နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစားသွား ခဲ့ကြတဲ့ ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ်တွေ မှာတော့ ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ

 

ဘယ်လ်ဂျီယံ ကလပ် ဘရုဂျက် ကို အနိုင် မကစားနိုင်ဘဲ ၁ ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံးခဲ့ ပါတယ် ။

PSG ဟာ မက်ဆီ ၊ နေမာ ၊ ဘာပေ တို့ နဲ့ လူစုံထုတ် လာခဲ့ ပေမယ့် အနိုင် မရခဲ့ ပါဘူး ။

ဒီပွဲမှာ မက်ဆီ အဝါကတ် ထိ ခဲ့သလို ဘာပေ လည်း ဒဏ်ရာရပြီး လူစားလဲ ခဲ့ရ ပါတယ် ။

ပြင်သစ် ကလပ် အတွက် ဂိုးကိုတော့ အန်ဒါ ဟာရဲရား က သွင်းယူ ပေးခဲ့တာပါ ။

 

အင်္ဂလန် မှာတော့ လီဗာပူး ရော မန်စီးတီး ပါ အပြိုင်အဆိုင် သွင်းဂိုးတွေနဲ့ အနိုင် ရရှိ ခဲ့ကြပါတယ် ။

လီဗာပူး ဟာ အန်ဖီးလ် မှာ အေစီမီလန် ကို ၃ – ၂ နဲ့ အနိုင် ရရှိ ခဲ့တာ ဖြစ်ပြီး

မန်စီးတီး ကလည်း အိမ်ကွင်း မှာပဲ လိုက်ပ်ဇစ် ကို ၆-၃ ရလဒ် နဲ့ အနိုင် ကစား သွားခဲ့တာ ဖြစ်ပါတယ် ။

 

မန်စီးတီး အတွက် အကီ ၊ မာရက်ဇ် ၊ ဂျေဆူး ၊ ဂရီလစ်ရှ် ၊ ကန်ဆယ်လို တို့က ၁ ဂိုးစီ သွင်းပေးခဲ့ ကြပြီး O.G လည်း ၁ ဂိုး ရခဲ့ ပါတယ် ။

လိုက်ပ်ဇစ် အတွက် ကတော့ အန်ကွန်ကူ တဦးတည်း က ဟက်ထရစ် သွင်းယူ ပေးသွားခဲ့ တာပါ ။

 

ကျန်ပွဲစဉ်တွေ မှာတော့ ဒေါ့မွန် က ဘက်ဆစ်တပ် ကို ၂ – ၁ ၊ အိုင်ယက်စ် က စပို့တင်း ကို ၅ – ၁ ၊

ရီးရဲ မက်ဒရစ် က အင်တာမီလန် ကို ၁ – ၀ တို့နဲ့ အသီးသီး အနိုင် ရခဲ့ကြပြီး

အက်သလက်တိကို မက်ဒရစ် နဲ့ ပေါ်တို ပွဲကတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

 

ဒီနှစ်မှာ ချန်ပီယံလိဂ် ကို ပါဝင် ကစားဖူးတဲ့ ကလပ် အသင်းလေး ရှရစ် တီယာစပေါ် ကတော့ အဖွင့်ပွဲမှာ ရှက်တာ ဒိုးနက် ကို ၂ – ၀ နဲ့ အနိုင် ကစားပြီး ချန်ပီယံလိဂ် မှာ ဘာမဆို ဖြစ်လာ နိုင်တာကို ပြသ သွားခဲ့ ပါတယ် ။

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ ယမန်နေ့က အစ်တီဟတ် ကွင်းအတွင်း လာရောက် ကြည့်ရှုတဲ့ ပရိသတ် အရေအတွက် အပေါ် အားမလို အားမရ ဖြစ်ခဲ့ပြီး

သူတို့ အနေနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု ကို ဒီထက် ပိုမို လိုအပ် ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ယူရိုပါလိဂ် ကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ဝက်စ်ဟမ်း အသင်း နည်းပြ ဒေးဗစ် မိုရက်စ် က သူတို့ ဟာ ဒီရာသီ မှာ အသင်းအတွက် ဥရောပ အောင်မြင်မှု ကို ရယူ ပေးနိုင်ဖို့ မျှော်မှန်း ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ကစားသမား ၂ ဦး ဖြစ်တဲ့ ပီဒရီ နဲ့ ဂျော်ဒီ အယ်လ်ဘာ တို့ ဟာ ဘိုင်ယန်မြုးနစ် ကို ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ဒဏ်ရာ သီးသီး ရရှိ ခဲ့ကြတယ် လို့ သိရ ပါတယ် ။

 

စပါး အသင်း ကစားသမား ၂ ယောက် ဖြစ်တဲ့ ဆွန်ဟောင်မင် နဲ့ အဲရစ် ဒိုင်ယာ တို့ ဟာ လာမယ့် တနင်္ဂနွေ မှာ ချဲလ်ဆီး အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အမီ ပြန်လည် လေ့ကျင့် နိုင်ဖို့ မျှော်မှန်း ထားတယ်လို့ သိရ ပါတယ် ။

 

ချဲလ်ဆီး ဟာ နောက်ခံလူ အန်တိုနီယို ရူဒီဂါ ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အတွက် ဆွေးနွေး နေဆဲ ဖြစ်ပြီး

 

PSG ၊ ယူဗင်တပ် ၊ ရီးရဲ နဲ့ ဘိုင်ယန်မြူးနစ် တို့ က စောင့်ကြည့် နေတဲ့ ဂျာမန် နောက်ခံလူ ကို စာချုပ်သစ် ကိစ္စ အတွက် ညှိနှိုင်း ရ ခက်ခဲ နေတယ်လို့ ကြားသိရ ပါတယ် ။

 

ဒါပေမယ့် ဒိန်းမတ် နောက်ခံလူ ခရစ်ရှန်ဆန် ကိုတော့ ချဲလ်ဆီး တို့ စာချုပ် သက်တမ်း တိုးနိုင်တော့မယ် လို့ သိရ ပါတယ် ။

 

ယူဗင်တပ် တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား ကလည်း သူ့အနေနဲ့ ကလပ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမှု ကို အမြန်ဆုံး ပြီးမြောက် လိုပါတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ် ။

 

အင်တာမီလန် နဲ့ တိုက်စစ်မှူးလေး လူတာရို မာတီနက် တို့ ရဲ့ စာချုပ်သစ် ကိစ္စ ဟာလည်း ဆွေးနွေးမှု အဆင်ပြေ တယ် လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR