ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

အီတလီ မှာတော့ ရိုးမား ကစားသမားတွေဟာ နည်းပြ မော်ရင်ဟို နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရရှိ နေပြီလို့ သိရ ပါတယ် ။

CSKA ဆိုဖီယာ ကို ၅-၁ နဲ့ အနိုင် ရခဲ့တဲ့ ယူရိုပါ ကွန်ဖရန့် လိဂ် အုပ်စု ပွဲစဉ်မှာ ရိုးမား အတွက် ချေပဂိုး သွင်းပေး ခဲ့တဲ့ ဂီယန်လူကာ မန်စီနီ က

မော်ရင်ဟို ဟာ ထောင့်ကန်ဘော ကန်ခါနီးမှာ သူ့ကို ရှေ့မလိုက် သွားဖို့ မှာကြား ခဲ့ပေမယ့်

သူကတော့ ဂိုးသွင်း နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် အပြည့်နဲ့ သွားကာ ဂိုးသွင်း ပေးခဲ့ကြောင်း

ဂိုးသွင်း အပြီး နည်းပြ နဲ့ အဖွဲ့ဝင်တွေ ရှိရာကို ပြေးအလာမှာ သူ့ကို ကြည့်ပြီး ရယ်မော နေတဲ့ မော်ရင်ဟို နဲ့

လက်ထောက် နည်းပြတွေ ကို တွေ့ခဲ့ရကြောင်း ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

 

ရိုးမား ဟာ အသင်း ခေါင်းဆောင် ပယ်လီဂရီနီ ကို ၅ နှစ် စာချုပ်သက်တမ်းတိုး ချုပ်ဆို ဖို့ လည်း ပြင်ဆင် နေတယ် လို့ သိရ ပါတယ် ။

အသင်းရဲ့ အဓိက ကစားသမား ပယ်လီဂရီနီ ရဲ့ ယူရို သန်း ၃၀ တန် စာချုပ် ဖျက်သိမ်းကြေး ဟာ

ပြီးခဲ့တဲ့ နွေရာသီ ကတည်းက အသက်ဝင်နေပြီ ဖြစ်သလို အင်္ဂလိပ် ကလပ် ၂ သင်း ကလည်း ချိတ်ဆက်မှု ပြုလုပ် ခဲ့တယ် လို့ သိရ ပါတယ် ။

 

လာဇီယို နဲ့ အီတလီ မြေပေါ်မှာ အောင်မြင် ခဲ့ဖူးတဲ့ နည်းပြကြီး ဆဗင် ဂိုရန် အဲရစ်ဆင် ဟာ အေစီမီလန် ဟာ ဒီရာသီ မှာ စီးရီးအေ ဖလားကို ရယူ နိုင်လိမ့်မယ်လို့ သုံးသပ် ခန့်မှန်း ပေးသွားခဲ့ ပါတယ် ။

 

ယူဗင်တပ် ကွင်းလယ်လူဟောင်း မာချီစီယို ကလည်း အေစီမီလန် ဟာ ဒီရာသီမှာ ယူဗင်တပ် ထက် ပိုပြီး တောင့်တင်းတဲ့ အသင်းလို့ ထောက်ခံ ခဲ့ ပါတယ် ။ သူတို့ ၂ သင်းဟာ ဒီတပတ် စီးရီးအေ မှာ ဆုံတွေ့ ကြမှာပါ ။

 

ဒါ့အပြင် အဲရစ်ဆင် က ယူဗင်တပ် နည်းပြ အယ်လီဂရီ အနေနဲ့ ဆွီဒင် လက်ရွေးစင် ကူလူဆက်ဗ် စကီး အပေါ် အလွန် အမင်း မျှော်လင့် ထားလို့ မရနိုင် သေးဘူးလို့လည်း ပြောဆို သတိပေး သွားခဲ့ ပါတယ် ။

 

အင်တာ မီလန် နည်းပြ ဆီးမြွန်းနီ အင်ဇာဂီ ကတော့ သူ့ရဲ့ အသင်းသားတွေ ဟာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲမှာ ရီးရဲ မက်ဒရစ် ကို ရှုံးနိမ့် ခဲ့ ပေမယ့် ကစားပုံ ကောင်းမွန် ခဲ့တာကြောင့်

အပြစ်ဆိုစရာ အကြောင်း မရှိ ခဲ့ပါဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ဖီအိုရင်တီးနား နည်းပြကြီး ဗင်ဆင်ဇို ကတော့ သူ့ အသင်းအနေနဲ့ တည်ငြိမ်တဲ့ ရလဒ်တွေ ကို လိုအပ် တယ်လို့ ဒီတပတ် ကစားမယ့် စီးရီးအေ ပွဲစဉ် မတိုင်ခင် မှာ အသင်းသားတွေ ကို သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

 

နာပိုလီ ပရိသတ်တွေ ဟာ ယမန်နေ့ က လက်စတာ စီးတီး နဲ့ သရေကျ ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် မှာ ပြိုင်ဘက် အသင်း ပရိသတ်တွေ နဲ့

ခိုက်ရန် ဖြစ်ပွား ခဲ့တာကြောင့် ရဲတပ်ဖွဲ့ ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှု ကို ခံခဲ့ရတယ် လို့ သိရ ပါတယ် ။

အီတလီ သတင်းစာတွေ ကတော့ နာပိုလီ ပရိသတ်တွေ ကို ကျက်သရေ မရှိတဲ့ အမူအကျင့်တွေ လို့ ခေါင်းစဉ်တပ် ဝေဖန် ခဲ့ကြပါတယ် ။

နာမည်ကျော် ဘောလုံး သုံးသပ်သူ ဂယ်ရီ လိုင်နီကာ ကတော့ ဒီပွဲ မှာ ၂ ဂိုး ရှုံးနေ ရာကနေ သရေ ကျအောင် ပြန် ကစား နိုင်ခဲ့တဲ့ နာပိုလီ အသင်းကို ချီးကျုး ပြောဆို ခဲ့ပြီး

လက်စတာ ကွင်းလယ်လူ အန်ဒီဒီ ကို ဒုတိယ အဝါကတ် နဲ့ ထုတ်ပယ် ခဲ့တဲ့ ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် ကိုတော့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

 

ယူအက်စ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဗိုလ်စွဲ ခဲ့တဲ့ ဗြိတိန်သူ အမ်မာ ရာဒူကနူ ကတော့ အင်္ဂလန် က မိဘ တွေ နေအိမ်ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

အမ်မာ ဟာ သူမ ရရှိ လာတဲ့ ဆုကြေး ပေါင် ၁.၈ သန်း ကို မိဘတွေ ထံ ပေးအပ်ကာ လိုအပ်သလို စီမံစေမယ် လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်းဟာ ဒီနှစ် ရဲ့ အောက်တိုဘာ ပွဲတော် ( Oktoberfest ) အတွက် သီးသန့် ထုတ်လုပ် ထားတဲ့ ဂျာစီ ကို ထုတ်ဖော် ပြသ သွားခဲ့ ပါတယ် ။

သူတို့ဟာ ဒီဂျာစီ ကို မနက်ဖြန် မှာ ဘိုချန် အသင်းနဲ့ ကစားမယ့် ဘွန်ဒစ်လီဂါ ပွဲစဉ် မှာ ဝတ်ဆင် ကစားမှာ ဖြစ်ပြီး

အဆိုပါ ပွဲ တပွဲတည်း သာ ဝတ်ဆင် အသုံးပြု သွားမှာ ဖြစ်တယ်လို့လည်း သိရှိရ ပါတယ် ။

လိဒ် ယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ် ဘန်ဖိုဒ့် က ဒန်နီရယ် ဂျိမ်းစ် ရဲ့ မန်ချက်စတာ ယူနိုက်တက် က

အတွေ့ အကြုံတွေဟာ လိဒ် ကို ပြောင်းရွှေ့ လာချိန် မှာ အထောက် အကူ ဖြစ်စေ လိမ့်မယ်လို့ ပြောဆို အားပေး သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ အပြောင်းအရွှေ့ ပိတ်ခါနီး ၊ ရာဖေး ဗာရန်း ကို ကမ်းလှမ်းမှု မပြုလုပ် ခင်မှာ နာပိုလီ ခံစစ်မှူး ကူလီဘာလေ ကို ပေါင် သန်း ၃၀ ( ယူရို ၃၅ သန်း ) နဲ့ ကမ်းလှမ်း ခဲ့ သေးတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

ဘာစီလိုနာ တိုက်စစ်မှူး မာတင် ဘရိသ်ဝိတ် ကတော့ သူ့ရဲ့ ဒူးဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ် နိုင်ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် ဒိန်းမတ် တိုက်စစ်မှူး ဟာ ၃ လ ကနေ ၄ လ အတွင်း အနား ယူဖို့ လိုအပ် ဦးမှာ ဖြစ်ပါတယ် ။

 

မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ စပိန်နိုင်ငံ မာလာဂါ မှာ Insparya ဆံပင် ပြုပြင် ထိန်းသိမ်းရေး ဆေးကုခန်း ကို ထပ်မံ ဖွင့်လှစ် လိုက်တယ် လို့ သိရ ပါတယ် ။

ဒါဟာ ရိုနယ်ဒို နဲ့ Insparya Group တို့ ပူးပေါင်း ဖွင့်လှစ်တဲ့ ၇ ခုမြောက် ဆေးခန်း ဖြစ်သလို စပိန် ရဲ့ ဒုတိယမြောက် ဆေးခန်း လည်း ဖြစ်တယ် လို့ သိရ ပါတယ် ။

 

ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ဟာ ဒဏ်ရာကနေ ပြန်လည် သက်သာ လာပြီး ကြံ့ခိုင်မှု ပြည့်၀ နေပြီ ဖြစ်တာကြောင့် ယခု အပတ် ကစားမယ့် စပါး နဲ့ ပွဲစဉ် ကို ပါဝင် ကစားနိုင်ဖို့ ရှိလာပြီ လို့ သိရ ပါတယ် ။

ချဲလ်ဆီး ရဲ့ အမေရိကန် အသင်းခေါင်းဆောင် ခရစ်ရှန် ပူလီဆစ် ကတော့ အမြန်ဆုံး ပြန် ကစားနိုင်ဖို့ ကြိုးစား နေပါတယ် လို့ နည်းပြ တူချယ် က ပြောဆို သွားခဲ့ ပါတယ် ။

 

ရီးရဲ နည်းပြ အန်ဆယ်လော့တီ ဟာ ဒေးဗစ် လူးဝစ် ကို အာဆင်နယ် ကနေ ထွက်ခွာ လာချိန် မှာ ချိတ်ဆက်မှု ပြုလုပ် ခဲ့သေး ပေမယ့် ဘရာဇီးသားကြီး ကတော့ မိခင် နိုင်ငံ ကိုသာ ပြန်ဖို့ ရွေးချယ် ခဲ့တယ်လို့ သိရ ပါတယ် ။

 

ကာတာ နိုင်ငံ က အိမ်ရှင် အဖြစ် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ဆောင်းရာသီမှာ ပြုလုပ် မှာ ဖြစ်တာကြောင့် ကလပ် အသင်း ပွဲစဉ်တွေကို နိုဝင်ဘာ ၁၂ ရက်နေ့ ကနေ ဒီဇင်ဘာ လကုန် ခါနီး အထိ ရပ်နား ထားရမှာ ဖြစ်ပါတယ် ။

 

ဒီလို မျိုး ရာသီကြားကာလ မှာ ကျင်းပမှာ ဖြစ်တာကြောင့် ကလပ် အသင်း ၂၄ သင်း ရှိတဲ့ အင်္ဂလန် ချန်ပီယံရှစ် ဟာ ၁၀၅ ရက် အတွင်း ပွဲစဉ်ပေါင်း ၂၄ ပွဲ ကို ဆက်တိုက် ကစားရတော့မှာ ဖြစ်တာကြောင့်

ချန်ပီယံရှစ် ကလပ် အသင်းတွေ အနေနဲ့ စိတ်ပျက် နေကြတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR