မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက် ဟာ မနေ့ ညက ဝက်စ်ဟမ်း အသင်း ရဲ့ အဝေးကွင်းမှာ ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တာ ကြောင့်

ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီး မှာ ရမှတ် ၁၃ မှတ် ရရှိ ထားပြီး

 

ထိပ်ဆုံးက ချဲလ်ဆီး ၊ လီဗာပူး တို့နဲ့ အမှတ်တူ ၊ ဂိုးကွာခြားချက် အနိမ့် နဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ဂိုးတွေ ကိုတော့ ရိုနယ်ဒို နဲ့ ဂျက်ဆီ လင်ဂတ် တို့က သွင်းယူ ပေးသွားခဲ့ကြတာပါ ။

 

ယူနိုက်တက် ကစားသမားဟောင်း မိုက်ကယ် အိုဝင် ကတော့ လင်ဂတ် အောင်ပွဲ မခံမှု အပေါ် အားမရမိ ကြောင်း ပြောဆို ခဲ့ ပါတယ် ။ လင်ဂတ် ကတော့ မနှစ်က အငှားထွက် ကစားစဉ် မှာ သူနဲ့ ကောင်းမွန်တဲ့

ဆက်ဆံရေးတွေ ရှိခဲ့သလို မနေ့က သူ လူစားဝင် လာချိန်မှာလည်း လက်ခုပ်တီး ဂုဏ်ပြု ခဲ့တဲ့

ဝက်စ်ဟမ်း ပရိသတ်တွေ ရှေ့မှာ လေးစားမှု ကို ပြသတဲ့ အနေနဲ့ အောင်ပွဲ မခံဖို့ လိုလားခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား ကတော့ လင်ဂတ် ဟာ လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားမယ့် ကာရာဘောင် ဖလားပွဲ မှာ ကျိန်းသေ ပါဝင် ကစားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ဒီပွဲမှာ ဝက်စ်ဟမ်း အသင်းကိုပဲ အိမ်ကွင်းမှာ ပြန်လည် လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။

 

ယူနိုက်တက် လက်ထောက် နည်းပြ မိုက်ကယ် ကာရစ် ကလည်း ပွဲအပြီး ဥမင် အ၀ မှာ ပွဲကြည့်စင်ပေါ်က

ဝက်စ်ဟမ်း ပရိသတ်တွေ နဲ့ ပြောဆို ငြင်းခုန် နေတဲ့ ပေါလ် ပေါ့ဘာ ကို အထဲ ဝင်ဖို့ ဆွဲခေါ် သွားခဲ့ရတယ် လို့လည်း ကြားသိရ ပါတယ် ။

 

အင်တာ မီလန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် မှာ နေရာ ပျောက် နေတဲ့ နယ်သာလန် ကွင်းလယ်လူ

ဒွန်နီ ဗန်ဒီဘိ ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ ဗန်ဒီဘိ အပါအဝင် မာရှယ် ၊ ဘိုင်လီ ၊ ဂျုံးစ် ၊ ဒါးလော့ တို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးကွက်တင် ရောင်းထုတ် သွားဖို့ အစီအစဉ် ရေးဆွဲ နေတယ်လို့ သိရ ပါတယ် ။

 

ဒါပေမယ့် ဂျက်ဆီလင်ဂတ် ၊ ဖာနန်ဒက်စ် ၊ ပေါ့ဘာ နဲ့ လုခ်ရှော တို့ကိုတော့ စာချုပ်သက်တမ်းတိုးဖို့ ယူနိုက်တက် တို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ ပေါ့ဘာ ကို တပတ် လုပ်ခ ပေါင် ၄ သိန်း အထိ တိုးပေးပြီး ပရီးမီးယားလိဂ် ရဲ့ လုပ်ခ အများဆုံး ကစားသမား ဖြစ်အောင် လုပ်ဆောင် သွားဖို့ ရှိနေတယ် လို့လည်း သိရ ပါတယ် ။

 

တချိန် က မန်ချက်စတာ ယူနိုက်တက် ရဲ့ နာမည်ကျော် ၉၂ အကယ်ဒမီ မျိုးဆက် ၂ ဦး ဖြစ်တဲ့ ဒေးဗစ် ဘက်ခမ်း နဲ့ ဖိလစ် နဗီးလ် တို့ ရဲ့ သားတွေ ဟာ ခုချိန် မှာ အသင်းဖော်တွေ ဖြစ်လာခဲ့ ပါပြီ ။

ဒီကနေ့ မနက်ပိုင်းမှာ ကစား ခဲ့တဲ့ မေဂျာလိဂ် အရန် အသင်း ပွဲစဉ်မှာ ဘက်ခမ်း ရဲ့ သားကြီး ရိုမီရို ဘက်ခမ်း ဟာ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ ပွဲစဉ် ကို စတင် ခဲ့ပြီး ဖိလစ် နဗီးလ် ရဲ့ သားဖြစ်သူ ဟာဗေး နဗီးလ် လည်း အတူပါဝင် ခဲ့တယ်လို့ သိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြဟောင်း တင်ရှားဝုဒ် က ရိုနယ်ဒို ဟာ တနေ့ မှာ ဘောလုံး ကစားခြင်း ကနေ အနားယူပါက နည်းပြ ဘ၀ ထဲ ကို ကူးပြောင်း လာနိုင်ပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ နည်းပြ အဖြစ် ပြန်လည် မြင်တွေ့ ရနိုင်တယ် လို့ ခန့်မှန်း ပြောဆို သွားခဲ့ ပါတယ် ။

 

ရိုနယ်ဒို ကလည်း မနေ့က ပွဲ အပြီးမှာ “ပရီးမီးယားလိဂ် က ပွဲတိုင်းဟာ ၃ မှတ် အတွက် တိုက်ပွဲ ဝင် ရတဲ့ အံ့သြစရာ ပွဲတွေ ပါပဲ ။

ဒီနေ့ ငါတို့ ရယူထားသမျှ အားလုံးကို မျက်စိတမှိတ် အတွင်း ဆုံးရှုံး ရလုဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ငါတို့ စိတ်တွေကို အဆင်သင့် ပြင်ပြီး ရှေ့ကို ဆက်သွားရမှာပါ ။

အတူတကွ ၊ သန်မာမယ် ၊ အာရုံစိုက်မယ် ၊ ဆက်သွားကြမယ် သရဲနီတို့” ဆိုပြီး သူ့ရဲ့ ဆိုရှယ် မီဒီယာ မှာ ရေးသား သွားခဲ့ ပါတယ် ။

 

ယမန်နေ့ ညက ကစား သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အပေါ် MEN ( Manchester Evening News ) က သတ်မှတ် ပေးထားတဲ့ Rating တွေကတော့ –

 

ဒီဂီယာ ၈

ဘစ်ဆာကာ ၆ ၊ ဗာရန်း ၇ ၊ မက်ဂွဲယား ၅ ၊ လုခ်ရှော ၆

တော်မီနေး ၆ ၊ ဖရက်ဒ် ၄

ဂရင်းဝုဒ် ၆ ၊ ဖာနန်ဒက်စ် ၆ ၊ ပေါ့ဘာ ၆

ရိုနယ်ဒို ၆

 

လူစားဝင် ကစားသမားများ – လင်ဂတ် ၈ ၊ ဆန်ချို ၅ ၊ မာတစ် ၅ တို့ပဲ ဖြစ်ကြပါတယ် ။

 

ဒေးဗစ် ဒီဂီယာ နဲ့ ဂျက်ဆီ လင်ဂတ် တို့ကတော့ ဒီတပတ် ပရီးမီးယားလိဂ် အတွက် ဘီဘီစီ ရဲ့ တပတ်တာ အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့ကြပါတယ်။

ယူနိုက်တက် ရဲ့ ရှေ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ ကတော့ –

အက်စတွန် ဗီလာ ( အိမ်ကွင်း )

အဲဗာတန် ( အိမ်ကွင်း )

လက်စတာ ( အဝေးကွင်း )

လီဗာပူး ( အိမ်ကွင်း )

တော့တင်ဟမ် ဟော့စပါး ( အဝေးကွင်း ) တို့ပဲ ဖြစ်ကြပါတယ် ။

 

SPORTS MYANMAR