နံနက်ခင်း အားကစား သတင်းများ

မနေ့ညက ကစား ခဲ့တဲ့ ဥရောပ တလွှားက အမှတ်ပေး ပွဲစဉ်တွေ မှာတော့ ဘိုင်ယန်မြုးနစ် ၊ အင်တာ မီလန် နဲ့ အိုင်ယက်စ် တု့ိ ဟာ ပြိုင်ဘက် တွေကို ဂိုးမုန်တိုင်းတွေ တိုက်ခဲ့ကြပါတယ် ။

အင်တာမီလန် ဟာ အိမ်ကွင်းမှာ ဘိုလော့နာ ကို ၆-၁ နဲ့ နိုင်ခဲ့ပြီး ဒီဇစ်ကို ၂ ဂိုး သွင်းယူခဲ့ပါတယ် ။

ဘိုင်ယန်မြုးနစ် ကလည်း ဘိုချန် အသင်းကို ၇-၀ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ် မှာ စပို့တင်း ကို ၅-၁ နဲ့ အနိုင် ကစားခဲ့တဲ့ အိုင်ယက်စ် ဟာ

နယ်သာလန် လိဂ် မှာလည်း ကမ်ဘာ အသင်း ကို ၉-၀ ရလဒ် နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ ပါတယ် ။

ဒီတပွဲမှာတော့ အိုင်ယက်စ် ဟာ ၉ ဂိုး ကို ကစားသမား ၉ ယောက်က သွင်းယူ ပေးသွားခဲ့တာပါ ။

 

ပရီးမီးယားလိဂ် မှာတော့ ဗီလာ က အဲဗာတန် ကို ၃ – ၀ ၊ တန်းတက် ဘရန့်ဖိုဒ့် က ဝုဗ် ကို အဝေးကွင်းမှာ ၂ – ၀ တို့ နဲ့ အနိုင် ရရှိခဲ့ ကြပါတယ် ။

 

စပိန် လာလီဂါ မှာတော့ လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ် ဟာ ဘီဘာအို နဲ့ ဂိုးမရှိ သရေကျပြီး အမှတ်တွေ ထပ်မံ ဆုံးရှဲံး ခဲ့ပြန် ပါတယ် ။

အေတီကို တိုက်စစ်မှူးလေး ဂျာအို ဖိလစ် ကတော့ အဝါကတ် ထိချိန် မှာ ဒိုင်ကို ဒေါသတကြီး စောဒက တက်ခဲ့မှုကြောင့် ဒုတိယ အဝါထိကာ အထုတ်ခံ ခဲ့ရ ပါတယ် ။

 

အက်သလက်တစ် ဘီဘာအို ကစားသမား အိုင်နာကီ ဝီလ်ယံ ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ပွဲမှာ သူ့အတွက် လာလီဂါ ပွဲပေါင်း ၂၀၀ ဆက်တိုက် ကစားတဲ့ ပွဲ ဖြစ်လာခဲ့ ပါတယ် ။ အိုင်နီကာ ဟာ ဘီဘာအို အတွက် ၇ ရာသီ ဆက်တိုက် တပွဲမှ မနားဘဲ ကစား ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း ရဲ့ ဒီရက်သတ္တပတ် မှာလည်း ပရိသတ်တွေ ကွင်းထဲဝင် ကာ အချင်းများမှု ဖြစ်ခဲ့ပြန် ပါတယ် ။

လန်းစ် နဲ့ လိုင်လီ တို့ ကစားခဲ့တဲ့ ပွဲရဲ့ ပထမပိုင်း အပြီးမှာ

လန်းစ် ပရိသတ်တွေ ဟာ ကွင်းထဲ ဆင်းကာ လိုင်လီ ပရိသတ်တွေ ရှိရာ ပွဲကြည့်စင် ဘက်ကို သွားရောက်ပြီး

ဆဲဆို အော်ဟစ်ကာ ရန်ပြုဖို့ ကြိုးစား ခဲ့တာကြောင့် လုံခြုံရေးတွေ နဲ့ ဝိုင်းဝန်း ထိန်းသိမ်း ခဲ့ရပြီး ပွဲခဏ ရပ်နား ခဲ့ရ ပါတယ် ။

ပရိသတ်တွေ ကို ခွဲထုတ်ပြီး ပြန်ကစား ရာမှာတော့ လန်းစ် က လိုင်လီ ကို ၁ – ၀ နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် ဇန်နဝါရီ မှာ ကစားသမား ၇ ဦး ကို ရောင်းထုတ်ပြိး

လူသစ်တွေ ပြန်လည် ဖြည့်ဆည်းဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ်

ဘန်လေ နဲ့ အာဆင်နယ် တို့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း ၂ ဘက် ပရိသတ် အချို့ ခိုက်ရန် ဖြစ်ပွားမှု ရှိခဲ့တယ် လို့ ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝက်စ်ဟမ်း နဲ့ ကစားဖို့ ထွက်ခွာ သွားတဲ့ လူစာရင်း မှာ ဒဏ်ရာ ကနေ ပြန် သက်သာ လာတဲ့ ကွင်းလယ် ကစားသမား စကော့ မက် တော်မီနေး ကို ပြန်လည် တွေ့မြင် ခဲ့ရတယ် လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

 

ဒါဘီ ကောင်တီ အသင်း နည်းပြ ဝိန်း ရွန်းနီ က သူ့အနေနဲ့ ၁၂ မှတ် လျော့ချမယ့် အပြစ်ဒဏ် ကို ဘုတ်အဖွဲ့ က ခံယူဖို့

ဆုံးဖြတ် လိုက်တာကို မသိလိုက်ရဘဲ ဒီအကြောင်းကို Sky Sports သတင်းမှာ ပါလာချိန်မှသာ သိရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရွန်းနီ ရဲ့ ဒါဘီ ဟာ မနေ့က စတုတ် စီးတီး ကို ၂ – ၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။

၁၂ မှတ် လျော့ချ ပြစ်ဒဏ် ကျခံ ပြီးပါက ဒါဘီ ဟာ အမှတ်ပေး ဇယား အောက်ဆုံးကနေ ပြန်လည် စတင်ရတော့ မှာပါ ။

 

ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီ ရောဘတ်တို ဟာ အသင်းနဲ့ လာမယ့် အပတ် အတွင်း စာချုပ်သစ် ချုပ်ဆို တော့မယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR