နောက်ကျသွားတဲ့ နံနက်ခင်း အားကစား သတင်းများ

ပထမဆုံးအနေနဲ့ နံနက်ခင်း သတင်း တင်ဆက်မှု နောက်ကျ ခဲ့ရမှု အတွက် SM ပရိသတ်ကြီးတို့ကို တောင်းပန်ကြောင်း ပြောပါရစေခင်ဗျာ . . .

 

နာမည်ကျော် အားကစား အမှတ်တံဆိပ် Puma ကတော့ ဒေါ့မွန် အသင်း ပရိသတ်တွေ ကို တတိယ ဂျာစီ ဒီဇိုင်း နဲ့ ပတ်သက်ပြီး ပြန်လည် တောင်းပန် သွားခဲ့ ပါတယ် ။

ပူးမား က ရင်ဘတ် တံဆိပ် မပါဝင်တဲ့ တတိယ ဂျာစီ တွေကို ဒီရာသီ အတွက် ဒီဇိုင်းထွင် ခဲ့ပြီး သူ စပွန်ဆာ ပေးထားတဲ့ အသင်းတွေ အတွက် ထုတ်လုပ်ခဲ့ ပါတယ် ။

မန်စီးတီး ၊ အေစီမီလန် တို့ လို အသင်းကြီးတွေ ပါဝင် ခဲ့တဲ့ ဒီ တတိယဂျာစီ ဒီဇိုင်း ကို ဒေါ့မွန် အသင်းနဲ့ ပရိသတ်တွေ က ခါးခါးသီးသီး ငြင်းဆန် ခဲ့ကြပြီး ဝေဖန် ပြောဆိုခဲ့ ကြပါတယ် ။

ပူးမား ကတော့ ပရိသတ်တွေ ရဲ့ စိတ်ဆိုး ဒေါသထွက်မှု အတွက် တောင်းပန်ကြောင်း ပြောဆို ခဲ့ပြီး

ပရိသတ်တွေ ရဲ့ အသံကို အမြဲ နှလုံး သွင်းထားကြောင်း နဲ့ ဒီအကြောင်းအရာတွေကို အနာဂါတ် မှာ ထုတ်လုပ်မယ့် ဂျာစီတွေ မှာ ထည့်သွင်း သွားပါမယ် လို့ ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

 

အေစီမီလန် ကို ပြောင်းရွှေ့ လာခဲ့တဲ့ နောက်ခံလူ တိုမိုရီ ကတော့ သူဟာ အသင်းဟောင်း ချဲလ်ဆီး ထံ ပြန်သွား ကစားဖို့ မသေချာပါဘူး လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ပေါလ် ပေါ့ဘာ ရဲ့ အေးဂျင့် ဖြစ်သူ မီနို ရွိုင်းအိုလာ ကတော့ သူ့ရဲ့ ကစားသမား ရဲ့ ရင်ထဲ မှာ တူရင် ( ယူဗင်တပ် အခြေစိုက်ရာမြို့ ) ဟာ ကျန်ရှိ နေဆဲ ဖြစ်တယ်လို့ ပြောဆိုပြိး အပြောင်းအရွှေ့ ကောလဟာလ တွေကို ပြန်လည် တူးဖော် သွားခဲ့ ပါတယ် ။

 

ဒီလ အစောပိုင်း ကမှ ဆေးရုံက ပြန်ဆင်းလာတဲ့ ဂန္ထဝင် ဘောလုံးသမားကြီး ပီလီ ဟာ မနေ့ က အရေးပေါ် ကုသမှု လိုအပ် လာတာကြောင့် ဆေးရုံ ပြန်တက် ခဲ့ရတယ် လို့ သိရ ပါတယ် ။

ဒါပေမယ့် ဒီကနေ့ မနက်ပိုင်း မှာတော့ ပီလီ ရဲ့ အခြေအနေ ကောင်းမွန်လာကြောင်း ကို မိသားစုဝင်တွေ က ဓါတ်ပုံတင် ကာ အသိပေး သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ ဝက်စ်ဟမ်း အသင်း ခေါင်းဆောင် ဒီကလန် ရိုက်စ် ကို လာမယ့် နွေရာသီ အတွက် နံပါတ် ၁ ပစ်မှတ် အဖြစ် သတ်မှတ် ထားတယ်လို့ သိရ ပါတယ် ။

 

နာမည်ကျော် ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မက် ကလတ်တန်ဘတ် က သူဟာ ချဲလ်ဆီး က မန်ချက်စတာ ယူနိုက်တက် ကို ၃-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲ အပြီးမှာ

ချဲလ်ဆီး ကစားသမား ဂျွန် အိုဘီ မီခေးလ် အပေါ် အသားအရောင် ခွဲခြား ပြောဆို ခဲ့တယ်လို့ စွပ်စွဲ ခံရမှုကြောင့်

စိတ်ဓါတ် အကြီးအကျယ်ကျကာ ဘောလုံးလောက ကနေ ထွက်ခွာဖို့ အထိ စိတ်ကူး ခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

စီးရီးအေ ကလပ် ယူဗင်တပ် ကတော့ သူတို့ ဟာ ပြီးခဲ့တဲ့ ရာသီ အတွင်း ယူရို သန်း ၂၁၀ အရှုံးပေါ် ခဲ့ကြောင်း ဖော်ပြ သွားခဲ့ပြီး ဥရောပ စူပါလိဂ် အစီအစဉ် ကို အသက်သွင်းဖို့ ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ တိုက်စစ်မှူးကြီး ဆာဂျီယို အဂွေရို ဟာ ဒဏ်ရာကနေ ပြန်လည် ကောင်းမွန် လာပြီး အောက်တိုဘာ အစပိုင်း လောက်မှာ အသင်းသစ် နဲ့ စတင် ကစားပေး နိုင်ဖို့ အလားအလာ ရှိတယ် လို့ ကြားသိရ ပါတယ် ။

 

နယူးကာဆယ် နဲ့ နွေရာသီမှာ လမ်းခွဲ လာခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အန်ဒီ ကာရိုးလ် က သူ့သား နဲ့ သမီး တို့ဟာ သူ့ကို ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် ၊ မန်စီးတီး တို့မှာ ကစားဖို့ တိုက်တွန်း နေကြောင်း အရွှန်းဖောက် ပြောဆို သွားခဲ့ ပါတယ် ။

 

ပိုလန် အသင်းဟာ အက်စတွန် ဗီလာ နောက်ခံလူ မတ်တီ ကတ်ရှ် ကို လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် ခေါ်ယူဖို့ စိတ်ကူး နေပြီး အင်္ဂလန် မှာ မွေးဖွား ခဲ့တဲ့ ပိုလန် သွေးပါတဲ့ မတ်တီကက်ရှ် အနေနဲ့ အနာဂါတ် အတွက် စဉ်းစား ဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး လူငယ်လေး ဟတ်ဆန် အိုဒွိုင်း ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းကြီး ကို ငြင်းပယ်ပြီး ဂါနာ အသင်းမှာ ကစားဖို့ကို ရွေးချယ် သွားတော့မယ် လို့ သိရ ပါတယ် ။

 

SPORTS MYANMAR