ဘောလုံး သမား တယောက် အတွက် မြင့်မားတဲ့ လုပ်ခ လစာဟာ အရေးကြီး ပါတယ် ။
ဘာလိ့ုလည်း ဆိုတော့ သူတို့ ရဲ့ အကောင်းဆုံး အချိန်တွေ ဟာ ဆယ်စုနှစ် ၁ ခု စာလောက်ပဲ ကြာရှည်တာ ကြောင့်ပါ ။
ဘောလုံးသမား အများစု ဟာ ၃၂ ၊ ၃၃ နှစ် ဝန်းကျင် မှာ အနားယူတတ် ကြပြီး
ဘောလုံး မကစားတော့ ချိန်မှာ အရင်တုန်းကလို လက်ဖျား ငွေသီးတဲ့ ဘ၀ ကို ပြန်ရောက်ဖို့ ခက်ခဲ ခဲ့ကြပါတယ် ။
ဒါကြောင့်လည်း ကစားသမားတွေ စာချုပ်သစ် ချုပ်ဆိုဖို့ နီးကပ် လာတိုင်းမှာ လုပ်ခ လစာ တိုးတောင်းမှုတွေကြောင့်
အသင်း နဲ့ ညှိနှိုင်းရ ခက်ခဲတာတွေ ကို အမြဲ လိုလို မြင်တွေ့ ခဲ့ကြရ ပါတယ် ။
ဒါ့အပြင် ဘောလုံး သမားတွေဟာ သူတို့ ကို အသုံးပြုပြီး ကြော်ငြာ လိုတဲ့ ကုန် အမှတ် တံဆိပ်တွေ ကနေလည်း
စပွန်ဆာ ငွေကြေးတွေ ရရှိတတ် ကြပါတယ် ။ ဒါကတော့ ကျော်ကြားမှု အပေါ် လိုက်ပြီး ကွဲပြားသွားမှာပါ ။
အချို့ ထိပ်တန်း ကစားသမားတွေ ကတော့ လုပ်ခ လစာ မြင့်မားသလို စပွန်စာ ကနေ ရရှိတဲ့
ပမာဏ ကလည်း များပြား လှပါတယ် ။
ဒီလို လုပ်ခ နဲ့ စပွန်ဆာ ငွေကြေးတွေ ကို ပေါင်းစပ် လိုက်တဲ့ အခါ မှာတော့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ
ကမ္ဘာပေါ် မှာ ဝင်ငွေ အများဆုံး ဘောလုံး သမား ဖြစ်လာခဲ့ ပါတယ် ။
ပေါ်တူဂီ တိုက်စစ်မှူးကြီး ဟာ ဒီနှစ် နွေရာသီမှာ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် ဆီကို ပြန်လည် ပြောင်းရွှေ့ လာခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ ယူနိုက်တက် မှာ ယခင် အသင်းဟောင်းတွေ မှာ ရရှိတဲ့ လုပ်ခ လစာလောက် မရရှိပေမယ့်
သူ့ရဲ့ မြောက်များလှတဲ့ စပွန်ဆာ ဝင်ငွေ ဟာ အခုလို ကမ္ဘာ့ ဝင်ငွေ အများဆုံး ဘောလုံးသမား ဖြစ်လာအောင်
အဓိက ပံ့ပိုး ပေးနိုင်ခဲ့ ပါတယ် ။
ရိုနယ်ဒို ရဲ့ နောက်မှာတော့ လီယွန်နယ် မက်ဆီ က ဒုတိယ အများဆုံး အဖြစ် ရပ်တည် ခဲ့ ပါတယ် ။
ဘာစီလိုနာ ကနေ ထွက်ခွာပြီး PSG ကို ပြောင်းရွှေ့ ခဲ့တဲ့ မက်ဆီ ရဲ့ လုပ်ခ လစာဟာ ရိုနယ်ဒို ထက် ပိုများ ခဲ့ ပေမယ့်
စပွန်ဆာ က ဝင်ငွေ မှာတော့ ရိုနယ်ဒို က ပြန်သာ သွားခဲ့တာပဲ ဖြစ် ပါတယ် ။
ကမ္ဘာ့ ဝင်ငွေ အများဆုံး ဘောလုံး သမား ၁၀ ယောက် ထဲ မှာတော့ နေမာ နဲ့ မက်ဆီ တို့ ဟာ လုပ်ခ လစာ အများဆုံး
ရရှိတဲ့ ဘောလုံး သမားတွေ ဖြစ်ကြပြီး စပွန်ဆာ ဝင်ငွေ မှာတော့ ရိုနယ်ဒို က အများဆုံး ဖြစ်ခဲ့ ပါတယ် ။
ဂျပန်လိဂ် ကို ပြောင်းရွှေ့ ကစား နေတဲ့ ဘာစီလိုနာ ဂန္ထဝင်ကြီး အန်ဒရေ အင်နီယေ စတာ ဟာလည်း
မြင့်မားတဲ့ လုပ်ခ လစာ နဲ့ စပွန်ဆာ ဝင်ငွေ တို့ကြောင့် ခုချိန်ထိ ဝင်ငွေ အများဆုံး ၁၀ ဦး စာရင်းမှာ ပါဝင် နေဆဲ ဖြစ်ပါတယ် ။
ဒီ ကစားသမားတွေ ကတော့ –
၁၀ ။ ဟာဇက် – ဒေါ်လာ ၂၉ သန်း ( လုပ်ခလစာ – ၂၆ + စပွန်ဆာ – ၃ သန်း )
၉ ။ ဂါရတ်ဘေးလ် – ဒေါ်လာ ၃၂ သန်း ( လုပ်ခ လစာ – ၂၆ သန်း + စပွန်ဆာ – ၆ သန်း )
၈ ။ ပေါလ် ပေါ့ဘာ – ဒေါ်လာ ၃၄ သန်း ( လုပ်ခ လစာ ၂၇ သန်း + စပွန်ဆာ – ၇ သန်း )
၇ ။ အန်ဒရေ အင်နီယေစတာ – ဒေါ်လာ ၃၅ သန်း ( လုပ်ခ လစာ ၃၁ သန်း + စပွန်ဆာ – ၄ သန်း )
၆ ။ ရောဘတ် လီဝန်ဒေါ့စကီး – ဒေါ်လာ ၃၅ သန်း ( လုပ်ခလစာ ၂၇ သန်း + စပွန်ဆာ ၈ သန်း )
၅ ။ မိုဟာမက် ဆာလာ – ဒေါ်လာ ၄၁ သန်း ( လုပ်ခလစာ ၂၅ သန်း + စပွန်ဆာ – ၁၆ သန်း )
အာဖရိက ရဲ့ အကျော်ကြားဆုံး ကစားသမား တယောက် အဖြစ် ရှိနေတဲ့ ဆာလာ ဟာ လုပ်ခ လစာ အရ
၁၀ ဦး ထဲမှာ အနည်းဆုံး ဖြစ်ပေမယ့် မြင့်မားတဲ့ စပွန်ဆာ ဝင်ငွေကြောင့် ပဉ္စမမြောက် ဝင်ငွေ အကောင်းဆုံး
ဖြစ်လာခဲ့ ပါတယ် ။ အကယ်၍ သူတောင်းဆို ထားတဲ့ တပတ်ပေါင် ၅ သိန်း စာချုပ်သစ် သာ ချုပ်ဆို နိုင်ခဲ့ပါက
ဆာလာ ဟာ ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး ဘောလုံး သမား စာရင်း ရဲ့ ထိပ်ဆုံး ၃ ဦး ထဲ ကို ရောက်လာ နိုင်ဖွယ် ရှိနေပါတယ် ။
၄ ။ ကိုင်လီယံ အမ်ဘာပေ – ဒေါ်လာ ၄၃ သန်း ( လုပ်ခလစာ ၂၈ သန်း + စပွန်ဆာ ၁၅ သန်း )
ဘာပေ ကတော့ ဒီစာရင်းမှာ အသက် အငယ်ဆုံး ကစားသမား ဖြစ်ပါတယ် ။
၂၂ နှစ်သာ ရှိသေးပေမယ့် PSG ရဲ့ လုပ်ခ အမြင့်ဆုံး စာရင်းဝင်သူ ဖြစ်သလို စပွန်ဆာတွေ ကနေလည်း
တနှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်း အထိ ရရှိ နေပါတယ် ။
ဒါတွေဟာ နာမည်ကျော် FIFA ဘောလုံးဂိမ်း ရဲ့ ကာဗာ အဖြစ် ၂ နှစ် ဆက်တိုက် ပါဝင်ခွင့် ရရှိတဲ့ အကျိုးတွေ လည်း ဖြစ်ပါတယ် ။
၃ ။ နေမာ – ဒေါ်လာ ၉၅ သန်း ( လုပ်ခလစာ – ၇၅ သန်း + စပွန်ဆာ သန်း ၂၀ )
ဝင်ငွေ အကောင်းဆုံး Top Three ကတော့ ကျန်တဲ့ သူတွေ နဲ့ များစွာ ခြားနားနေပါတယ် ။
နေမာ ရဲ့ PSG အသင်းက လုပ်ခ လစာဟာ ကြောက်ခမန်း လိလိ များပြားသလို
ကမ္ဘာ အရပ်ရပ်က သူ့ရဲ့ စပွန်ဆာ ဝင်ငွေ ဟာလည်း မနည်းလှပါဘူး ။
ဒီအထဲမှာ Puma နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်တွေ ပါသလို
သန်း ၂၈၀ ကျော်တဲ့ ဆိုရှယ်မီဒီယာ ပရိသတ်တွေ ကလည်း နေမာ့ဆီကို စပွန်ဆာ တွေ ပိုများလာအောင် အထောက်အကူပြု ပေးနေပါတယ် ။
၂ ။ မက်ဆီ – ဒေါ်လာ သန်း ၁၁၀ ( လုပ်ခလစာ – ၇၅ သန်း + စပွန်ဆာ – ၃၅ သန်း )
လက်ရှိ ဘောလုံး ကမ္ဘာ မှာတော့ မက်ဆီ ဟာ လုပ်ခလစာ အများဆုံး ရရှိတဲ့ ဘောလုံးသမားပါ ။
စပွန်ဆာ တွေ ကနေ ရတဲ့ ဝင်ငွေ ကလည်း ရိုနယ်ဒို ပြီးရင် အများဆုံး ပါပဲ ။
ဒီစပွန်ဆာတွေ ထဲမှာတော့ Adidas နဲ့ ချုပ်ဆို ထားတဲ့ စပွန်ဆာ ဟာ ဝင်ငွေ အများဆုံး ရရှိအောင် ကူညီပေး ခဲ့ ပါတယ် ။
၁ ။ ရိုနယ်ဒို – ဒေါ်လာ ၁၂၅ သန်း ( လုပ်ခလစာ – သန်း ၇၀ + စပွန်ဆာ ၅၅ သန်း )
နေမာ ၊ မက်ဆီ တို့လောက် လုပ်ခ မများပေမယ့် ရိုနယ်ဒို ဟာ ကမ္ဘာပေါ်မှာ စပွန်ဆာတွေ ကနေ
ဝင်ငွေ အများဆုံး ရရှိတဲ့ ဘောလုံးသမား အဖြစ် ရပ်တည် နေပါတယ် ။
သူ့ရဲ့ ဂျာစီ စပွန်ဆာတွေ ၊ ဆိုရှယ်မီဒီယာ က ပရိသတ် အင်အားတွေ ၊ Nike လို နာမည်ကျော် အားကစား အမှတ်တံဆိပ် ၊ Herbalife ၊ Clear စတဲ့ အလှကုန်တွေ အပြင်
သူ့ရဲ့ CR7, Ronaldo7 အမည်နဲ့ ထုတ်လုပ်တဲ့ ကုန်အမှတ်တံဆိပ်တွေ ကနေ ရရှိတဲ့ စပွန်ဆာ အရပ်ရပ်ဟာ
ဒုတိယ စပွန်ဆာဝင်ငွေ အများဆုံး ဖြစ်တဲ့ မက်ဆီ ထက်ပင် သန်း ၂၀ ပိုမို ရရှိ စေခဲ့ပါတယ် ။
ဒါကြောင့် လုပ်ခ လစာ နဲ့ စပွန်ဆာ ကဏ္ဍ ၂ ခု ပေါင်း မှာတော့ ရိုနယ်ဒို ဟာ ကမ္ဘာ့ ဝင်ငွေ အများဆုံး ဘောလုံးသမား ဖြစ်လာခဲ့တာပါပဲ ။
SPORTS MYANMAR
၎
င
၎
၎