မော်ရင်ဟို ကို ဖိနပ်နဲ့ ပေါက်ခဲ့ဖူးတဲ့ ကလတ်တန်ဘတ်

ပရီးမီးယားလိဂ် ရဲ့ နာမည်ကျော် ဒိုင်လူကြီးဟောင်း မတ် ကလတ်တန်ဘတ် က သူဟာ ပေါ်တူဂီ လူမျိုး

နည်းပြကြီး ဂျိုဆေး မော်ရင်ဟို ကို ဖိနပ် နဲ့ ပစ်ပေါက် ခဲ့ဖူးတယ် လို့ ဖွင့်ဟ ပြောဆို သွားခဲ့သလို

မော်ရင်ဟို ဟာ စိတ်ပျက် စရာ ကောင်းတဲ့ လူတယောက် ဖြစ်တယ် လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

ကလတ်တန်ဘတ် ဟာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာ လာပြီး ဆော်ဒီ ဘောလုံးအဖွဲ့ချုပ် မှာ သွားရောက် လုပ်ကိုင် နေသူ ဖြစ်ပါတယ် ။

ဒါပေမယ့် ကလတ်တန်ဘတ် ဟာ သူ့ရဲ့ အားလပ်ချိန် မှာ တချိန်က သူ လုပ်ကိုင် ခဲ့ဖူးတဲ့

ပရီးမီးယားလိဂ် က ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက်တွေ ၊ အဖြစ်အပျက် ဟောင်းတွေကို ပြောပြ သုံးသပ်လေ့ ရှိပါတယ် ။

အခု တခါ မှာတော့ ကလတ်တန်ဘတ် က သူနဲ့ မော်ရင်ဟို တို့ ကြားက အဖြစ်အပျက် ကို ပြန်ပြောင်း ပြောပြ သွားခဲ့တာပါ ။

 

“အဲ့ဒိ တုန်းက စတုတ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲပါ ။

ဇန်နဝါရီ ၂၁ ရက် ၊ ၂၀၁၇ တုန်းကပေါ့ ။

ပွဲပြီးသွားလို့ သိပ်မကြာခင်မှာပဲ ကျွန်တော့ အခန်းတံခါး ကို ခေါက်ပြီး

မန်ချက်စတာ ယူနိုက်တက် နည်းပြ မော်ရင်ဟို ဝင်လာခဲ့ ပါတယ် ။

“ဒီတခါ မင်း ပျော်သင့်တယ်နော် ၊ ဒီ သရေပွဲ အတွက် ငါ့ကို အပြစ်တင်လို့ မရတော့ဘူးမလား” လို့ သူ့ကို ကျွန်တော် ပြောခဲ့ ပါတယ် ။

“ဒါပေမယ့် သူကတော့ ကျွန်တော့ကို အပြစ် စတင် တော့တာပါပဲ ။

ပင်နယ်တီ ဧရိယာ ထဲမှာ ရိုင်ယန် ရှေ့ခရော့စ် လက်ထိတာကို ပင်နယ်တီ မပေးလို့ ဆိုပြီး

သူကျွန်တော့ ကို ပွစိပွစိ ပြောခဲ့တာပါ ။

ကျွန်တော် ကလည်း က ကျွန်တော် မှန်တယ် ဆိုတာကို သူ့ကို ပြန်ငြင်းခဲ့ ပါတယ်

နောက်တော့ ဒေါသထွက် လာတာနဲ့ပဲ ဖိနပ် နဲ့ သူ့ကို ကောက်ပေါက် ပစ်ခဲ့ပါတယ်”

“အဲ့ဒိ အကြောင်းတွေက အိမ်ပြန်လမ်း တလျောက် ခေါင်းထဲ မှာ စွဲလာခဲ့ တာပါ ။

အိမ်ပြန်ရောက်ပြီး Match of the Day ကို ပြန်ကြည့်တော့မှ

ကျွန်တော် မှန်ခဲ့တာကို သိလိုက်ရ ပါတယ် ။

ဘောလုံးက သူ့ ( ရှေ့ခရော့စ် ) ရင်ဘတ် ကို ထိခဲ့တာပါ ။

ဒါကို မော်ရင်ဟို က ကျွန်တော့ကို ပြဿနာ လာရှာ နေတာ နားမလည် နိုင်ပါဘူး ။

အိပ်ယာထဲ ရောက်တော့မှ ‘ဒီ အရူးကြောင့် နဲ့ စိတ်ကသိကအောက် ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး’ လို့ စိတ်ဒုန်းဒုန်းချပြီး အိပ်ခဲ့ရ ပါတယ်” လို့ ကလတ်တန်ဘတ် က ပြောပြ သွားခဲ့ ပါတယ် ။

 

ကလတ်တန်ဘတ် ဟာ ၂၀၁၇ ခုနှစ် မှာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာ ခဲ့ပြီး

ဒိုင်လူကြီး အဖွဲ့ချုပ် ခေါင်းဆောင် နေရာကို ပရီးမီးယားလိဂ် ဒိုင်ဟောင်း ဟောင်းဝက် ဝဘ် ကို လွှဲပြောင်းပေးခဲ့ ပါတယ် ။

မော်ရင်ဟို ကတော့ ၂၀၁၈ ခုနှစ် ရာသီ အလယ် မှာ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ကနေ

ထုတ်ပယ် ခံခဲ့ရပြီး လက်ရှိ မှာတော့ စီးရီးအေ ကလပ် ရိုးမား အသင်း ကို

နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် နေပြီပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR