နံနက်ခင်း အားကစား သတင်းများ

ယူရိုပါလိဂ် နဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု ပွဲစဉ်တွေ ကို ယမန်နေ့ ညပိုင်းက စတင်ပြီး ယှဉ်ပြိုင် ကစား သွားခဲ့ ကြပါတယ် ။

မော်ရင်ဟို ရဲ့ ရိုးမား ကတော့ ကွန်းဖရန့်လိဂ် အဖွင့် ပွဲမှာ CSKA ဆိုဖီယာ အသင်းကို ၅-၁ နဲ့ အနိုင် ရပြီး အဖွင့်လှ ခဲ့ပါတယ် ။

ရိုးမား ဟာ မော်ရင်ဟို ကိုင်တွယ်တဲ့ ၆ ပွဲ မှာ ၁၀၀% အနိုင် ရထားပြီး ၁၆ ဂိုး သွင်းကာ ၄ ဂိုးသာ ပြန်ပေး ထားရ သေးတယ်လို့ သိရ ပါတယ် ။

 

နူနို ဆန်းတိုစ့် ရဲ့ စပါး အသင်းကတော့ ပြင်သစ် မြေမှာ ရင်းနစ် အသင်းနဲ့ ၂ ဂိုးစီ သရေကျ ခဲ့ပါတယ် ။

 

ယူရိုပါလိဂ် မှာတော့ ဒေးဗစ် မိုရက်စ် ရဲ့ ဝက်စ်ဟမ်း အဖွင့်လှ ခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ဟမ်းမား အတွက် အန်တိုနီယို နဲ့ ဒီကလန် ရိုက်စ် တို့က ဂိုးတွေ သွင်းပေး ခဲ့ကြတာပါ ။

 

ဘရန်ဒန် ရော်ဂျာ ရဲ့ လက်စတာ စီးတီး ကတော့ နာပိုလီ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ပြီး ၂ – ၀ နဲ့ အနိုင် ရနေရာ ကနေ ၂ ဂိုးပြန်ပေး ခဲ့ရကာ

၂-၂ ရလဒ် နဲ့ အဆုံးသတ် ခဲ့ရ ပါတယ် ။

နာပိုလီ အတွက် ဗစ်တာ အိုဆင်ဟမ်း က ချေပဂိုး ၂ ဂိုးစလုံးကို ပြန်သွင်း ပေးခဲ့ပြီး မိနစ် ၉၀ ကျော်မှာတော့ လက်စတာ ဘက်က အန်ဒီဒီ အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

 

အခြား ပွဲစဉ်တွေမှာတော့ ရီးရဲ ဘက်တစ် က ဆဲလ်တစ် အသင်းကို ၄-၃ ၊ လိုင်ယွန် က ရိန်းဂျားစ် ကို အဝေးကွင်းမှာ ၂ – ၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

 

ပုခုံး ဒဏ်ရာကို ခွဲစိတ် ကုသ ထားတဲ့ မားကပ် ရက်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေ နဲ့ အတူ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နေပြီလို့ သိရ ပါတယ် ။ ဒါပေမယ့် ရက်ဖိုဒ့် အနေနဲ့ စက်တင်ဘာ အကုန် လောက် မှသာ ပြန်ကစား ဖွယ် ရှိနေပါတယ် ။

 

ရက်ဖိုဒ့် အပြင် စကော့ မက်တော်မီနေး နဲ့ အဲလက်စ် တဲလက်စ် တို့ ကိုလည်း ယမန်နေ့က လေ့ကျင့်ရေး ကွင်းမှာ မြင်တွေ့ ခဲ့ရတယ် လို့ ကြားသိရ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှူး ရိုနယ်ဒို ကတော့ လက်ရှိ နေထိုင်နေတဲ့ နေအိမ် အနီးမှာ သိုးတွေ ကျက်စား နေပြီး ဆူညံစွာ အော်ဟစ်သံတွေကြောင့် ကောင်းစွာ မအိပ်စက် နိုင်တဲ့ အတွက်

အိမ်သစ် ပြောင်းရွှေ့ဖို့ စီစဉ် နေပြီလို့ လည်း ကြားသိရ ပါတယ် ။

 

ယူဗင်တပ် ကစားသမား ၂ ဦး ဖြစ်တဲ့ ချီယေဆာ နဲ့ ဘာနာဒက်စ်ချီ တို့ ဟာလည်း အသင်းနဲ့ ပြန်လည် လေ့ကျင့် နိုင်ကြပြီ ဖြစ်တာကြောင့် ပိတ်ရက်မှာ ကစားမယ့် စီးရီးအေ ပွဲစဉ် ကို ပါဝင် နိုင်ဖို့ အလားအလာ ရှိလာခဲ့တယ် လို့ သိရ ပါတယ် ။

 

အီတလီ လက်ရွေးစင် နည်းပြကြီး ရော်ဘတ်တို မန်စီနီ က သူ့အနေနဲ့ ကမ္ဘာ့ဖလား ၂ နှစ် တကြိမ် ကျင်းပမယ့် အစီအစဉ် အပေါ် စိတ်ပူ မိတယ်လို့ ပြောဆို သွားခဲ့သလို

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ နိုင်ငံ အသင်း ကနေ ကလပ် အသင်းဘက်ကို ပြန်ကူးဖို့ စိတ်ကူး ရှိသလား ဆိုတဲ့ မေးခွန်း ကိုလည်း ငြင်းဆန် သွားခဲ့ ပါတယ် ။

 

မန်စီးတီး နောက်ခံလူ နေသန် အကီ က သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးဟာ ကွယ်လွန်သွား ပြီဖြစ်တဲ့ ဖခင် အတွက် ရည်စူး ပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ စီးတီး အသင်း ခေါင်းဆောင် လက်ပတ် နဲ့ ပတ်သက်ပြီး အသင်းသားတွေ ဆီက စစ်တမ်း ကောက်ယူမှုမှာတော့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ဟာ စတုတ္ထ ရေပန်း အစားဆုံး

 

ကစားသမားသာ ဖြစ်လာခဲ့ ပြီး ဂျာမန် ကွင်းလယ်လူ အီကေ ဂွန်ဒိုအမ် ဟာ ဒုတိယ အသင်းခေါင်းဆေင် ဖြစ်လာ တော့မယ် လို့ သိရ ပါတယ် ။

 

ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကတော့ သြဂုတ်လ အတွက် ဘွန်ဒစ်လီဂါ ရဲ့ တလတာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ခံခဲ့ ရတယ်လို့ သိရှိရ ပါတယ် ။

 

စပါး တောင်ပံ ကစားသမား လူးကပ်စ် မော်ရာ နဲ့ ဘာ့ဂျ်ဝင်း တို့ ဟာ နာပိုလီ နဲ့ သရေကျ ခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ကိုယ်စီ ရရှိ ခဲ့တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် လူရွေးချယ် ဖို့ အခက်အခဲ ရှိလာ ပြီ လို့ သိရ ပါတယ် ။

 

ဘာစီလိုနာ အသင်းကတော့ ၂၀၂၀-၂၁ ရာသီ ရဲ့ ဘဏ္ဍာရေး နှစ် ထဲမှာ ယူရို ၂၈၁ သန်း ဆုံးရှုံး ခဲ့ရတယ် လို့ ထုတ်ပြန် သွားခဲ့ ပါတယ် ။

SPORT MYANMAR