ – မာချီဆင်း

SPORTS MYANMAR