နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား ခဲ့တဲ့ အီတလီ စီးရီးအေ ပွဲစဉ်တွေ မှာတော့ ယူဗင်တပ် အသင်းဟာ အေစီမီလန် အသင်းနဲ့

၁ ဂိုးစီ သရေ ကျကာ အဆင့် ၁၈ အထိ ကျဆင်း သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ ဒီရာသီ စီးရီးအေ မှာ လုံး၀ နိုင်ပွဲ မရသေးဘဲ အသင်းရဲ့ သမိုင်း တလျောက် အဆိုးရွားဆုံး

ရာသီ အဖွင့်နဲ့ ကြုံတွေ့ နေရပြီ ဖြစ်ပါတယ် ။

 

မော်ရင်ဟို လက်ထက် မှာ ရှုံးပွဲ ၊ သရေပွဲ မရှိသေးဘဲ ၆ ပွဲ ကစား ၊ ၆ ပွဲလုံး နိုင်ထားတဲ့ ရိုးမား ကတော့ မနေ့ညက ဟဲလက်စ် ဗီရိုနာ အသင်းနဲ့ အတွေ့မှာ ၃-၂ နဲ့ ရှုံးနိမ့်ပြီး ရပ်တန့် သွားခဲ့ပြီ ဖြစ်ပါတယ် ။

 

မော်ရင်ဟို ရဲ့ ရိုးမား နိုင်ပွဲ ရပ်သွား ခဲ့ပေမယ့် ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကတော့ ဂိုးသွင်း မရပ်သေး ပါဘူး ။

မနေ့ ညက ယူနီယံ ဘာလင် ကို ၄-၂ နဲ့ အနိုင် ရတဲ့ ပွဲမှာ ဟာလန်း က ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။

ဒါဟာ ဒေါ့မွန် ကစားသမား ဘ၀ ၆၇ ပွဲ မှာ ၆၈ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့တာပါ ။ ဟာလန်း ရဲ့ ဂိုးသွင်း စွမ်းရည် ကိုတော့ မချီးကျူးဘဲ မနေနိုင်အောင် ပါပဲ ။

စပိန် လာလီဂါ မှာတော့ ရီးရဲ တို့ ပန်းပန် လျက် ပါပဲ ။

မနေ့ ညက မက်စတဲလား မှာ ကစားခဲ့တဲ့ ပွဲမှာ အိမ်ရှင် ဗလင်စီယာ ကို နောက်ကျ သွင်းဂိုး တွေနဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ဗလင်စီယာ ဘက်က ၆၆ မိနစ် မှာ အဖွင့်ဂိုး ရခဲ့ ပေမယ့် ၈၆ နဲ့ ၈၈ မိနစ်တွေ မှာ

ဗီနီဆီယပ် နဲ့ ဘန်ဇီးမား တို့က ရီးရဲ အတွက် ဂိုးတွေ ဆက်တိုက် သွင်းကာ အဆင့် ၁ နေရာကို ဆက်လက် သိမ်းပိုက် ထားနိုင်ခဲ့ ပါတယ် ။

 

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ လိုင်ယွန် အသင်း ကို ၂ – ၁ နဲ့ အနိုင် ကစားပြီး ၁၀၀% အနိုင်ရမှု နဲ့ အတူ

အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင် နေခဲ့ပါတယ် ။

ဒီညမှာ မက်ဆီ ၊ နေမာ နဲ့ ဘာပေ တို့ ၃ ယောက်စလုံး ပွဲထွက် လာခဲ့ ပေမယ့် နေမာ တဦးတည်းသာ

၆၆ မိနစ် ပင်နယ်တီ ကနေ ဂိုးသွင်း နိုင်ခဲ့ ပါတယ် ။

 

လိုင်ယွန် ဟာ လူးကပ်စ် ပါကွီတာ ရဲ့ ၅၄ မိနစ် ဂိုးနဲ့ ဦးဆောင် နေခဲ့တာ ဖြစ်ပြီး နေမာ ရဲ့ ဂိုးကြောင့် သရေ ရလဒ် နဲ့ ပြီးဆုံး ဖို့ အလားအလာ များနေချိန်မှာ

လူစားဝင် တိုက်စစ်မှူး အီကာဒီ က ၉၀+၃ မှာ အနိုင်ဂိုးကို သွင်းယူ ပေးသွားခဲ့ တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း က တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ ဝေဖန်သံတွေ ကို တိတ်ဆိတ် သွားအောင် အစွမ်းပြ သင့်ပြီလို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ကတော့ မနေ့ ညက ပွဲ ရဲ့ နောက်ဆုံး မိနစ် မှာ ရရှိလာတဲ့ ပင်နယ်တီ ကို

အရန်ခုံ က ဝါရင့် ကစားသမားကြီး မက် နိုဘယ် ကို ပေးကန် ခဲ့မှု အပေါ် ကာကွယ် ပြောဆို သွားခဲ့ပြီး

နိုဘယ် ကို ကွင်းထဲ မထည့် နိုင်ခဲ့တာကသာ ပိုပြီး စိတ်ပျက်စရာ ဖြစ် စေလိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ဒါပေမယ့် ဘောလုံး သုံးသပ်သူတွေ ကတော့ မိုရက်စ် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန် ခဲ့ကြပြီး ဆောင်းနက်စ် ၊ လိုင်နီကာ တို့ ဟာ သွေးပူ မလုပ် ထားတဲ့ ၃၄ နှစ် အရွယ် ကစားသမားကြီး ကို လူစားလဲမှု ဟာ မိုရက်စ် မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆို ခဲ့ကြပါတယ် ။

 

ကျန်းမာရေး ဖောက်လာပြန်တာကြောင့် ဆေးရုံတက်ကာ အရေးပေါ် ကုသမှု ခံယူ နေရတဲ့ ဘောလုံး ဂန္ထဝင်ကြီး ပီလီ ရဲ့ အခြေအနေ ဟာ မနေ့က ပိုမို တိုးတက် ကောင်းမွန် လာကြောင်း ပီလီ ရဲ့ သမီး ဖြစ်သူက သတင်းပေး ပြောကြား သွားခဲ့ ပါတယ် ။

 

နာမည်ကျော် လက်ဝှေ့ ချန်ပီယံဟောင်း မန်နီ ပက်ကွီအို က သူဟာ လက်ဝှေ့ လောက ကနေ အနားယူဖို့ နီးစပ် နေပြီး

လာမယ့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ ဖိလစ်ပိုင် နိုင်ငံ ရဲ့ သမ္မတ နေရာ အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖို့ စီစဉ် နေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR