ချန်ပီယံလိဂ် အုပ်စု အနေအထားများ – အုပ်စု C ၊ အုပ်စု D ၊ အုပ်စု E

Group C – Ajax, Besiktas, Dortmund, Sporting

 

Dortmund

လက်ရှိ ဥရောပ အသင်းအဆင့် – ၁၄

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၁ ကြိမ် ( ၁၉၉၇ )

နည်းပြ – မာကို ရိုစ့်

အုပ်စု အနေအထား အရတော့ ဒေါ့မွန် က အခြား အသင်းတွေထက် အလေးသာနေ မှာပါ ။ အိုင်ယက်စ် ၊ ဘက်ဆစ်တပ် နဲ့ စပို့တင်း တို့ဟာ သူတို့ပြည်တွင်း လိဂ်တွေ မှာ အသင်းကြီးတွေ ၊ ချန်ပီယံတွေ ဆိုပေမယ့် ဒေါ့မွန် ကို ကျော်ပြီး အုပ်စု ပထမ ရဖို့ ကတော့ လွယ်ကူမှာ မဟုတ်ပါဘူး ။ ဒေါ့မွန် ကလည်း အုပ်စု ပထမ ရမှသာ ပိုကောင်းတဲ့ အနာဂါတ်ကို မျှော်မှန်း နိုင်ချေ ရှိတာကြောင့် အမှားမခံဘဲ သေချာ ကစားသွားမှာပါ ။

 

အဓိက ကစားသမား – အာလင်းဟာလန်း

စောင့်ကြည့်ရမည့် ကစားသမား – ဒွန်ယဲ မာလန် ( တောင်ပံ ကစားသမား )

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – သော်ဂန် ဟာဇက် ၊ ကူလီဘာလေ ၊ အမ်မရီ ကန် ၊ ရှူးလ်ဇ် ၊ ရှမဲဇာ ၊ ဂျီယို ရေနာ ၊ ဇာကာဒူ

 

Ajax

လက်ရှိ ဥရောပ အသင်းအဆင့် – ၁၇

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၄ ကြိမ် ( ၁၉၇၁ ၊ ၁၉၇၂ ၊ ၁၉၇၃ ၊ ၁၉၉၅ )

နည်းပြ – အဲရစ် တန်ဟတ်

အဓိက ကစားသမား – ဒူဆန် တာဒစ်

 

စောင့်ကြည့်ရမည့် ကစားသမား – ရိုင်ယန် ဂရာဗန်ဘရတ်ချ်

အလားအလာ – ၁၆ သင်း အဆင့်

 

Besiktas

လက်ရှိ ဥရောပ အသင်းအဆင့် – ၃၀

အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ်

နည်းပြ – ဆာဂျန် ယဲ့ဆင်

အဓိက ကစားသမား – ရစ်ချတ် ဂဇဲလ်

စောင့်ကြည့်ရမည့် ကစားသမား – အာဆင်း ဒက်စနို ဂလူး

အလားအလာ – ယူရိုပါလိဂ် ဝင်ခွင့် ( သို့ ) အုပ်စု အောက်ဆုံး

 

Sporting CP

လက်ရှိ ဥရောပ အသင်းအဆင့် – ၃၂

အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ်

နည်းပြ – ရူဘင် အမိုရင်

အဓိက ကစားသမား – ဆီဘတ်စတီယန် ကော့တက်စ်

စောင့်ကြည့်ရမည့် ကစားသမား – ပါဘလို ဆာရာဘီယာ

အလားအလာ – အဆင့် ၂ ( သို့ ) ၃

 

 

Group D – Inter Milan, Real Madrid, Shakhtar Donesk, Sheriff

 

Inter Milan

လက်ရှိ ဥရောပ အသင်းအဆင့် – ၂၆

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၃ ကြိမ် ( ၁၉၆၄ ၊ ၁၉၆၅ ၊ ၂၀၁၀ )

နည်းပြ – ဆီးမြွန်းနီ အင်ဇာဂီ

 

အဓိက ကစားသမား – လူတာရို မာတီနက်

စောင့်ကြည့်ရမည့် ကစားသမား – ဒီဇစ်ကို

 

ရီးရဲ မက်ဒရစ် နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

ဟန်ဒါနိုဗစ်

စကရီနီယာ ၊ ဒီဗာ့ဂျ် ၊ ဘတ်စတိုနီ

ဒါမီယန် ၊ ဘာရယ်လာ ၊ ဘရိုဇိုဗစ် ၊ ကယ်ဟာနို ဂလူး ၊ ပါရီဆစ်

ဒီဇစ်ကို ၊ လူတာရို မာတီနက်

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – ဆန်ဆီ

 

Real Madrid

လက်ရှိ ဥရောပ အသင်းအဆင့် – ၂

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၁၃ ကြိမ် ( ၁၉၅၆ ၊ ၁၉၅၇ ၊ ၁၉၅၈ ၊ ၁၉၅၉ ၊ ၁၉၆၀ ၊ ၁၉၆၆ ၊ ၁၉၉၈ ၊ ၂၀၀၂ ၊ ၂၀၁၄ ၊ ၂၀၁၆ ၊ ၂၀၁၇ ၊ ၂၀၁၈ )

နည်းပြ – အန်ဆယ်လော့တီ

 

မနှစ်က ရီးရဲ တို့ ထင်မှတ်ထားတာထက် ပိုပြီး စွမ်းဆောင် နိုင်ခဲ့ ပါတယ် ။ ဒီနှစ် မှာတော့ လူအင်အား ပိုကောင်း လာသလို ဗီနီဆီယပ် တို့ကလည်း အားထားရတဲ့ အနေအထားကို ရောက်လာခဲ့ပါပြီ ။ နည်းပြ အန်ဆယ်လော့တီ ကလည်း ဥရောပ ဝါရင့် နည်းပြ တယောက်ပါ ။ အုပ်စု ပထမ နေရာကို မယူ နိုင်ဘူး ဆိုရင်တော့ ရီးရဲ နဲ့ အန်ဆယ်လော့တီ ကို အမှတ်လျော့ ရမှာပါပဲ ။

အဓိက ကစားသမား – ဘန်ဇီးမား

စောင့်ကြည့်ရမည့် ကစားသမား – ဗီနီဆီယပ် ဂျူနီယာ

 

အင်တာမီလန် နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

ကော့တွိုက်

ကာဗာရယ် ၊ မီလီတို ၊ အလာဘာ ၊ ဂူတာရက်ဇ်

ဗယ်ဗာဒီ ၊ ကက်စမဲရိုး ၊ မိုဒရစ်

ဟာဇက် ၊ ဘန်ဇီးမား ၊ ဗီနီဆီယပ်

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – ကရူးစ် ၊ ဆီဘယ်လော့ ၊ မာဆယ်လို ၊ မန်ဒီ ၊ ဘေးလ်

 

Shakhtar Donesk

လက်ရှိ ဥရောပ အသင်းအဆင့် – ၁၈

အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ်

နည်းပြ – ရော်ဘတ်တို ဒီ ဇာဘီ

အဓိက ကစားသမား – မာလွန်

စောင့်ကြည့်ရမည့် ကစားသမား – လက်ဆာနာ ထရာအိုရေး

အလားအလာ – ယူရိုပါလိဂ်

 

Sheriff

လက်ရှိ ဥရောပ အသင်းအဆင့် – ၁၀၈

အမြင့်ဆုံးအောင်မြင်မှု – မရှိ ( ဒီရာသီမှ စတင် ဝင်ခွင့်ရသည့် အသင်း )

နည်းပြ – ယူရီ ဗာညီဒက်ဗ်

အဓိက ကစားသမား – ဖရန့် ကက်စတန်ညီဒါ

စောင့်ကြည့်ရမည့် ကစားသမား – ဒီမီထရီ ကိုလိုဗော့စ်

အလားအလာ – အုပ်စု အဆင့်

 

Group E – Barcelona, Bayern Munich, Benfica, Dynamo Kyiv

 

Barcelona

 

လက်ရှိ ဥရောပ အသင်းအဆင့် – ၄

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၄ ကြိမ် ( ၁၉၉၂ ၊ ၂၀၀၆ ၊ ၂၀၁၁ ၊ ၂၀၁၅ )

နည်းပြ – ရော်နယ်ကိုးမန်း

 

ရော်နယ်ကိုးမန်း ရဲ့ နွေရာသီ အားဖြည့်မှုတွေဟာ ဝေးကွာ နေတဲ့ ဥရောပ အောင်မြင်မှုတွေဆီ ပြန်လည် ခေါ်ဆောင် နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။ အုပ်စုတွင်းမှာ ဘိုင်ယန် လို အင်အားကြီး အသင်းပါဝင် နေတာကြောင့် အုပ်စု ပထမ နေရာက ဘာစီလိုနာ အတွက် အာမခံချက် မရှိနိုင်ပါဘူး ။ ဒါပေမယ့် ကျန်တဲ့ ၂ သင်းကိုတော့ ကျော်ဖြတ် နိုင်ဖို့ အခက်ခဲ သိပ်ရှိမယ် မထင်ပါဘူး ။ အုပ်စု ဒုတိယ နဲ့ နောက်တဆင့် တက်ဖို့ အလားအလာ များနေပါတယ် ။

အဓိက ကစားသမား – မမ်းဖစ် ဒီပိုင်း

စောင့်ကြည့်ရမည့် ကစားသမား – မမ်းဖစ် ဒီပိုင်း

 

ဘိုင်ယန်မြုးနစ် နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

တာစတီဂန်

အာရူဟို၊ ပီကေး ၊ လန်းဂ်လတ်

ဆာဂျီ ရောဘတ်တို ၊ ဖရန်ကီ ဒီယွန် ၊ ဘက်စကွက် ၊ ပီဒရီ ၊ ဂျော်ဒီ အယ်လ်ဘာ

ဒီပေး ၊လုခ် ဒီယွန်

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – အဂွေရို ၊ ဆာဂျီယို ဒတ်စ်

 

Bayern Munich

လက်ရှိ ဥရောပ အသင်းအဆင့် – ၁

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၆ ကြိမ် ( ၁၉၇၄ ၊ ၁၉၇၅ ၊ ၁၉၇၆ ၊ ၂၀၀၁ ၊ ၂၀၁၃ ၊ ၂၀၂၀ )

နည်းပြ – နာဂယ်စမန်း

 

နည်းပြသစ် နာဂယ်စမန်း လက်အောက်မှာ ဘိုင်ယန်တို့ အခြေကျ တည်ငြိမ်စ ပြုလာ ပါပြီ ။ ပြည်တွင်းမှာ ဖိအား သိပ်မရှိတာကလည်း ဥရောပ ဘက်ကို ပိုမို အားစိုက် နိုင်တာကြောင့် နောက်ပိုင်း နှစ်တွေမှာ ဘိုင်ယန် ရဲ့ ချန်ပီယံလိဂ် ရလဒ်တွေ ကောင်းမွန် လာခဲ့ ပါတယ် ။ ဒီအုပ်စု မှာလည်း ဘာစီလိုနာ ပါနေပေမယ့် ဘိုင်ယန် က အုပ်စုဗိုလ် ဖြစ်ဖို့ အခွင့်သာနေ မှာပါ ။

အဓိက ကစားသမား – လီဝန်ဒေါ့စကီး

စောင့်ကြည့်ရမည့် ကစားသမား – မူဆီယာလာ

 

ဘာစီလိုနာ နဲ့ ပွဲအတွက် ဖြစ်နိုင်ဖွယ် လူစာရင်း –

နူအာ

ပါဗက် ၊ အူပါမီကာနို ၊ ဟာနန်ဒက်ဇ် ၊ ဒေဗီးစ်

ကင်မစ်ချ် ၊ ဂေါ်ရက်ဇ်ကာ

ဆာနေး ၊ မူလာ ၊ မူဆီယာလာ

လီဝန်ဒေါ့စကီး

ဒဏ်ရာ နဲ့ လွဲချော်မည့် သူများ – တိုလစ်ဆို ၊ ဂနာဘရီ ၊ ကိုးမန်း

 

Benfica

လက်ရှိ ဥရောပ အသင်းအဆင့် – ၂၄

အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ ၂ ကြိမ် ( ၁၉၆၁ ၊ ၁၉၆၂ )

နည်းပြ – ဟော့ဂျ် ဂျီးဆပ်

အဓိက ကစားသမား – ဂျာအို မာရီယို

စောင့်ကြည့်ရမည့် ကစားသမား – ဂွန်ကာလို ရာမိုစ့်

အလားအလာ – ယူရိုပါလိဂ် ဝင်ခွင့်

Dynamo Kyiv

လက်ရှိ ဥရောပ အသင်းအဆင့် – ၃၁

အမြင့်ဆုံးအောင်မြင်မှု – ဆီမီးဖိုင်နယ်

နည်းပြ – မာဆီယာ လူဆဲဆူ

အဓိက ကစားသမား – ဗွီတာလီ ဘူယဲစကီး

စောင့်ကြည့်ရမည့် ကစားသမား – အိုင်လီယာ ဇာဘာညီ

အလားအလာ – အုပ်စု အဆင့်

 

SPORTS MYANMAR