ဘာစီလိုနာ ဘုတ်အဖွဲ့ ဟာ လက်ရှိ နည်းပြ ရော်နယ် ကိုးမန်း အပေါ် စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံးလု နီးပါး
ရှိနေပြီလို့ သိရ ပါတယ် ။ လာမယ့် ပွဲစဉ် ၃ ပွဲ မှာ ကိုးမန်း ကို စောင့်ကြည့် သွားမှာ ဖြစ်ပြီး မျှော်လင့်ထားသလို
ဖြစ်မလာ ခဲ့ပါက ထုတ်ပယ် ဖို့ ဆုံးဖြတ် သွားဖွယ် ရှိတယ် လို့ သတင်းကြီး လာခဲ့ ပါတယ် ။
ရော်နယ် ကိုးမန်း ထုတ်ပယ် ခံခဲ့ရ ပါက ဘယ်လ်ဂျီယံ နည်းပြ မာတီနက် ၊ အိုင်ယက်စ် နည်းပြ အဲရစ် တန်ဟတ် နဲ့ ကွင်းလယ်လူဟောင်း ဇာဗီ တို့ ဟာ နည်းပြ ရာထူး အတွက် ထိပ်ဆုံးက ရေပန်း စားနေကြတယ်လို့ သိရ ပါတယ် ။
PSG အသင်း ကတော့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ဟာ ဘယ်ဘက် ဒူးမှာ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့တာကြောင့် ကြားရက်မှာ ကစားမယ့် မက်ဇ် အသင်းနဲ့ ပွဲစဉ် ကို လွဲချော် မယ်လို့ ကြေညာ သွားခဲ့ ပါတယ် ။
ယူအက်စ် အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဗိုလ်စွဲ ခဲ့တဲ့ ဗြိတိန် တင်းနစ်မယ် အမ်မာ ရာဒူကနူ ဟာ လာမယ့် အပတ် မှာ ကျင်းပမယ့် ချီကာဂို ကလပ်စစ် တင်းနစ် ပြိုင်ပွဲ ကို ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ အောက်တိုဘာ လထဲမှာ ကျင်းပမယ့် အင်ဒီးယန်း ပြိုင်ပွဲ အတွက် အားမွေး သွားမယ်လို့ သိရ ပါတယ် ။
ချဲလ်ဆီး ဟာ နောက်ခံလူ မားကိုစ့် အလွန်ဆို ရဲ့ ပွဲမစခင် ဒူးထောက်မှု ကို ဆက်လက် မပြုလုပ် တော့တဲ့ ဆုံးဖြတ်ချက် အပေါ် လေးစား သွားမှာ ဖြစ်ပြီး ဘယ်လို အကြောင်းနဲ့မှ ကစားသမား ရဲ့ ဆုံးဖြတ်ချက် ကို ပါဝင် ပတ်သက်မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။
နောက်ဆုံး ထုတ်ပြန် ခဲ့တဲ့ ပရီးမီးယားလိဂ် ရဲ့ Power Ranking ( စွမ်းဆောင်ရည် အဆင့် ) မှာတော့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာ က ဦးဆောင် နေပြီး
အဲလစ်ဆွန် ဘက်ကာ ၊ မားကိုစ့် အလွန်ဆို ၊ သီယာဂို ဆေးဗား နဲ့ လူကာကူ တို့ က ထိပ်ဆုံး ၅ ဦး စာရင်းမှာ အစဉ်လိုက် ရပ်တည် နေခဲ့ကြပါတယ် ။
စပိန် အခြေစိုက် သတင်းစာ ဒီပို့တီပို ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အေးဂျင့် ဟော့ဂျ် မန်ဒက်စ် ဟာ
ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် ပိတ်ခါနီးမှာ ရိုနယ်ဒို ကို မန်ချက်စတာ ယူနိုက်တက် ထံ မကမ်းလှမ်းခင် မှာ
လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ် ထံ ကမ်းလှမ်း ခဲ့သေးတယ် လို့ ထုတ်ဖော် ရေးသား သွားခဲ့ ပါတယ် ။
ယူဗင်တပ် နည်းပြကြီး အယ်လီဂရီ ကတော့ လာမယ့် စပီဇီယာ နဲ့ ပွဲစဉ် မှာ လူစာရင်းကို အပြောင်းအလဲတွေ ပြုလုပ် သွားမယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
အဲဗာတန် ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ဟာ ကာတာ ကလပ် အယ်ရေယန် နဲ့ ချိတ်ဆက် နေတာ ဖြစ်တယ်လို့ ဂျာနယ်လစ် ရိုမာနို က ထုတ်ဖော် ရေးသား လိုက်ပြီး ကိုလံဘီယာ ကွင်းလယ်လူကို အငှားနဲ့ ခေါ်ယူ မှာ ဖြစ်တယ်လို့ သိရ ပါတယ် ။
လိဒ် ယူနိုက်တက် အသင်းဟာ ဘယ်လ်ဂျီယံ ပြည်တွင်း ကလပ် ဘရုဂေး ရဲ့ ရှေ့တန်းလူ နိုအာ လန်း ကို စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။
အက်သလက်တီကို မက်ဒရစ် နဲ့ ဆီဗီးလား အသင်းတို့ ဟာ အိုင်ယက်စ် နဲ့ စာချုပ် သက်တမ်း ၂ နှစ်သာ ကျန်တော့တဲ့ ဒေးဗစ် နီရက်စ် ရဲ့ အခြေအနေ ကို စောင့်ကြည့် နေတယ်လို့ သိရ ပါတယ် ။
ရိုးမား နည်းပြကြီး မော်ရင်ဟို ကတော့ လာမယ့် ဇန်နဝါရီ မှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါးလော့ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

မန်စီးတီး ဟာ ဇန်နဝါရီ မှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ အတွက် လိုက်ပ်ဇစ် တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗား ကို စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။
ပြင်သစ် ကလပ် လိုင်ယွန် ကတော့ ရီးရဲ နည်းပြ အန်ဆယ်လော့တီ လက်ထက် မှာ နေရာမရ ဖြစ်နေတဲ့ ကွင်းလယ်လူ အစ္စကို ကို ဇန်နဝါရီမှာ ကြိုးစား သွားဖွယ် ရှိတယ်လို့ သိရပါတယ် ။
ချဲလ်ဆီး ကတော့ PSG ရဲ့ နောက်ထပ် ဝါရင့် ကစားသမား တဦး ဖြစ်တဲ့ ဘရာဇီး ကစားသမား မာကွင်ဟိုစ့် ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့လည်း သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။
သြစတြေးလျ လူမျိုး ဒိုင်လူကြီး ဂျာရတ် ဂျီလတ် ဟာ လာမယ့် ဝက်ဖိုဒ့် – နယူးကာဆယ် ပွဲကို ကိုင်တွယ် မှာ ဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ ပထမဆုံးသော ဗြိတိန် ပြင်ပ ကွင်းလယ်ဒိုင် ဖြစ်လာ မယ်လို့ သိရ ပါတယ် ။
နာမည်ကျော် ဘောလုံးသမားဟောင်းကြီး ရော်ဘတ်တို ကားလိုစ့် ကတော့ ဖီဖာ နဲ့ UEFA တို့ရဲ့ ပွဲစဉ်တွေ ၊ ပြိုင်ပွဲ ချိန်တွေ မကြာခဏ အပြောင်းအလဲ ပြုလုပ် မှုတွေဟာ ကစားသမားတွေ ရဲ့ ကျန်းမာရေး နဲ့ ပုံစံကောင်းတွေကို ထိခိုက် ရှုပ်ထွေး လာစေနိုင်တယ် လို့ ပြောဆို သတိပေး သွားခဲ့ ပါတယ် ။
ဘိုင်ယန်မြုးနစ် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ မနှစ်က ရာသီတုန်းက ၄၁ ဂိုး သွင်းပြီး ရရှိ ခဲ့တဲ့ ဥရောပ ရွှေဖိနပ်ဆုကို ဒီကနေ့ မှာ လက်ခံ ရရှိ ခဲ့တယ်လို့ သိရ ပါတယ် ။
ချဲလ်ဆီး ဂိုးသမား အက်ဒွာ မန်ဒီ ဟာ ဇင်းနစ် နဲ့ ကစားတဲ့ ချန်ပီယံလိဂ် ပွဲစဉ် က ဒဏ်ရာ မသက်သာ သေးတာကြောင့် မနက်ဖြန် မှာ ကစားမယ့် ကာရာဘောင် ဖလား ပွဲစဉ် ကို ပါဝင် ကစားနိုင် မှာ မဟုတ်ဘူးလို့ နည်းပြ တူချယ် က အတည်ပြု ပေးသွားခဲ့ ပါတယ် ။
ဆွမ်ဆိ အသင်း နည်းပြဟောင်း စတိဗ် ကူပါ ဟာ လစ်လပ် နေတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းရဲ့ နည်းပြ ရာထူးကို လုပ်ကိုင်ဖို့ အတွက် သဘောတူညီ လိုက်ပြီလို့လည်း သိရှိရ ပါတယ် ။
ရီးရဲမက်ဒရစ် အသင်းဟာ သူတို့ အသင်းရဲ့ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့ Sanitas နဲ့ နောက်ထပ် ၃ ရာသီ ထပ်မံ စာချုပ် ချုပ်ဆို လိုက်တယ်လို့ သိရ ပါတယ် ။ Sanitas ဟာ ရီးရဲ နဲ့ နှစ်ပေါင်း ၂၀ နီးပါး အတူ လက်တွဲ လာခဲ့တဲ့ အဖွဲ့လည်း ဖြစ်တယ်လို့ သိရ ပါတယ် ။
စီးရီးအေ ပွဲစဉ်တွေကို ထုတ်လွှင့် ပြသ နေတဲ့ DAZN ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကိုပါ ပြသဖို့ အတွက် ဆွေးနွေး ညှိနှိုင်း နေတယ်လို့ သိရ ပါတယ် ။
SPORTS MYANMAR