ချန်ပီယံလိဂ် လူစာရင်း . . . ဒါပေမယ့် ယူရိုပါလိဂ် နည်းပြ

မန်ချက်စတာ ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် အဖွင့် ကတော့ အရှုံး နဲ့ စတင် ခဲ့ပါပြီ ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ကာဆီးလက် ရဲ့ ချန်ပီယံလိဂ် ပွဲ အများဆုံး စံချိန်ကို လိုက်မီ ခဲ့ရုံသာမက ဂိုးပါ သွင်း နိုင်ခဲ့ ပါတယ် ။

၃၆ နှစ် အရွယ် ကစားသမားကြီး တယောက် ကတော့ သူ့ရဲ့ တာဝန်ကို သူ ကျေအောင် လုပ်နိုင်ခဲ့ တာပါ ။

တာဝန် မကျေခဲ့တာက နည်းပြ ဆိုးရှား ပါပဲ ။

ဘစ်ဆာကာ ထုတ်ခံ ရတာက ပွဲရဲ့ အလှည့်အပြောင်းလို့ ထင်ချင်စရာ ရှိပေမယ့်

တကယ်တမ်း ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့ တာကတော့ အိုလေ ဂန်နာ ဆိုးရှား ရဲ့ မှားပြီးရင်း မှားခဲ့တဲ့ လူစားလဲမှုတွေပါ ။

 

ဆိုးရှား လက်ထက် မှာ ကစားပုံ ၃-၄ မျိုးလောက် စမ်းသုံး ကြည့်ခဲ့ဖူးပါတယ် ။

ဒါပေမယ့် ၄-၂-၃-၁ တမျိုးသာ အဆင်ပြေခဲ့တာပါ ။ ဒီကစားကွက် တောင်မှ တန်ပြန် တိုက်စစ် ကစားပုံ မှာသာ ထိပ်တန်း အဆင့် ရှိခဲ့ပါတယ် ။

အခြားသော ဘောလုံးကိုင်ပြီး ပွဲကို ထိန်းချုပ်တာ ၊ ဦးဆောင်ဂိုး သွင်းပြီး ခံစစ် အထိုင်ချတာ ၊ ပိတ်ဆို့ ထားတဲ့ ခံစစ် ကို ထိုးဖောက်တာ စတဲ့ ဗျူဟာတွေ ကို မြင်ရခဲ ခဲ့ပါတယ် ။

ဘောလုံး ဝေဖန်ရေးတွေ လုပ်နေတဲ့ အသင်းဖော်ဟောင်းတွေရဲ့ ကာကွယ်ပေးမှု ကို ခံရပေမယ့် ဆိုးရှား ဟာ ကလော့ ၊ တူချယ် ၊ ဂွာဒီယိုလာ တို့ထက် အဆင့်နိမ့်တဲ့ နည်းပြ တယောက် ဖြစ်တယ် ဆိုတာကတော့ ဘယ်လိုမှ ဖုံးကွယ် ထားလို့ မရခဲ့ ပါဘူး ။

 

ဒါကို မနေ့ညက ပွဲမှာ ထင်ထင်ရှားရှား မြင်ခဲ့ရ ပါတယ် ။

ဘစ်ဆာကာ ထုတ်ခံ ရတာဟာ ဘောလုံးပွဲ မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာပါပဲ ။ ဘာမှ ထူးခြား ဆန်းပြား မနေပါဘူး ။

အခြားအသင်းတွေ လည်း တယောက်လျော့ အနေအထားနဲ့ အကြိမ်များစွာ ကြုံခဲ့ဖူး ပါတယ် ။

သူတို့ လည်း နိုင်တဲ့သူ နိုင်တယ် ၊ သရေကျတဲ့သူ ကျတယ် ၊ ရှုံးတဲ့ သူတွေလည်း ရှိခဲ့ ပါတယ် ။

ဒါပေမယ့် ဆိုးရှား လို ကစဉ့် ကလျား ဖြစ်သွားတာ မျိုးကတော့ ခပ်ရှားရှား ပါပဲ ။

ပွဲအစ လူထုတ်ပုံက စပြီး ပြောကြရအောင် ။ ဗန်ဒီဘိ ကို နေရာပေးတယ် ၊ ဆန်ချို ကို သူအားသန်တဲ့ ညာတောင်ပံ ကို ပြန်ပို့တယ် ၊ ဗာရန်း အစား လင်ဒီလော့ဖ် ကို ထည့် ကစားတယ် ။ ပေါ့ဘာ က ဘယ်ခြမ်း ကို တာဝန်ယူ ရတယ် ။

ရိုနယ်ဒို က ၁၃ မိနစ် မှာ ဖာနန်ဒက်စ် နဲ့ အချိတ်အဆက် မိမိ ဂိုးသွင်းပြီး ဦးဆောင်ခွင့် ကို ရယူ ပေးခဲ့ ပါတယ် ။ ဒီအထိ ယူနိုက်တက် တို့ အဆင်ချေနေတုန်း ၊ ဆိုးရှား တို့ တည်ငြိမ် နေတုန်းပါပဲ ။

ပြဿနာ က ဘစ်ဆာကာ ထုတ်ခံ လိုက်ရတဲ့ အချိန်ကနေ စခဲ့တာပါ ။

ဘစ်ဆာကာ ၃၅ မိနစ် မှာ တိုက်ရိုက် အနီကတ်ထိ ပါတယ် ။ ၂ မိနစ် အကြာမှာပဲ ဆိုးရှား အမှားလုပ်တော့တာ ပါပဲ ။

 

ဒီယေဂို ဒါးလော့ ကို ဆန်ချို ရဲ့ နေရာမှာ ထည့်ခဲ့တာပါ ။

ပေါ်တူဂီ သား ဟာ တိုက်စစ် ကစားပုံမှာ ဘစ်ဆာကာ ထက် ကောင်းပါတယ် ။ ဒါပေမယ့် အားကိုးရလောက် အောင်တော့ မဟုတ်ပြန်ပါဘူး ။

Manchester United’s Norwegian manager Ole Gunnar Solskjaer (R) greets Manchester United’s Portuguese defender Diogo Dalot at the final whistle during the English Premier League pre-season friendly football match between Manchester United and Brentford at Old Trafford in Manchester, north west England, on July 28, 2021. – RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by PAUL ELLIS/AFP via Getty Images)

ခံစစ် ကစားပုံမှာတော့ ဘစ်ဆာကာ ထက် အများကြီး အားနည်းပါတယ် ။

ဒါကို ဆိုးရှား က လူစားလဲထည့်ခဲ့ ပါတယ် ။

ပိုဆိုးတာက ဒုတိယပိုင်း အစ မှာ ဗာရန်း ကို ထည့်ပြီး နောက်တန်း ၃ ယောက် နဲ့ ကစားလိုက်တာ ပါပဲ ။

ဒီကစားကွက် နဲ့ ဆိုးရှား အလုပ်ဖြစ်တာ ရှားလွန်းပါတယ် ။

နောက်ပြီး ဒီပွဲက ယန်းဘွိုင်းစ် နဲ့ ပွဲပါ ၊ မန်စီးတီး ဘိုင်ယန်မြုးနစ် တို့နဲ့ ကစားနေတာ မဟုတ်ပါဘူး ။

 

ခံစစ်သမားတွေ စုပြုံထည့်ပြီး ရလဒ်ကို ထိန်းဖို့ ကြိုးစားတာက တကယ့်ကို အံ့အားသင့်ဖွယ် လုပ်ရပ်လို့ ဆိုရမှာပါ ။

အမှန်က ဗန်ဒီဘိ ကို လူစားလဲသင့်ပါတယ် ။ ဒါပေမယ့် ဗာရန်း နဲ့ မဟုတ်ပါဘူး ။ အဲရစ် ဘိုင်လီ နဲ့ပါ ၊ ဘိုင်လီ ဟာ ညာနောက်ခံလူ နေရာမှာ ကစားနိုင်ပါတယ် ။ မာလည်းမာ မြန်လည်း မြန်သူပါ ။ ဒီလိုပွဲမျိုး အတွက် အသင့်တော်ဆုံးပါပဲ ။

တကယ်လို့ မော်ရင်ဟို သာ ဆိုရင် ဘိုင်လီ ကို ကျိန်းသေ ထည့်မှာပါ ။

ဆိုးရှား ကတော့ တလွဲတွေ လုပ်ခဲ့ ပါတယ် ။

 

၇၂ မိနစ် မှာ ပေါ်တူဂီသား ၂ ယောက်ကို ထုတ်ပြီး မာတစ် နဲ့ လင်ဂတ် ကို ထည့်လိုက်တာ ကတော့ ဆိုးရှား ရဲ့ အတွေးကို လိုက်မမီ အောင် ဖြစ်သွားခဲ့ ပါတယ် ။

အဲ့ဒိ အချိန်မှာ ပွဲက ၁-၁ နဲ့ သရေ ဖြစ်နေပြီး ယန်းဘွိုင်းစ် က စိတ်ဓါတ် အသာနဲ့ ဖိကစား နေချိန်ပါ ။

ဒါကို ဂိုးသွင်း နိုင်တဲ့ ရှားရှား ပါးပါး ကစားသမား ၂ ယောက်ကို ထုတ်ပြီး ဂိုးမသွင်းတတ်တဲ့ သူတွေ ကို ထည့်ခဲ့ ပါတယ် ။

လင်ဂတ် က နယူးကာဆယ် နဲ့ ပွဲတုန်းက သွင်းခဲ့တယ် ဆိုပေမယ့် ဒီလို မိုးထဲရေထဲမှာ ဆိုရင် ဘာမှ မလုပ်တတ်တော့ပါဘူး ။

အဲ့ဒိ အကျိုးဆက် ကတော့ ၉၅ မိနစ် မှာ လင်ဂတ် ရဲ့ လက်ဆောင် နဲ့ ယန်းဘွိုင်းစ် တို့ အနိုင် ရသွားတော့ တာပါပဲ ။

 

အမှန်က ရိုနယ်ဒို ကို မထုတ်ဘဲ ဖာနန်ဒက်စ် ကို ဂရင်းဝုဒ် နဲ့ လူစားလဲ ထည့်ရမှာပါ ။

ဂိုးလာဘ် ရှိပြီး တကိုယ်တော် ထိုးဖောက်မှု အားကောင်းသလို ကစ်ပါဝါ လည်း ရှိတဲ့ ဂရင်းဝုဒ် ကို ဆိုးရှား လုံး၀ လဲမထည့် ခဲ့တာကတော့ မေးခွန်းထုတ်ချင် စရာပါပဲ ။

၈၉ မိနစ် မှာ ဖရက်ဒ် ကို မာရှယ် နဲ့ လဲလိုက်တာ ကတော့ ဆိုးရှား ရဲ့ လူစားလဲခြင်း အနုပညာဟာ တဖက်ကမ်းခတ်အောင် ရူးသွပ်သွားပြီလို့ ထင်မှတ် သွားခဲ့မိ ပါတယ် ။

ဂိုးလို နေတဲ့ အချိန်မှာ ခံစစ် အားသန်သူတွေကို ထည့် ၊ ဂိုးရဖို့ မလွယ်တော့ဘဲ သရေ ရလဒ်နဲ့ ကျေနပ်ရတော့ မယ့် အချိန်မျိုးမှာ ကွင်းလယ် ခံစစ်သမားကို ထုတ်ပြီး တိုက်စစ်မှူးကို ထည့်ခဲ့တဲ့ ဆိုးရှား ရဲ့ အတွေး ကိုတော့ လိုက်မမီအောင် ဖြစ်ခဲ့ရတာ အမှန်ပါပဲ ။

 

တကယ်လို့သာ ဆိုးရှား အနေနဲ့ –

ဘစ်ဆာကာ ထုတ်ခံရချိန် မှာ ဗန်ဒီဘိ ကို ဘိုင်လီ နဲ့ လဲမယ် ၊ ပေါ့ဘာ ကို ကွင်းလယ် အထိုင် နေရာဆင်းခိုင်းမယ် ၊

ဖာနန်ဒက်စ် ကို ထုတ် ၊ ဂရင်းဝုဒ် ကို ထည့် အထောင်ထား ၊ ရိုနယ်ဒို ကို ဘယ်တောင်ပံ ထွက် ကစားခိုင်းမယ် ဆိုရင် ၄-၂-၂-၁ ပုံစံ နဲ့ ဆက်ပြီး ကစားသွားနိုင်မှာပါ ။

နောက်ပိုင်းမှာ ရိုနယ်ဒို ကျလာရင် မာရှယ် ကို လဲထည့်လိုက် ရုံပါပဲ ။

ခံစစ် မှာ ၆ ယောက် ဆက်ရှိ နေမှာ ဖြစ်သလို ရှေ့က ၃ ယောက် ကလည်း တန်ပြန် တိုက်စစ် အတွက် လုံလောက်တဲ့ အင်အား ဖြစ်ကောင်း ဖြစ်လာနိုင်မှာပါ ။

ပေါ့ဘာ ဟာ အဝေးဘော ကောင်းသူ ဖြစ်တာကြောင့် ဖိခံ ထားရတဲ့ အနေအထား ကနေ တန်ပြန် တိုက်စစ် ကို ရုတ်ချည်း ဖန်တီးပေး နိုင်ပါတယ် ။ ဒါပေမယ့် ဆိုးရှား ရဲ့ လွဲမှားတဲ့ လူစားလဲမှုတွေ ဟာ အသင်းကို ဆွဲချ သွားခဲ့တာပါ ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ ကွင်းလယ် ခံစစ် နေရာကလွဲရင် ကျန်တဲ့ နေရာတွေ မှာ ကစားသမား ကောင်းတွေ ရှိနေပါတယ် ။

ဒီလူစာရင်းကို မတောင့်တင်းဘူးလို့ ဘယ်သူမှ ဆင်ခြေပေးလို့ မရပါဘူး ။

ချန်ပီယံလိဂ် ပြိုင်ပွဲဝင် အသင်းတွေ ထဲမှာ ယူနိုက်တက် ထက် လူပိုတောင့်တဲ့ အသင်းက ၅ သင်း ၆ သင်းလောက်ပဲ ရှိမှာပါ ။

အနည်းဆုံးတော့ လက်ရှိ အုပ်စု ထဲမှာ ယူနိုက်တက် က အတောင့်တင်းဆုံးပါပဲ ။

ဒါပေမယ့် အဖွင့်ပွဲမှာတင် အုပ်စုတွင်း အင်အား အနည်းဆုံး ဖြစ်တဲ့ ယန်းဘွိုင်းစ် ကို ရှုံးသွားခဲ့ပါပြီ ။

 

ဒါကြောင့် အုပ်စု အဆင့် သုံးသပ်ချက်တွေ ရေးခဲ့တုန်းက မန်ချက်စတာ ယူနိုက်တက် ရဲ့ ယုံစားလု့ိ မရတဲ့ အဝေးကွင်း အနေအထားကြောင့် ဒီအုပ်စု ဟာ အကျိတ်အနယ် ရှိမယ့် အုပ်စု ဖြစ်တယ်လို့ သုံးသပ်ခဲ့တာပါ ။

အခု ဒါတွေက အမှန်တကယ် ဖြစ်လာခဲ့ပါပြီ ။

မန်ချက်စတာ ယူနိုက်တက်သာ ဒီနှစ် ယူရိုပါလိဂ် ကို ထပ်ပြီး ဆင်းရမယ် ဆိုရင်တော့ သေချာပါတယ် ။

ဒါ အိုလေ ဂန်နာ ဆိုးရှား ရဲ့ အရည်အသွေး မပြည့်ဝမှုတွေ ကြောင့်ပါပဲ . . . . . ။

 

SPORTS MYANMAR