ရှိတာနဲ့ လှအောင်ပြင်နေရတဲ့ မိမိ အနေနဲ့ ထုတ်ခံရမှာကို မကြောက်ဘူးလို့ ဘာဆာ နည်းပြ ကိုးမန်း ပြောဆို

ဘာစီလိုနာ အသင်းရဲ့ နည်းပြ ရော်နယ် ကိုးမန်း က သူ့လက်ထဲက အသင်းဟာ ပရိသတ်တွေ မျှော်လင့် ထားကြတဲ့

 

လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ် ကျော်တုန်းက အသင်းလိုမျိုး မဟုတ်တော့ကြောင်း ယမန်နေ့ ညက ပွဲ အပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အိမ်ကွင်းမှာ ဂရန်နာဒါ အသင်းကို လက်ခံ ကစား ခဲ့ပြီး ၁ ဂိုးစီ သရေ ကျခဲ့ပါတယ် ။

ဧည့်သည် ဂရန်နာဒါ ဟာ ပွဲအစ ၂ မိနစ် မှာကတည်းက ဦးဆောင်ဂိုး ရယူ ထားနိုင် ခဲ့တာ ဖြစ်ပြီး

ဘာစီလိုနာ ဘက်က မိနစ် ၉၀ မှသာ ချေပဂိုး ပြန်လည် သွင်းယူ နိုင်ခဲ့ ပါတယ် ။

ဒါကြောင့် ဘာစီလိုနာ ဟာ ၄ ပွဲ ကစား အပြီးမှာ ရမှတ် ၈ မှတ် နဲ့ အဆင့် ၇ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် မှာ တုန်းကလည်း ဘိုင်ယန်မြုးနစ် ကို အိမ်ကွင်းမှာ ၃ – ၀ နဲ့ ရှုံးနိမ့် ထားခဲ့ပြီး

ဝေဖန်မှုတွေ ရဲ့ အောက်ကို ကျရောက် နေခဲ့ ပါတယ် ။

ဒီလို အချိန် မှာ အခုလို သရေပွဲ ဖြစ်ပေါ် ခဲ့မှု ဟာ ပရိသတ်တွေ ကို ထပ်မံ စိတ်ပျက် စေခဲ့ပြီး နည်းပြ ကိုးမန်း ကို ထုတ်ပယ် စေလိုသူတွေ ပိုမို များပြား လာစေခဲ့ ပါတယ် ။

ဒါပေမယ့် ရော်နယ်ကိုးမန်း ကတော့ သူ့အနေနဲ့ ထုတ်ပယ် ခံရမှာကို စိုးရိမ်မှု လုံး၀ မရှိကြောင်းနဲ့

 

လက်ရှိ ဘာစီလိုနာ အသင်းရဲ့ အင်အား ဟာ ဆုဖလားတွေ ရယူ ခဲ့တဲ့ ၂၀၁၅ ဝန်းကျင် တုန်းက အသင်းလိုမျိုး

ဘက်စုံ တောင့်တင်းမှု ရှိနေတဲ့ အသင်း မဟုတ်ဘူးဆိုတာကို သဘောပေါက် ကြဖို့ ပြန်လည် ပြောဆို သွားခဲ့ ပါတယ် ။

 

“ကျွန်တော့ အသင်းမှာ ဘယ်သူတွေ ရှိလဲ ဆိုတာ ကြည့်လိုက် ကြပါဦး ။

ဒီလူတွေ နဲ့ အကောင်းဆုံး ကျွန်တော်တို့ ကစား ပေးနေတာပါ ။

တီကီ တာကာ နေ့တွေ တုန်းကလို လူမျိုးတွေ အသင်းမှာ မရှိ ပါဘူး ။

ကိုယ်အားသန် တဲ့ ပုံစံ နဲ့ပဲ ကိုယ် ကစားရမှာပါ ။

ကျွန်တော် ကတော့ အသင်းရဲ့ ကစားပုံ ကောင်းတယ်လို့ ထင်ပါတယ် ၊ အချိန် နည်းနည်းသာ ပိုရခဲ့ရင် နိုင်လောက် မှာပါ ။

ကျွန်တော် ပွဲတွေ ကို ၄-၃-၃ နဲ့ စဖွင့် ပါတယ် ။ ပြီးရင်တော့ အရန်ခုံမှာ ဘယ်သူတွေ ရှိတယ် ဆိုတဲ့ အပေါ် မူတည်ပြီး အပြောင်း အလဲ လုပ် သွားတာပါ ။

ဘာစီလိုနာ က လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ် တုန်းက အသင်းမျိုး မဟုတ်ပါဘူး ။

ဒါကို လက်ခံ ဖို့ လိုပါတယ်”

“တကယ်လို့ အန်ဆု ဖာတီ နဲ့ ဒမ်ဘီလီ တို့ ပြန်ပါ လာနိုင်မယ် ဆိုရင်တော့ ပိုပြီး ကောင်းလာမှာပါ ။

ကွဲပြားတဲ့ နည်းလမ်းတွေ နဲ့ ထိုးဖောက် နိုင်ပြီး အသင်းရဲ့ အင်အားလည်း ပိုတောင့်တင်း လာမှာပါ ။

ဒီနေ့ ပွဲမှာ ဂရန်နာဒါ ရဲ့ ခံစစ် ကစားပုံက အရမ်း ကျစ်လျစ် ခဲ့ ပါတယ် ။

နေရာလွတ် မရှိလောက်အောင်ပါပဲ ။ ဂိုးစောစော ရသွားခဲ့တာက သူတို့ အကြိုက် ဖြစ်သွား စေခဲ့တာပါ ။

နောက်တန်း ကို လူအများကြီး နဲ့ ပိတ်ထားခဲ့ ပါတယ် ။

ဒါပေမယ့် နောက်ဆုံး မှာတော့ ကျွန်တော်တို့ ချေပဂိုး ပြန်သွင်း နိုင်ခဲ့ ပါတယ် ။

၂ မှတ် ဆုံးရှုံး သွားတာ ကတော့ စိတ်မကောင်း စရာပါပဲ ။

အသင်းရဲ့ ဒုတိယပိုင်း ကစားပုံ ကို ကျွန်တော် အားရ မိပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ထိုက်တန်တဲ့ ရလဒ် ကို ရခဲ့တယ် လို့ပဲ ကျွန်တော် ယူဆထားပါတယ်”

“ခုချိန် မှာတော့ အနာဂါတ် နဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မပြောချင် ပါဘူး ။

ကျွန်တော် ပြောနိုင်တာက ကျွန်တော် ဟာ လက်ရှိ လူတွေ နဲ့ အကောင်းဆုံး ဖြစ်မယ့် နည်းလမ်းကို ရွေးချယ် လုပ်ဆောင် နေတယ် ဆိုတာပါပဲ ။

အသင်းက ဟန်ချက်ညီညီ ကစားနိုင်ဖို့ အချိန် လိုပါသေးတယ် ။

အရှိန် နဲ့ ကစားနိုင်တဲ့ လူတွေ နည်းနေသေးသလို Pass and play ကစားဖို့ ကလည်း ကျွမ်းကျင်တဲ့သူ သိပ်မရှိ ပါဘူး ။

ဘိုင်ယန် ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် ဆင်ခြေပေးချင် ပါတယ် ။

မက်ဆီ ၊ ဆွာရက် တို့ ရှိတုန်းကတောင် ၈-၂ နဲ့ ရှုံးခဲ့တာပါ ။ ကျွန်တော်က ၃-၀ နဲ့ ပဲ ရှုံးခဲ့ ပါတယ် ။

အရမ်းကြီး အဆိုးမမြင် ကြပါနဲ့” လို့ ရော်နယ် ကိုးမန်းက ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ဒီပွဲမှာ ဖြတ်တင်ဘော မြောက်များစွာ ပြုလုပ် ခဲ့ပြီး ဂိုးလိုအပ် လာချိန် မှာ

ပီကေး ကို ရှေ့အထိ တက်စေပြီး တိုက်စစ်မှူး နေရာ ထား ကစားခဲ့ရ ပါတယ် ။

လုခ် ဒီယွန် ဟာ အနီးကပ် အပိုင် ခေါင်းတိုက်ခွင့် တကြိမ် ကို ဖြုန်းတီး ခဲ့တာ ကြောင့်လည်း ဘာစီလိုနာ တို့

အိမ်ကွင်းမှာ အနိုင် ရလဒ် နဲ့ ဝေးခဲ့ရတာပါ ။

ဘာစီလိုနာ ဟာ လာမယ့် ကြာသပတေး နေ့ မှာတော့ နောက်ထပ် လာလီဂါ ပွဲစဉ် အဖြစ် ကာဒဇ် အသင်း ရဲ့ ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR