ထူးထူးခြားခြား ဘောလုံးလောက . . . . . မွေးနေ့ ၂ ခု ရှိတဲ့ ရိုနယ်ဒို

ဘရာဇီး ဂန္ထဝင် ဘောလုံး သမားကြီး ရိုနယ်ဒို နာဇာရီယို ဟာ ကျွန်တော်တို့ ရဲ့ ငယ်ဘ၀ ကို စိုးမိုးခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ မပေါ်လာခင် မှာ ဘောလုံး လောက ရဲ့ လူကြိုက် အများဆုံး

ကစားသမား တဦး ဖြစ်ခဲ့တာပါ ။

မက်ဆီ ၊ ခရစ္စတီယာနို တို့ အပါအဝင် ဒီကနေ့ ခေတ် ရဲ့ အကျော်အမော်တွေ ဖြစ်တဲ့

ဇလာတန် ၊ ကာကာ ၊ နေမာ ၊ ဘာပေ တို့ ရဲ့ ငယ်ဘ၀ သူရဲကောင်း ၊ စံပြု ထိုက်တဲ့ ကစားသမား ဖြစ်ခဲ့ ပါတယ် ။

ရိုနယ်ဒိုကြီး ရဲ့ ဘ၀ မှာ အောင်မြင်မှု များစွာ ၊ ဆုတံဆိပ် နဲ့ ဆုဖလားပေါင်း များစွာ ရရှိခဲ့ ဖူးပါတယ် ။

ဒါ့အပြင် သူ့မှာ မွေးနေ့ ကလည်း ၂ ခု ဖြစ်နေခဲ့တာပါ ။

ဒီကိစ္စ ဟာ အခုချိန်ထိ အဖြေမထွက် သေးပါဘူး ။

ရိုနယ်ဒို ကို ၁၉၇၆ ခုနှစ် မှာ ဘရာဇီး နိုင်ငံ ရဲ့ မြို့တော် ရီယိုဒီဂျနေးရိုး မှာ မွေးဖွားခဲ့ ပါတယ် ။

ဒါပေမယ့် သူ့ရဲ့ မွေးရက် ကတော့ စက်တင်ဘာ ၁၈ ရက် ( ဒီနေ့ ) နဲ့ စက်တင်ဘာ ၂၂ ရက်ဆိုပြီး ၂ ခု ကွဲပြား နေခဲ့တာပါ ။

တကယ်လို့ သင်သာ Wikipedia မှာ သွားရှာမယ် ဆိုရင် ရိုနယ်ဒို ရဲ့ မွေးနေ့ ကို စက်တင်ဘာ ၁၈ ရက်နေ့လို့

ဖော်ပြ ထားမှာ ဖြစ်ပေမယ့် Google Search မှာ ရိုက်ရှာ လိုက်ရင်တော့ စက်တင်ဘာ ၂၂ ရက်နေ့လို့ ပြနေမှာပါ ။

ဘယ်ဟာ အမှန်လဲ ဆိုတာကတော့ ရိုနယ်ဒို ရဲ့ အမေသာ အသိဆုံး ဖြစ်ပါလိမ့်မယ် ။

ဒီကွဲလွဲမှု ဟာ လွန်ခဲ့တဲ့ နှစ် အနည်းငယ်ကထိ လူတွေ သတိပြုမိတဲ့ အရာ မဖြစ်ခဲ့ ပါဘူး ။

မနှစ်တုန်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ စက်တင်ဘာ ၁၈ မှာ ရိုနယ်ဒို အတွက် မွေးနေ့ ဆုတောင်း ပေးခဲ့ ပါတယ် ။

ချန်ပီယံလိဂ် ရဲ့ တရားဝင် တွစ်တာ စာမျက်နှာ ကလည်း အဲ့ဒိ နေ့မှာပဲ ဆုတောင်း ပေးခဲ့တာပါ ။

ဒါပေမယ့် နောက်ထပ် ၄ ရက် အကြာမှာလည်း ချန်ပီယံလိဂ် တွစ်တာ က ပဲ ရိုနယ်ဒို အတွက် ထပ်ပြီး မွေးနေ့ ဆုတောင်း ခဲ့ပြန်ပါတယ် ။

ကြည့်ရတာ အက်မင် မတူဘူးနဲ့ တူပါရဲ့ . . . ။

 

ထူးဆန်းတာ ကတော့ ၂၀၁၆ ခုနှစ် တုန်းက စက်တင်ဘာ ၁၈ မှာ ရိုနယ်ဒို ကို မွေးနေ့ ဆုတောင်း ပေးခဲ့ပြီး အဆိုပါ ပိုစ့်ကို ပြန်ရှဲ ခဲ့တဲ့ ဘာစီလိုနာ အသင်းဟာ

၂၀၂၀ မှာတော့ မူလပိုစ့် ကို ဖျက်ပြီး ၂၂ ရက်နေ့ မှာမှ ဆုတောင်းပေး သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ကစား ခဲ့တဲ့ အင်တာမီလန် ၊ အေစီမီလန် နဲ့ ဘရာဇီး လက်ရွေးစင် ဘောလုံး အသင်းတို့ ဟာလည်း

စက်တင်ဘာ ၂၂ ရက်နေ့ မှ ဆုတောင်း စကား ဆိုခဲ့ ကြတာပါ ။

ပေါ်တူဂီ ဘာသာ နဲ့ ရေးသားထားတဲ့ Wikipedia မှာလည်း ရိုနယ်ဒို ရဲ့ မွေးနေ့က စက်တင်ဘာ ၂၂ ဖြစ်နေ ပါတယ် ။

ပြင်သစ် နဲ့ ဂျာမန် ဗာရှင်း မှာလည်း ၂၂ ပါ ။ ဒါပေမယ့် အီတလီ ဘာသာ နဲ့ ရေးသားထားတဲ့ Wiki မှာတော့ စက်တင်ဘာ ၁၈ ဖြစ်နေခဲ့ ပါတယ် ။

ဘယ်တခုက အမှန်လဲ ဆိုတာ သူတို့တွေ ကိုယ်တိုင်တောင် မသိကြ ပုံပါပဲ ။

 

ကာယကံရှင် ရိုနယ်ဒို ကတော့ ဒီကိစ္စ အပေါ် တရားဝင် မှတ်ချက် ပေးတာမျိုး မရှိခဲ့ ပါဘူး ။

ဒါပေမယ့် သူ့ရဲ့ ဆိုရှယ် မီဒီယာ ပေါ်က ရေးသားမှုတွေ ကို ကြည့်မယ် ဆိုရင်တော့ ၁၈ ရက်နေ့ ထက် ၂၂ ရက်နေ့က ပိုပြီး ဖြစ်နိုင်ချေ ရှိနေပါတယ် ။

အတိတ် ကို ပြန်သွားကြည့်မယ် ဆိုရင်လည်း ရိုနယ်ဒို ပါဝင် ကစားခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့

လမ်းညွှန်စာအုပ် မှာ ရိုနယ်ဒို ဟာ အခြား ကမ္ဘာ့ ဘောလုံး စတားတွေ နဲ့ အတူ ဖော်ပြ ခံထားရပြီး

မွေးနေ့ ကို စက်တင်ဘာ ၂၂ ရက်နေ့လို့ ဖော်ပြ ထားတာကို တွေ့ရှိ ခဲ့ရ ပါတယ် ။

ဒါပေမယ့် ၂၀၀၅ ခုနှစ် မှာ ရေးသား ခဲ့တဲ့ ဂျိမ်းစ် မိုစလေ ရဲ့ Ronaldo: The Journey of a Genius စာအုပ် မှာတော့

ရိုနယ်ဒို ဟာ စက်တင်ဘာ ၁၈ ရက်နေ့မှာ အမှန်တကယ် မွေးဖွား ခဲ့တာ ဖြစ်ပေမယ့်

အဆိုပါ အချိန်တုန်းက အခက်အဲတွေ ကြောင့် ၄ ရက် ကြာမှသာ မွေးဖွားမှု ကို စာရင်းသွင်း နိုင်ခဲ့တယ်လို့ ဖော်ပြ ထည့်သွင်း ထားခဲ့ ပါတယ် ။

 

ဒါကြောင့် ဘရာဇီး ရိုနယ်ဒိုကြီးဟာ သူ့ရဲ့ ဘ၀ မှာ ရွှေဘောလုံးဆု ၂ ဆု ၊ ကမ္ဘာ့ဖလား ၂ ခု ရခဲ့သလိုပဲ

မွေးနေ့ ကလည်း ၂ ခု ဖြစ်နေတာကို ထူးဆန်းစွာ သိရှိ ခဲ့ရ ပါတယ် ။

ဘယ်တခုက တကယ့် အစစ်အမှန်လဲ ဆိုတာကတော့ ကာယကံရှင် ရိုနယ်ဒိုကြီး မသိရင်တောင်မှ

သူ့အမေ ကတော့ သေချာပေါက် မှတ်မိ သိရှိနေမှာပါ ။

 

SPORTS MYANMAR