နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ အိမ်ကွင်းမှာ ဂရန်နာဒါ အသင်း ကို ၁ ဂိုးစီ သရေ ကျခဲ့ပါတယ် ။

 

ဒီပွဲ ရလဒ်ကြောင့် ဘာစီလိုနာ တို့ အဆင့် ၇ မှာသာ ရှိနေသေးပြီး အဆင့် ၁ က ရီးရဲ မက်ဒရစ် နဲ့ ၅ မှတ် အထိ ကွာဟ နေခဲ့ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ မှာ ကစားဖို့ ပွဲကျန် တပွဲ ကျန်ရှိလို့ နေပါသေးတယ် ။

ဧည့်သည် ဂရန်နာဒါ ဟာ ပွဲချိန် ၂ မိနစ် ကတည်းက ဘာစီလိုနာ ဘက်ကို ဂိုးသွင်းကာ ဦးဆောင် ထားနိုင်ခဲ့ တာ ဖြစ်ပြီး

ဘာစီလိုနာ ကစားသမားလေး အာရူဟို က မိနစ် ၉၀ ရောက်မှသာ ချေပဂိုး ပြန်လည် သွင်းယူ ပေးနိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ နာပိုလီ အသင်းဟာ အူဒီနီးစ် ကို အဝေးကွင်းမှာ ၄-၀ နဲ့ အနိုင် ကစားပြီး အမှတ်ပေး ဇယား ကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။

နာပိုလီ အတွက် အိုဆင်ဟမ်း ၊ ကူလီဘာလေ ၊ လိုဇာနို နဲ့ ရာမာနီ တို့က ၁ ဂိုးစီ သွင်းပေး ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်ထိ စီးရီးအေ မှာ ၁၀၀% အနိုင် ရထားတဲ့ အသင်း အဖြစ် ဆက်လက် တည်တံ့ နေခဲ့ ပါတယ် ။

 

နာပိုလီ နည်းပြကြီး လူစီယာနို စပါယ်လက်တီ ကတော့ အခုလို ပုံစံကောင်းတွေ ရရှိ နေပေမယ့် မီလန် ၂ သင်း ( အေစီ ၊ အင်တာ ) ဟာ ဒီရာသီ စီးရီးအေ အမှတ်ပေး ချန်ပီယံဆု အတွက် ပိုမို ရေပန်းစားတဲ့ အသင်းတွေ ဖြစ်ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး ဟာ ဒိန်းမတ် နောက်ခံလူ အန်ဒရေ ခရစ်ရှန်ဆန် ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ နီးစပ် နေပြီလို့ သိရ ပါတယ် ။

ခရစ်ရှန်ဆန် ဟာ စာချုပ်သစ် ချုပ်ဆို ပြီးပါက တပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ ထိ ရရှိမယ် လို့ ကြားသိရ ပါတယ် ။

 

အင်တာမီလန် အသင်းရဲ့ ကစားသမား ၃ ဦး ဖြစ်တဲ့ ဗီဒယ် ၊ ဆန်ဆီ နဲ့ အန်ဟဲ ကော်ရီယာ တို့ကတော့ ဒဏ်ရာ တွေကြောင့် ကြားရက်မှာ ကစားမယ့် ပွဲစဉ်တွေ ကို ပါဝင် နိုင်မှာ မဟုတ်ဘူးလို့ ကြားသိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် ဝါရင့် ကွင်းလယ်လူ တိုနီ ကရူးစ် ကတော့ မနေ့က ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ ပြန်လည် မြင်တွေ့ ခဲ့ရပြီး မကြာခင်မှာ ပြန် ကစားပေး နိုင်ဖွယ် ရှိတယ် လို့ သတင်းကောင်း ကြားသိရ ပါတယ် ။

 

မန်စီးတီး အသင်းမှာလည်း ကွင်းလယ်လူ ဂွန်ဒိုအမ် ဒဏ်ရာ ထပ်မံ ရရှိ သွားခဲ့ပြီး စတုန်း ၊ ဇင်ချန်ကို ၊ လာပေါ့တ် ၊ ရိုဒရီ တို့လည်း ဒဏ်ရာ အသီးသီး ရရှိ နေကြတယ် လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ပရိသတ် တဦး ဟာ နည်းပြ အာတီတာ နဲ့ တွစ်တာပေါ်မှာ ပြုလုပ် ခဲ့တဲ့ Q & A အစီအစဉ် မှာ အာဆင်နယ် အသင်းဘက်က အကောင့်တု ပြုလုပ်ကာ ကြိုတင် ဇာတ်တိုက် ထားတဲ့ မေးခွန်း ကို အမေးအဖြေပြု လုပ် သွားခဲ့တယ် လို့ သံသယ ရှိတာကြောင့် တွစ်တာ ရုံးချုပ် ကို တိုင်ကြား ထားတယ်လို့ သိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကတော့ ပေါလ် ပေါ့ဘာ ကို စာချုပ် သက်တမ်း မတိုးနိုင်ခဲ့ ပါက အေစီမီလန် ရဲ့ အိုင်ဗရီကိုစ့် ကွင်းလယ်လူ ဖရန့် ကတ်ဆီ ကို ခေါ်ယူ ဖို့ စီစဉ် နေတယ်လို့ သိရ ပါတယ် ။

လီဗာပူး ကလည်း ကတ်ဆီ ရဲ့ အခြေအနေ ကို စောင့်ကြည့် နေပြီး အေစီ ကတော့ ၁ နှစ် သက်တမ်းသာ ကျန်တော့တဲ့ ကတ်ဆီ ရဲ့ စာချုပ်ကို သက်တမ်း တိုးနိုင်ဖို့ ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

 

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် က ဂျက်ဆီ လင်ဂတ် ဟာ တရာသီ ကို ပွဲ ၄၀-၅၀ လောက် ကစားနိုင်တဲ့ ကစားသမား တဦး ဖြစ်တယ်လို့ ညွှန်းဆို လိုက်ပြီး

နွေရာသီ တုန်းက လင်ဂတ် ကို ထွက်ခွာခွင့် မပြု ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အပေါ် မေးခွန်းထုတ်သွား ခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ဒိုင်လူကြီး အဖွဲ့ချုပ် ဟာ ဝက်စ်ဟမ်း – မန်ယူနိုက်တက် ပွဲစဉ်က ပင်နယ်တီ ဖြစ်ရပ်တွေ နဲ့ ပတ်သက်ပြီး ထုတ်ပြန်သွားခဲ့ ရာမှာတော့ ရိုနယ်ဒို အပေါ် ပြစ်ဒဏ် ကျူးလွန် ခဲ့တာကြောင့် ပင်နယ်တီ ရခဲ့ သင့်တယ်လို့ အတည်ပြု ပေးသွားခဲ့ ပါတယ် ။

 

ဒေါ့မွန် လူငယ် ကစားသမားလေး ဂျုဒ် ဘယ်လင်ဟမ် ဟာ အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ခေါင်းဆောင် တယောက်လို စကားပြောဆို စည်းရုံး နိုင်စွမ်း ရှိတယ်လို့ ဒေါ့မွန် ဝါရင့် ကစားသမားကြီး မတ် ဟမ်းမဲလ် က ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ တုန်းက ကွယ်လွန် သွားခဲ့တဲ့ အသင်းရဲ့ ဂန္ထဝင် ကစား သမားကြီး ဂျင်မီ ဂရေဗ့် အတွက် ရုပ်တု ထုလုပ် ဂုဏ်ပြု ဖို့ အစီအစဉ် မရှိ သေးဘူးလို့လည်း ကြားသိရ ပါတယ် ။

SPORTS MYANMAR