ယနေ့အတွက် နောက်ဆုံးရ အားကစား သတင်းများ

အဲဗာတန် အသင်း ကနေ ထွက်ခွာ ချင်တဲ့ ကိုလံဘီယာ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ဟာ ဒီလ ထဲမှာပဲ အသင်း ပြောင်းရွှေ့ သွားဖို့ ရှိနေပြီ လို့ သိရ ပါတယ် ။

ဥရောပ ရဲ့ အပြောင်းအရွှေ့ ပိတ်သွားပြီ ဖြစ်ပေမယ့် ဟာမက် ဟာ အာရှတိုက် နိုင်ငံ ဖြစ်တဲ့ ကာတာ လိဂ် က ကလပ် အသင်း တသင်းနဲ့

ဆွေးနွေး ပြောဆိုမှု ပြုလုပ်ကာ ပြောင်းရွှေ့ဖို့ စီစဉ် နေတယ်လို့ သိရ ပါတယ် ။

အဲဗာတန် နည်းပြ ဘင်တီနက် ကလည်း ဟာမက် ရိုဒရီဂွက် ဟာ သူ့ရဲ့ အစီအစဉ် မှာ မပါဝင်ကြောင်း

အသိပေး ပြောဆို ထားပြီး ဖြစ်တာကြောင့် အသက် ၃၀ အရွယ် ကွင်းလယ်လူ ဟာ အသင်းသစ် ကို မဖြစ်မနေ ရှာဖွေ ဖို့ ဖြစ်လာခဲ့ ပါတယ် ။

 

ဂယ်ရီနဗီးလ် က ဟယ်ရီကိန်း ဟာ စပါး တို့ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းကို ဝင်ရောက် နိုင်မှာ မဟုတ်တော့ဘူးလို့

တွေးတော မိနေပြီး ချဲလ်ဆီး နဲ့ ပွဲ အပြီးမှာ စိတ်လျော့လိုတဲ့ ပုံစံ မျိုးတွေကို မြင်တွေ့ နေရတာဟာ

အင်္ဂလန် တိုက်စစ်မှူး အတွက် စိတ်ပူမိစေတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

၂၀၂၂ ကမ္ဘာ့ဖလား ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ကာတာ နိုင်ငံ ဟာ ကိုဗစ် ဆေး မထိုးထားတဲ့ ဘောလုံး သမားတွေကို ပါဝင် ကစားခွင့် ပိတ်ပင် သွားဖွယ် ရှိနေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှား ကတော့ ဝက်စ်ဟမ်း ကို အနိုင် ကစားခဲ့တဲ့ ပွဲအပြီး

အမှတ်ပေး ချန်ပီယံဆု အလားအလာ နဲ့ ပတ်သက်လို့ မေးမြန်း ခံခဲ့ရာမှာတော့

 

“မနေ့တနေ့ကပဲ ကျွန်တော် ပြုတ်တော့ မလိုလို ခင်ဗျားတို့ ပြောခဲ့ ကြတာလေ ၊ အခုကတော့ ဖလားမျှော်လင့်ချက်တဲ့လား”

လို့ ဟာသလုပ်ကာ ပြန်လည် မေးခွန်းထုတ် သွားခဲ့ ပါတယ် ။

 

ပရီးမီးယားလိဂ် မှာ ကစားသမျှ ပွဲတိုင်း ရှုံးနိမ့် ထား အပြီးမှာတော့ တန်းတက် နောဝှစ်ချ် စီးတီး နည်းပြ ဒန်နီရယ် ဖာကီ ဟာ

ဒီရာသီ ထုတ်ပယ်ခံ ရနိုင်တဲ့ နည်းပြ စာရင်းမှာ ထိပ်ဆုံးကနေ အလေးပေး ခံလာရပြီ ပဲ ဖြစ်ပါတယ် ။

 

ဥရောပ ထိပ်သီး ကလပ်တွေ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ဘဏ္ဍာရေး နှစ်တွေမှာ ဘယ်လောက် အရှုံးပြ ခဲ့ကြောင်း အသီးသီး ထုတ်ပြန် ကြေညာ လာခဲ့ ပါတယ် ။

လက်ရှိ အချိန်အထိ ထုတ်ပြန်ထားတဲ့ အသင်းတွေ မှာတော့ ဘာစီလိုနာ ဟာ ယူရို သန်း ၄၈၀ ကျော် အရှုံးပေါ်ပြီး အများဆုံး အဖြစ် ရပ်တည်နေပါတယ် ။

သူ့ရဲ့ နောက်မှာတော့ ယူဗင်တပ် က ယူရို သန်း ၂၁၀ ၊ မန်ယူနိုက်တက် က ယူရို ၂၀၄ သန်း ၊ ဒေါ့မွန် က ယူရို သန်း ၇၀ ကျော် အရှုံးပေါ်ခဲ့တယ်လို့ သိရ ပါတယ် ။

ထူးခြားတာကတော့ ရီးရဲ မက်ဒရစ် ဖြစ်ပြီး ဥရောပ ထိပ်သီးတွေ အရှုံးပေါ် နေချိန်မှာ ယူရို ၁ သန်း အမြတ် ထွက်ခဲ့ကြောင်း ထုတ်ပြန် သွားခဲ့ ပါတယ် ။

ယမန်နေ့ ညက ယူဗင်တပ် နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ အေစီမီလန် နောက်ခံလူ ဆိုင်မွန် ခါဂျာ ရဲ့ ဒဏ်ရာဟာ ပြင်းထန်မှု မရှိဘူးလို့ သိရ ပါတယ် ။

အေစီမီလန် တိုက်စစ်မှူးကြီး ဇလာတန် ကတော့ သီးသန့် လေ့ကျင့်မှု စတင် ပြုလုပ်နိုင်ပြီ ဖြစ်ကာ

အိုလီဗာ ဂျီရူး ကတော့ အပြေးလေ့ကျင့်မှုတွေ လုပ်ဆောင် နိုင်တဲ့ အထိ တိုးတက် လာပြီလို့ ကြားသိရ ပါတယ် ။

 

ဘာစီလိုနာ အသင်း အနေနဲ့ နည်းပြ ရော်နယ် ကိုးမန်း ကို စာချုပ်သက်တမ်း မတိုးဘဲ ဒီရာသီ အကုန်မှာပဲ ထုတ်ပယ် လိုက်မယ် ဆိုပါက ယူရို ၆ သန်း ပေးလျော် ရမယ်လို့ သတင်းထွက် ပေါ်လာခဲ့ ပါတယ် ။

 

နည်းပြကြီး အန်ဆယ်လော့တီ လက်အောက်မှာ ပုံစံကောင်းတွေ ရရှိနေပြီး လာလီဂါ မှာ ရှုံးပွဲ မရှိ အမှတ်ပေး ဇယားကို ဦးဆောင် ထားနိုင်တဲ့

ရီးရဲမက်ဒရစ် အသင်းဟာ ယမန်နေ့ ညက ဗလင်စီယာ အသင်းကို အနိုင် ကစားအပြီးမှာ အနားမယူဘဲ

ဒီကနေ့ နံနက်ပိုင်းမှာ ပြန်လည် လေ့ကျင့်မှု ပြုလုပ် သွားခဲ့တယ်လို့ သိရှိရ ပါတယ် ။

လီဗာပူး အသင်းရဲ့ လက်ထောက် နည်းပြ ကတော့ ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ် နဲ့ နောက်ခံလူ အလက်ဇန်းဒါး အာနိုးလ် တို့ ဟာ ကြားရက်မှာ ကစားမယ့် ကာရာဘောင် ဖလားပွဲစဉ် ကို လွဲချော်မယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

အလန် ရှီးယား ရွေးချယ် ပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အတွက် အကောင်းဆုံး အသင်း –

ဒီဂီယာ ( မန်ယူနိုက်တက် )

သီယာဂို ဆေးလ်ဗား ( ချဲလ်ဆီး ) ၊ ဘက်နာရက် ( ဆောက်သမ်တန် ) ၊ ရူဒီဂါ ( ချဲလ်ဆီး )

ကတ်ရှ် ( ဗီလာ ) ၊ ရိုမီရူ ( ဆောက်သမ်တန် ) ၊ ကန်တီ ( ချဲလ်ဆီး ) ၊ အလွန်ဆို ( ချဲလ်ဆီး )

ဆား ( ဝက်ဖိုဒ့် ) ၊ တိုနီ ( ဘရန့်ဖိုဒ့် ) ၊ စိန့် မက်ဆီမင် ( နယူးကာဆယ် )

 

SPORTS MYANMAR