ပင်နယ်တီ မရလို့ မကျေနပ်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား က သူ ဟာ အသင်းရဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ အပေါ်

ယုံကြည်မှု အပြည့် ရှိထားပြီး ပင်နယ်တီ ကာကွယ် နိုင်မယ်လို့ မျှော်လင့် ထားကြောင်း

 

ယမန်နေ့ ညက ဝက်စ်ဟမ်း ကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ

ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဆိုးရှား က ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန် ရဲ့ ဆုံးဖြတ်ချက် တွေ အပေါ်လည်း

မေးခွန်း ထုတ်သွား ခဲ့ပြီး ဒုတိယပိုင်း မှာ ရိုနယ်ဒို အပေါ် ပြစ်ဒဏ်ကျူးလွန် မှုတွေကနေ

ပင်နယ်တီ ရခဲ့သင့်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ ဝက်စ်ဟမ်း အိမ်ကွင်း မှာ နောက်ကနေ လိုက် ကစားပြီး အနိုင် ရခဲ့ ပါတယ် ။

အိမ်ရှင် အတွက် ဘန်ရာမာ က မိနစ် ၃၀ မှာ ကန်သွင်းပြီး ဂိုးရယူ ခဲ့တာ ဖြစ်ကာ

ရိုနယ်ဒို က နောက် ၅ မိနစ် အကြာမှာ ယူနိုက်တက် အတွက် ချေပဂိုး ပြန်သွင်း ပေးခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ ၂ သင်းစလုံး ဂိုးရဖို့ ကြိုးစား ခဲ့ကြပြီး

ပွဲပြီးခါနီး မှာတော့ လူစားဝင် လာတဲ့ ဂျက်ဆီ လင်ဂတ် က ဧရိယာ အတွင်း ကနေ လှလှပပ

ကန်သွင်းကာ မန်ချက်စတာ ယူနိုက်တက် ကို ၂ – ၁ နဲ့ ဦးဆောင်စေခဲ့ ပါတယ် ။

နာကျင် အချိန်ပို မှာ လုခ်ရှော လက်နဲ့ ဘောလုံး ထိခဲ့ရာကနေ ဝက်စ်ဟမ်း တို့ ပင်နယ်တီ ရခဲ့ ပေမယ့်

မက် နိုဘယ် ရဲ့ ကန်ချက်ကို ဒီဂီယာ ပုတ်ထုတ် ကာကွယ် နိုင်ခဲ့တာကြောင့် ယူနိုက်တက် တို့ အိမ် အပြန် ခရီးမှာ ၃ မှတ် အပြည့် ရရှိခဲ့ကြပါတယ် ။

 

နိုဘယ် ဟာ ဝက်စ်ဟမ်း ရဲ့ ဝါရင့် ကစားသမားကြီး ဖြစ်သလို

ပင်နယ်တီ ကန်သွင်းမှု မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင် ထားပါတယ် ။

ဒါပေမယ့် ဒီည မှာတော့ ၂၀၁၆ ကစပြီး ပင်နယ်တီ မကာကွယ် နိုင်တဲ့ ဒီဂီယာ ရဲ့ အံ့အားသင့်ဖွယ်

လက်စွမ်းပြမှု အောက်မှာ နိုဘယ် ရော နိုဘယ် ကို လူစားလဲ ထည့်ခဲ့တဲ့ ဝက်စ်ဟမ်း နည်းပြ မိုရက်စ်ပါ မျက်နှာ ပျက်စရာ ဖြစ်ခဲ့ရ ပါတယ် ။

ဆိုးရှား ကတော့ သူဟာ ဒေးဗစ် ဒီဂီယာ အပေါ် ယုံကြည်မှု အပြည့် ရှိနေပါတယ် လို့ ပြောဆို ခဲ့သလို

ကစားပုံ အတွက်လည်း ကျေနပ် မိပါတယ် လို့ ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

 

“အနိုင် ရလဒ် အတွက် ပျော်မိ ပါတယ် ။ တကယ်လည်း နိုင်ဖို့ ထိုက်တန် ခဲ့တာပါ ။

ကစားပုံ ကောင်းခဲ့တယ် ၊ အခွင့်အရေး တွေ လည်း ဖန်တီး နိုင်ခဲ့ ပါတယ် ။

ပြိုင်ဘက်ကို အမှားတွေ လုပ်မိအောင် လည်း ဖိအားပေး ကစားနိုင် ခဲ့ ပါတယ် ။

အကောင်းဆုံး ကတော့ ဒေးဗစ် ပင်နယ်တီ ကာကွယ် နိုင်ခဲ့ တာပါပဲ ။

ပင်နယ်တီ နဲ့ ပတ်သက်ပြီး သူ့ကို ကျွန်တော် အမြဲ ယုံကြည် ခဲ့ ပါတယ် ။

မနှစ် တုန်းကလည်း ပဲလေ့စ် နဲ့ ပွဲမှာ သူ လုပ်နိုင်ခဲ့ ပါတယ် ၊ အဲ့ဒိ တုန်းက ခြေထောက်က

စည်းပေါ် ကနေ နည်းနည်းလေးပဲ လွတ် သွားခဲ့တာပါ ။ မဟုတ်ရင် မနှစ် ကတည်းက သူ ပင်နယ်တီ ကာကွယ်မှု ရထားပြီး ပါပြီ”

“မက် နိုဘယ် က ပင်နယ်တီ ကောင်းပါတယ် ။

သူဝင်လာတော့မှာကို မြင်လိုက် ရတော့ ကျွန်တော် စိတ်ညစ် သွားခဲ့တာပါ ။

နိုင်နေရာကနေ အိမ်ကို ၁ မှတ်တည်းနဲ့ ပြန်ရ တော့မယ်လို့လည်း တွေးနေ မိပါတယ် ။

ဒါပေမယ့် ကံကောင်းချင်တော့ ဒေးဗစ် က ဒီပင်နယ်တီ ကို ကာကွယ် လိုက်ပါတယ် ။

သူ့ အတွက်တော့ လက်စွမ်းကောင်းတွေကို ဆက်ပြီး ထိန်းသိမ်း နိုင်ခဲ့ တာပါပဲ” လို့ ဆိုးရှား က ပြောဆို ခဲ့ပါတယ် ။

 

ယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဒုတိယပိုင်း မှာ

ဝက်စ်ဟမ်း ဧရိယာ အတွင်းမှာ ၃ ကြိမ် ပြစ်ဒဏ်ကျူးလွန် ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် ကွင်းလယ်ဒိုင် အက်ကင်ဆန် ကတော့ VAR အဖွဲ့ရဲ့ သုံးသပ်ချက် နဲ့ အတူ ၃ ကြိမ်စလုံးမှာ

ပင်နယ်တီ ပေးဖို့ ကို လျစ်လျူ ရှုခဲ့ ပါတယ် ။

အဲ့ဒါ နဲ့ ပတ်သက်ပြီးလည်း ဆိုးရှား က “ပင်နယ်တီ က ၂ လုံး ရသင့်ပါတယ် ၊ ပထမ တခု နဲ့ နောက်ဆုံး တခါပါ ။

ပထမ တခုက ရိုနယ်ဒို ရဲ့ ခြေထောက် လမ်းကြောင်း ကို ဝက်စ်ဟမ်း ကစားသမားက ခြေထောက် ထုတ်ပြီး တားခဲ့တာပါ ။

နောက်ဆုံး တခါကလည်း အရှင်းကြီးပါပဲ ။

ဒါပေမယ့် ကျွန်တော်တို့ ပင်နယ်တီ မရခဲ့ပါဘူး”

 

“ဒီတော့ ပြဿနာက ဘာလဲ ?

ခရစ္စတီယာနို ရိုနယ်ဒို တောင်းရင် မပေးဘူးလို့များ တွေးထား ကြတာလား ?

ဒါမျိုး မဖြစ်လာဖို့ပဲ မျှော်လင့် မိပါတယ်” လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ကြားရက် မှာလည်း ကာရာဘောင် ဖလား ပွဲစဉ် အဖြစ်

ဝက်စ်ဟမ်း အသင်း နဲ့ပဲ ဆက်လက် ယှဉ်ပြိုင် ကစား ရဦးမှာ ဖြစ်ပါတယ် ။

လာမယ့် ပိတ်ရက် မှာတော့ ယူနိုက်တက် ဟာ အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်းမှာ

လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR