နံနက်ခင်း အားကစား သတင်းများ

မနေ့ ညက ယှဉ်ပြိုင် ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ် တွေမှာတော့

မန်ချက်စတာ စီးတီး ဟာ အိမ်ကွင်းမှာ ဝိုင်ကွမ်ဘီ အသင်းကို ၆-၁ နဲ့ အနိုင် ရရှိ ခဲ့ပါတယ် ။

ဂွာဒီယိုလာ ဟာ ဒီပွဲမှာ ဂိုးသမား အီဒါဆင် အပါအဝင် ခံစစ် တဖွဲ့လုံးကို အနားပေးကာ လူငယ်တွေနဲ့ ကစားစေခဲ့ ပါတယ် ။

ကွင်းလယ် နဲ့ ရှေ့တန်း မှာတော့ ဒီဘရိုင်းနား ၊ မာရက်ဇ် ၊ ဖိုဒန် ၊ တောရက်စ် တို့ ပါဝင်ခဲ့ကြပြီး ဂိုးတွေလည်း သွင်းပေး သွားခဲ့ ကြပါတယ် ။

 

လီဗာပူး ကတော့ အဝေးကွင်းမှာ နောဝှစ်ချ် စီးတီး ကို ၃ – ၀ နဲ့ အနိုင် ရခဲ့ပြီး ဂျပန် ကစားသမား တာကူမီ မီနာမီနို က ၂ ဂိုး ၊ အိုရီဂီ က ၁ ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

 

မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် ယူနိုက်တက် ကတော့ ဖူလ်ဟမ် အသင်း နဲ့ ဂိုးမရှိ သရေကျ ခဲ့ပြီး ပယ်နင်တီ အဆုံးအဖြတ် မှာ မှ ၆-၅ နဲ့ အနိုင် ရကာ နောက်တဆင့်ကို တက်လှမ်း လာခဲ့တာပဲ ဖြစ်ပါတယ် ။

 

ပရီးမီးယားလိဂ် ကို တန်းတက်လာပြီး ပုံစံကောင်း ရနေတဲ့ ဘရန့်ဖိုဒ့် ကလည်း အိမ်ကွင်းမှာ အိုးလ်ဟမ်း အသက်လစ် ကို ၇-၀ နဲ့ ဂိုးပြတ် အနိုင် ကစား သွားခဲ့ ပါတယ် ။

 

ပရီးမီးယားလိဂ် အသင်းတွေ ထဲက အဲဗာတန် ကတော့ ကာရာဘောင် ကို နှုတ်ဆက် ခဲ့ရပါပြီ ။

QPR အသင်း နဲ့ ကစားတဲ့ ပွဲမှာ ၂-၂ သရေ ကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ကြပြီး

အိမ်ရှင် QPR က ၈-၇ နဲ့ အဲဗာတန် ကို အနိုင် ကစားသွားခဲ့ တာပဲ ဖြစ် ပါတယ် ။

 

စပိန် လာလီဂါ မှာတော့ အက်သလက်တီကို မက်ဒရစ် ဟာ ဂီတာဖေး အသင်း ကို နောက်ကနေ လိုက်ကစား ခဲ့ရပြီး

၂-၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။ အေတီကို အတွက် တိုက်စစ်မှူးကြီး ဆွာရက် က ၇၈ နဲ့ ၉၀ မိနစ်တွေ မှာ ၂ ဂိုး သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ် ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် ဟာ ဖီအိုရင်တီးနား ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

အင်တာ အတွက် ဒါမီယံ ၊ ဒီဇစ်ကို နဲ့ ပါရီဆစ် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

 

လာဇီယို အသင်းဟာ အေစီမီလန် နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ကွင်းထဲ ကနေ ထုတ်ပယ် ခံခဲ့ရမှုကြောင့် ၂ ပွဲပယ်

အပြစ်ဒဏ် ကျခံ ခဲ့ရတဲ့ နည်းပြ ဆာရီ အတွက် အယူခံ ဝင်ခဲ့ ပေမယ့် မအောင်မြင် ခဲ့ဘူးလို့ သိရ ပါတယ် ။

 

ဘာစီလိုနာ ဟာ အကယ်ဒမီ လူငယ်လေး ရော်နယ်ဒို အာရူဟို ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင် နေတယ်လို့လည်း ကြားသိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းကြီး နဲ့ လပေါင်း များစွာ ဝေးကွာ နေခဲ့တဲ့ အင်္ဂလန် နောက်ခံလူ ဖီးလ် ဂျုံးစ် ဟာ ဒီညမှာ ကစားမယ့် ဝက်စ်ဟမ်း ယူနိုက်တက် နဲ့

ကာရာဘောင် ဖလား ပွဲစဉ် မှာ ပြန်လည် ပါဝင် လာမယ်လို့ နည်းပြ ဆိုးရှားက အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

ဒါကြောင့် ယူနိုက်တက် ဟာ ဒီည ပွဲအတွက် လင်ဂတ် ၊ အဲလက်စ် တဲလက်စ် ၊ ဂျုံးစ် နဲ့ လူငယ်လေး အန်တိုနီ အီလန်ဂါ တို့ ၄ ဦး ကို ပွဲထွက် လူစာရင်း အတွက် ရရှိ ထားပြီ ဖြစ်ပါတယ် ။

 

ဘဏ္ဍာရေး မတည်ငြိမ်မှုတွေကြောင့် အမှတ်လျော့ အပြစ်ဒဏ် ကျခံ ထားရတဲ့ ဒါဘီ ကောင်တီ အသင်း ကို ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်ပါက ပိုင်ရှင်သစ် ဟာ ဒါဘီ အသင်းရဲ့ အကြွေး ပေါင် သန်း ၅၀ ကို ပေးချေ ရမယ်လို့ သိရှိရ ပါတယ် ။

 

နောက်ထပ် အင်္ဂလိပ် ကလပ် တသင်း ဖြစ်တဲ့ ရီးဒင်း ဟာလည်း ဘဏ္ဍာရေး စည်းမျဉ်းတွေ ကို ချိုးဖောက် ခဲ့တာကြောင့် ၉ မှတ် လျော့ချ ခံရဖို့ အလားအလာ ရှိနေပြီ လို့လည်း သိရ ပါတယ် ။

 

SPORTS MYANMAR