အမှားသုံးခုကြောင့် ဧည့်သည်အသင်း အဖိုးတန် 3 မှတ် ဆုံးရှုံးသွားခဲ့ရတဲ့ ယန်းဘွိုင်းစ် 1-2 ယူနိုက်တက်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် ၆ ချက်

မနေ့ညကတော့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဥ် အဖြစ် ဆွစ်ဇာလန်မြေမှာ ယူနိုက်တက်တို့ ဟန်းဘွိုင်းစ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ရှုံနိမ့်ခဲ့ကာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရ ပါတယ် ။ ဒါဟာ သေချာပေါက်် အနိုင်ကစားသင့်တဲ့ ပွဲစဥ်မျိုး ဖြစ်တာကြောင့် ဒီရလဒ်ဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒီ​နေ့ ပွဲမှာတော့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပွဲချိန် 13 မိနစ်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲချိန် 35 မိနစ်မှာ ပြိုင်ဖက် ကွင််းလယ်လူရဲ့ ခြေထောက်ကို တက်နင်းခဲ့မိတဲ့အတွက် တိုက််ရိုက် အနီကဒ် ပြသခံခဲ့ရခြင်းက ပွဲစဥ်ကို အပြောင်းလဲ ဖြစ်စေဖို့ အစပျိုးသွားခဲ့ပါတယ် ။

ပွဲချိန် 66 မိနစ်မှာတော့ ယန်းဘွိုင်းစ် အသင်းမှ တောင်ပံ တိုက်စစ် ကစားသမားဖြစ်သူ အန်ဂါမာလီယူဟာ ခြေပဂိုး သွင်းယူနိုင်ခဲ့သလို ပွဲချိန် ပြီးဆုံးခါနီး နာကျင် အချိန်ပို မိနစ််မှ ဂျက်စီ လင်ဂတ်ရဲ့ ဘောလုံး အပေးမှားမှုက ယူနိုက်တက်တို့ကို 2 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားစေခဲ့တာပဲ ဖြစ််ပါတယ် ။

ဒါ့အပြင် ခြေပဂိုး ပေးရာမှာ ဗာရန်းလည်း မှားခဲ့ပါသေးတယ် ။ ဒါ့ကြောင့် ပွဲစဥ်ကို အနှစ်ချုပ်လိုက်မယ်ဆိုရင် ယူနိုက်တက်တို့ဟာ ဘစ်ဆာကာ ၊ ဗာရန်း နဲ့ လင်ဂတ် တို့ရဲ့ အမှားတွေကြောင့် ရှုံးနိမ့်သွားခဲ့ရတာလို့ ပြောလို့ရနိုင်ပါတယ် ။ အဆိုပါ ပွဲစဥ်မှ မှတ်သားဖွယ် ဖြစ်ခဲ့ရတဲ့ အချက် 6 ချက်ကို ဖော်ပြပေးလိုက် ပါတယ် ။

(1) ဆက်လက် တောက်ပလိုက်တဲ့ ရော်နယ်ဒို

မန်ချက်စတာဆီ ရောက်လာခဲ့တဲ့နောက် မေးခွန်းတွေ ထုတ််ခံနေခဲ့ရတဲ့ ရော်နယ်ဒိုဟာ အဖွင့်ပွဲမှာပဲ 2 ဂိုး သွင်းယူနိုင််ခဲ့သလို ဒီ​နေ့ပွဲမှာလည်း 1 ဂိုး သွင်းယူရင်း အသက်ကြီးပေမယ့် ဂိုးတွေ သွင်းယူနိုင်ဆဲဖြစ်ကြောင်း ပြသရင်း မေးခွန််းသံတွေကို တိတ်ဆိတ်စေခဲ့ပါပြီ ။

ရော်နယ်ဒိုဟာ ဘရူနို ဖာနန်ဒက်စ် ရဲ့ လှပတဲ့ ပေးပို့မှုကို အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်းလဲပေးရင်း 16 ရာသီဆက်တိုက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂိုးတွေ သွင်းယူနိုင်သူ အဖြစ် မှတ်တမ်းကောင်း တစ်ခုကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

(2) ဘစ်ဆာကာရဲ့ အမှား

ယူနိုက်တက် တို့ဟာ ရော်နယ်ဒို ရဲ့ 13 မိနစ်မှ သွင်းဂိုးနဲ့ အတူ ပွဲစဥ်ကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ရယူနိုင်ခဲ့သလို ကစားပုံလည်း အသာစီး ရယူနိုင်ခဲ့ကြပါတယ် ။ ထို့အတူ ပွဲချိန် 34 မိနစ်အထိ အရာရာတိုင်းဟာ အဆင်ပြေနေခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပွဲချိန် 35 မိနစ်မှာ နောက်ခံလူ ဘစ်ဆာကာဟာ ပြိုင်ဖက် ကွင်းလယ်လူ မာတင်ရဲ့ ခြေထောက်ကို တက်နင်းသလို ဖြစ်သွားခဲ့တာက ပွဲအဖြေကို ပြောင်းလဲ သွားစေခဲ့ပါတယ် ။ ဘစ်ဆာကာဟာ တိုက်ရိုက် အနီနဲ့ အတူ ပွဲစဥ်မှ ထွက်ခွာခဲ့ရပြီး ယူနိုက်တက်တို့ လက်ကျန် မိနစ် 60 ခန့်ကို ကစားသမား ၁၀ ဦးနဲ့သာ ရုန်းကန်ခဲ့ရပါတယ် ။

(3) လင်ဂတ်ရဲ့ အမှားကြီး

ပွဲချိန် မိနစ် 90 ကျော်အထိ ပြိုင်ဖက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ပိတ်ဆို့ ကစားရင်း ယူနိုက်တက်တို့ဟာ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ ပွဲချိန် 72မိနစ်မှာ ရော်နယ်ဒိုရဲ့ နေရာကို လူစားဝင်လာတဲ့ လင်ဂတ်က ပွဲအဖြေကို ပြောင်းလဲပေးသွားခဲ့ပါတယ် ။

လင်ဂတ်ဟာ ပွဲစဥ် ပြီးဆုံးခါနီးမှာ ဂိုးသမား ဒီဂီယာဆီ ဘောလုံး နောက်ပြန် ပြန်ပေးခဲ့ရာ လိုရင်းမရောက်ပဲ ပြိုင်ဖက် တိုက်စစ််မှူး ဆီဘတ်ရှီယူက ကြားဝင် ဖြတ်ယူခဲ့ပြီး အမှားအယွင်း မရှိ ဂိုးအဖြစ် ပြောင်းလဲ သွားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ ပြိုင်ဖက်ရဲ့ နောက်ဆုံး မိနစ် အသည်းခွဲဂိုးနဲ့ ရှုံးနိမ့်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

(4) စတေးခံလိုက်ရတဲ့ ဆန်ချို

ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အတွက် စတင် ပွဲထွက်ခွင့် ရရှိထဲက ဘယ်တောင်ပံ တိုက်စစ် နေရာမှာသာ ကစားခွင့် ရရှိထားခဲ့ပါတယ် ။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ သူဟာ ကစားနေကျ ညာတောင်ပံ တိုက်စစ် နေရာမှာ ကစားခွင့် ရရှိခဲ့ပြီး ယခင်ကထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဘစ်ဆာကာ အနီကဒ် ထိခဲ့ပြီး ခံစစ် အင်အား ဖြည့်တင်းဖို့ လိုအပ်ခဲ့ချိန် ဆန်ချိုဟာ စတေးခံ လူသား ဖြစ်သွားခဲ့ရပြီး အသင်းဖော် ဒါးလော့ နဲ့ လူစားလဲခံ ခဲ့လိုက်ရပါတယ် ။ ဒါဟာ ပုံစံကောင်းပြသနိုင်ဖို့ အရှိန်ယူ ကြိုးစားနေရတဲ့ ကစားသမားအတွက် စိတ်ပျက်စရာပါပဲ ။

(5) စိတ်ပျက်ဖွယ် ပွဲစဥ် ပိုင်ဆိုင်ခဲ့ရပြန်တဲ့ ဒွန်နီ

ယူနိုက်တက် ပရိသတ်တွေ ပွဲထွက် ကစားစေချင်ခဲ့ကြတဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီ ဘိခ်ဟာ ဒီနေ့ပွဲမှာတော့ ဖရက်ဒ် နဲ့ အတူ ကွင်းလယ် ခံစစ် နေရာမှာ ပွဲထွက် ကစားခွင့် ရှားရှားပါးပါး ရရှိသွားနိုင်ခဲ့ ပါတယ် ။ ဒါက ယူနိုက်တက်ရဲ့ စတား ပလေယာ သုံးဦး ဖြစ်ကြတဲ့ ဘရူနို ၊ ပေါ့ဂ်ဘာ ၊ ဒွန်နီ တို့ကို ရှားရှားပါးပါး ကွင်းထဲ အတူတကွ မြင်တွေ့ခဲ့ရတဲ့ ပွဲစဥ် ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါပေမဲ့ ဒွန်နီ ကတော့ ဒွန်နီ ပါပဲ ။ ဒီပွဲမှာလည်း ပရိသတ်တွေ မျှော်လင့်ထားခဲ့ကြတဲ့ ပုံစံကောင်းကို ပြသနိုင်ဖို့ ရုန်းကန််ခဲ့ရပြန်ပြီး ပွဲချိန် ဒုတိယပိုင်း စတင်တဲ့ အချိန်မှာ ဗဟို နောက်ခံလူ ရာဖေးလ် ဗာရန်း နဲ့ လူစားလဲခံ ခဲ့လိုက်ရပါတယ် ။ ဒွန်နီ နောက်ထပ် ပွဲထွက်ခွင့် ဘယ်တော့ရမလဲဆိုတာ မရေရာလှပါဘူး ။

(6) ပထမဆုံးအကြိမ် အမှားကြီး ကျူးလွန်ခဲ့တဲ့ ဗာရန်း

ရာဖေးလ် ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက် အတွက်် စတင် ကစားပေးထဲက အခုချိန်ထိ သိသာထင်ရှားတဲ့ အမှား ကျူးလွန်မှု မရှိခဲ့သေးပါဘူး ။ ဒါပေမဲ့ မနေ့ညက သူဟာ အဆိုပါ မှတ်တမ်းကောင်းကို ရပ်တန့် သွားစေခဲ့လိုက်ပါတယ် ။

ပွဲချိန် ဒုတိယပိုင်းမှာ လူစားဝင်ခဲ့တဲ့ ဗာရန်းဟာ အန်ဂါမာလီယူ ကို လူကပ် ကစားခွင့် ၊ ဖိအားပေး ကစားခွင့် ရှိနေခဲ့ပေမဲ့ ပြိုင်ဖက်ထက် ခြေတစ်လှမ်း နောက်ကျနေခဲ့တာကြောင့် ဂိုးပေါက် ကန်ခွင့် ပေးခဲ့လိုက်ရပါတယ် ။ ဗာရန်း အနေနဲ့ မိမိ လူကပ်ကစားရမယ့် ကစားသမားအပေါ် အခုထက် ပိုပြီး သတိထား ကစားဖို့ လိုအပ်ကြောင်း သိခဲ့ရပါတယ် ။

#Sports_Myanmar