ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား က အသင်းရဲ့ တိုက်စစ်မှူးကြိး အီဒင်ဆင် ကာဗာနီ ဟာ

လာမယ့် ပိတ်ရက်မှာ အသင်းနဲ့ ပြန်လည် လေ့ကျင့် နိုင်ဖို့ မျှော်လင့် ထားတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဒါကြောင့် ကာဗာနီ အနေနဲ့ ယခု အပတ် ကစားမယ့် ဝက်စ်ဟမ်း နဲ့ ပွဲစဉ် ကို လွဲချော် ဖို့ သေချာ သလောက် ရှိသွား ခဲ့ပြီပဲ ဖြစ်ပါတယ် ။

 

ဒါ့အပြင် ဆိုးရှား က သူ့အနေနဲ့ ဂျက်ဆီ လင်ဂတ် ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆို မယ်လို့ မျှော်လင့် ထားကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ကတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား ၂ နှစ် တကြိမ် ကျင်းပမယ့် အစီအစဉ် ကို စစ်တမ်း ကောက်ယူ ရာမှာ ပရိသတ် ၂ သိန်း ၃ သောင်းကျော် အနက် ပရိသတ် ၁ သိန်းကျော် ဟာ အစီအစဉ် ကို ထောက်ခံ ကြတယ်လို့ ဖော်ပြ သွားခဲ့ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးလေး ဂျာအို ဖိလစ် ဟာ လေ့ကျင့်ရေး ကွင်းကို လာရောက် ချိန်မှာ ဂရစ်ဇ်မန်း ကို လှောင်ပြောင် နေတဲ့ ပရိသတ်တွေ ကို ကားရပ်ပြီး အေတီကို မက်ဒရစ် ကို ပြန်လာတဲ့ ဂရစ်ဇ်မန်း အပေါ် လေးစားမှု ရှိကြဖို့ ပြောဆို သွားခဲ့ ပါတယ် ။

 

နော်တင်ဟမ် ဖောရက်စ် အသင်းကတော့ နည်းပြ ခရစ် ဟောက်တန် ကို ထု်တပယ် ကြောင်း ကြေညာ လိုက်ပြီ ဖြစ်ပါတယ် ။ လက်ရှိ မှာတော့ အဆိုပါ နေရာ အတွက် ခရစ်စ် ဝိုင်းဒါး က ရေပန်းစား နေသလို ဂျွန်တယ်ရီ ကလည်း စိတ်ဝင်စား တယ်လို့ ပြောဆို ထားခဲ့ ပါတယ် ။

ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံ လက်ရွေးစင် အသင်းတွေရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် မှာ ဘယ်လ်ဂျီယံ အသင်းဟာ အဆင့် ၁ နေရာမှာ ဆက်လက် ရှိနေခဲ့ ပါတယ် ။

ဘရာဇီး က ဒုတိယ နေရာမှာ မပြောင်းလဲဘဲ ဆက်ရှိ နေပြီး

အင်္ဂလန် ကတော့ ၁ ဆင့်တက်ကာ ပြင်သစ် ရဲ့ နံပါတ် ၃ နေရာကို ရယူ သွားခဲ့ ပါတယ် ။

ယူရို ချန်ပီယံ အီတလီ ကတော့ အဆင့် ၅ နေရာမှာ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

 

ဘိုင်ယန်မြုးနစ် အသင်းဟာ ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာ ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရ ပါတယ် ။

 

ဘန်လေ အသင်းကလည်း နည်းပြ ရှီယန် ဒွိုက်ချ် ကို ၄ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး နဲ့ အင်တာ မီလန် နည်းပြဟောင်း အန်တိုနီယို ကွန်တီ ဟာ ဖိအားတွေ ဝင်နေတဲ့ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ နေရာတွေ အတွက် သတင်းကြီးလာတယ် လို့ ကြားသိရ ပါတယ် ။

ဒီတပတ် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေရဲ့ အကောင်းဆုံး ကစားသမား စကာတင် စာရင်းမှာတော့ –

ဂျုဒ် ဘယ်လင်ဟမ် ( ဒေါ့မွန် ) ၊ ဆီဘတ်စတီယန် ဟေလာ ( အိုင်ယက်စ် ) ၊ အန်ကွန်ကူ ( လိုက်ပ်ဇစ် ) နဲ့ လီဝန်ဒေါ့စကီး ( ဘိုင်ယန် မြုးနစ် ) တို့ ပါဝင် လာခဲ့ကြပါတယ် ။

 

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်ရဲ့ အကောင်းဆုံး အသင်းကတော့ –

မစ်ဂ်နန် ( အေစီမီလန် )

ကန်ဆယ်လို ( မန်စီးတီး ) ၊ အော့တာမန်ဒီ ( ဘင်ဖီကာ ) ၊ ခရစ္စတီယာနို ( ရှရစ် ) ၊ အဲလက်စ် ဆန်ဒရို ( ယူဗင်တပ် )

ဟန်ဒါဆင် ( လီဗာပူး ) ၊ ဘယ်လင်ဟမ် ( ဒေါ့မွန် ) ၊ အန်ကွန်ကူ ( လိုက်ပ်ဇစ် )

အန်တိုနီ ( အိုင်ယက်စ် ) ၊ လီဝန်ဒေါ့စကီး ( ဘိုင်ယန်မြုးနစ် ) ၊ ဟေလာ ( အိုင်ယက်စ် ) တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR