ဒီကနေ့ မွေးနေ့ရှင် ရိုနယ်ဒိုကြီး နဲ့ ပတ်သက်ပြီး သင်ဘယ်လောက်သိသလဲ ?

ဒီကနေ့ ကတော့ ဘောလုံး အကျော်အမော်ကြီး ရိုနယ်ဒို ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ် ။

ရိုနယ်ဒိုကြီး ဟာ ၂၀၀၀ ခုနှစ် ဝန်းကျင် မှာ ဘောလုံး လောက ကို သူ့ရဲ့ ဆန်းပြားတဲ့ လှည့်ကွက်တွေ ၊

ပြောင်မြောက်တဲ့ အရည်အသွေးတွေ ၊ သွင်းဂိုးတွေ နဲ့ မိတ်ဆက် ပေးခဲ့ပြီး ကမ္ဘာ အနှံ့မှာ ပရိသတ် အများအပြားကို ရရှိခဲ့ ပါတယ် ။

ဒိုကြီး ဟာ ဒီကနေ့ခေတ် ဘောလုံး အကျော်အမော် အတော်များများ ရဲ့ ငယ်ဘ၀ သူရဲကောင်းလည်း ဖြစ်ခဲ့တာပါ ။

ဒဏ်ရာတွေသာ မနှိပ်စက်ခဲ့ဘူး ဆိုရင် ဒိုကြီး ဟာ မက်ဆီ ၊ ခရစ္စတီယာနို ရိုနယ်ဒို တု့ိ ရဲ့ စွမ်းဆောင်ရည်မျိုးကို

လိုက်မီ နိုင်လောက်တဲ့ အထိ ထိပ်တန်း အရည်အသွေး ကို ပိုင်ဆိုင် ထားတဲ့ ကစားသမားလို့လည်း ညွှန်းဆို ထားကြပါတယ် ။

ဒီနေ့ ကျရောက်တဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဒိုကြီး ကို ဆုမွန်ကောင်း တောင်းပေးလိုက်ရ ပါတယ် ။

ရိုနယ်ဒိုကြီး ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဒိုကြီး ရဲ့ အကြောင်းတွေ

SM ပရိသတ်ကြီးတွေ အတွက် ဉာဏ်စမ်းလေး ပြုလုပ်ပေးထားပါတယ် ။ အားလုံးပေါင်း မေးခွန်း ၂၀ ပါ ။

တကယ်လို့ ၄ ခု အထိပဲ မှန်ခဲ့ရင်တော့ ရိုနယ်ဒို ဆိုတာ ပေါ်တူဂီ က တယောက်နဲ့ မှားနေလားလို့ ပြောရမှာပါ ။

၅ ခုကနေ ၉ ခုအထိ မှန်မယ် ဆိုရင်တော့ ထပ်ကြိုးစားကြည့် ပါဦးလို့ ပြောပါရစေ ။

တကယ်လို့ ၁၀ ခုကနေ ၁၄ ခုထိ မှန်ခဲ့မယ် ဆိုရင်တော့ ရှေ့မီ နောက်မီ တဦးလို့ သတ်မှတ်ရမှာပါ ခင်ဗျ ။

အဲ . . . ၁၉ ခု အထိ မှန်နေမယ် ဆိုရင်တော့ သေချာပါတယ် ၊ မိတ်ဆွေက ရိုနယ်ဒိုကြီး ရဲ့ အမာခံ ပရိသတ် ပါပဲ ။

တကယ်လို့ အခု ၂၀ လုံးမှန်ခဲ့ရင်တော့ ခင်ဗျား ဟာ ရိုနယ်ဒို ကိုယ်တိုင် ဖြစ်ရင်ဖြစ် ၊ မဖြစ်ရင် ရိုနယ်ဒို ရဲ့ စပါယ်ရှယ် ပရိသတ် ဖြစ်ရင်ဖြစ် . . . မဖြစ်ရင်တော့ Google ခေါက်ထားလို့ ပါပဲ ( just funny )

ကဲ စလိုက်ရအောင်ဗျာ . . . ကံကောင်း ကြပါစေ ။

၁ ။ ရိုနယ်ဒို ရဲ့ အမည် အပြည့်အစုံ

(A) Ronaldo de Assis Moreira

(B) Robson de Souza

(C) Ronaldo dos Santos Aveiro

(D) Ronaldo Liuz Nazario de Lima

၂ ။ ရိုနယ်ဒို မွေးဖွားခဲ့ရာ ဇာတိ

(A) Rio De Janeiro

(B) Sao Paulo

(C) Brasilia

(D) Belo Horizonte

၃ ။ ရိုနယ်ဒို ရဲ့ အမည်ပြောင် ( တင်စားခေါ်ဝေါ် ကြတဲ့ အမည် )

(A) El Mango

(B) El Fenomeno

(C) El Bicho

(D) La Pulga

၄ ။ ရိုနယ်ဒို ဘယ်လောက် မြင့်လဲ ?

(A) 5 feet 8 inches

(B) 5 feet 10 inches

(C) 6 feet

(D) 6 feet 2 inches

၅ ။ ရိုနယ်ဒို ရဲ့ ပရို ဘောလုံးသမားဘ၀ စတင်ရာ ပထမဆုံး ကလပ်

(A) Santos

(B) Corinthians

(C) Sao Paulo

(D) Cruzeiro

၆ ။ ရိုနယ်ဒို ဘရာဖီး လက်ရွေးစင် အသင်းအတွက် စတင် ကစားခဲ့တဲ့ အသက်

(A) 16 (B) 17 (C) 18 (D) 19

၇ ။ ရိုနယ်ဒို ကို ၁၉၉၄ မှာ ခေါ်ယူခဲ့တဲ့ နယ်သာလန် ကလပ်

(A) Feyenoord

(B) Ajax

(C) PSV

(D) AZ

၈ ။ ရိုနယ်ဒို ဟာ ဘာစီလိုနာ မှာ ၁ ရာသီသာ ကစားခဲ့ပါတယ် ။ အဲ့ဒိ ၁ ရာသီ အတွင်း သူ ဂိုးဘယ်လောက် သွင်းနိုင်ခဲ့သလဲ ?

(A) 37 (B) 47 (C) 42 (D) 52

၉ ။ အင်တာမီလန် က ၁၉၉၇ မှာ ရိုနယ်ဒို ကို ဘာစီလိုနာ ကနေ ခေါ်ယူခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး

(A) ပေါင် ၁၅.၅ သန်း

(B) ပေါင် ၁၉.၅ သန်း

(C) ပေါင် ၂၃.၅ သန်း

(D) ပေါင် ၂၇.၅ သန်း

၁၀ ။ ရိုနယ်ဒို ဟာ အင်တာမီလန် မှာ ကစားရင်း ၂၀၀၀-၀၁ ရာသီ ကို ပြင်းထန်တဲ့ ဒဏ်ရာကြောင့် လွဲချော် ခဲ့ရ ပါတယ် ။ ဘယ်အပိုင်းမှာ ဒဏ်ရာ ရခဲ့တာလဲ ?

(A) ဒူး            (B) ခြေထောက်          (C) နောက်ကျော                   (D) ခြေကျင်းဝတ်

၁၁ ။ ရီးရဲမက်ဒရစ် ကြယ်စင်စုထဲကို ရိုနယ်ဒို ဝင်ရောက်ခဲ့တဲ့ ခုနှစ်

(A) 2001        (B) 2002                 (C) 2003                 (D) 2004

၁၂ ။ ရီးရဲမက်ဒရစ် နဲ့ အတူ လာလီဂါ အမှတ်ပေး ချန်ပီယံ ဘယ်နှကြိမ် ရခဲ့လဲ ?

(A) 0            (B) 1            (C) 2            (D) 3

၁၃ ။ ရိုနယ်ဒို ဟာ ၂၀၀၃ ခုနှစ် ချန်ပီယံလိဂ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ရင်ဆိုင် ကစားရတဲ့ပွဲမှာ အိုးထရက်ဖိုဒ့် ကွင်းထဲက ပရိသတ်တွေ ရဲ့ မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုမှု ကို ရရှိခဲ့ ပါတယ် ။ အဲ့ဒိနေ့ က ရိုနယ်ဒို ဘယ်နှဂိုး သွင်းယူခဲ့သလဲ ?

(A) 1            (B) 2            (C) 3            (D) 4

၁၄ ။ ရိုနယ်ဒို ရွှေဘောလုံးဆု ဘယ်နှဆု ရဖူးလဲ ?

(A) 1            (B) 2            (C) 3            (D) 4

၁၅ ။ ၂၀၀၂ ကမ္ဘာ့ဖလား တုန်းက ရိုနယ်ဒို ရဲ့ ဆံပင်ပုံဆန်း ရဲ့ အကြောင်းအရင်း အမှန်က ဘာဖြစ်မလဲ ?

(A) အလောင်းအစား ရှုံးလို့

(B) ကြည့်ကောင်းမယ် ထင်လို့

(C) အမေက ညှပ်ခိုင်းလို့

(D) ဒဏ်ရာ အပေါ် အာရုံလွှဲဖို့

၁၆ ။ ဘရာဇီး အတွက် ရိုနယ်ဒို ဂိုးဘယ်လောက် သွင်းခဲ့သလဲ ?

(A) 42           (B) 52           (C) 62           (D) 72

၁၇ ။ ရိုနယ်ဒို ဟာ ဘရာဇီး နဲ့ ကမ္ဘာ့ဖလား ၄ ကြိမ် ပါဝင် ကစားခဲ့ ပါတယ် ။ အဲ့ဒိ မှာ သူ ဂိုး ဘယ်လောက် သွင်းနိုင် ခဲ့သလဲ ?

(A) 11           (B) 13           (C) 15           (D) 17

၁၈ ။ ရိုနယ်ဒို ကမ္ဘာ့ဖလား ဘယ်နှကြိမ် ရဖူးသလဲ ?

(A ) 0           (B) 1            (C) 2            (D) 3

၁၉ ။ ၂၀၁၈ ခုနှစ်မှာ ရိုနယ်ဒို ဟာ စပိန် ကလပ် အသင်းတသင်းရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာခဲ့ ပါတယ် ။ ဘယ်အသင်းများလဲဗျာ . . .

(A) Real Valladolid

(B) Real Ovideo

(C) Rayo Vallecano

(D) Sporting Gijon

၂၀ ။ ရိုနယ်ဒို နောက်ဆုံး ကစားခဲ့တဲ့ ကလပ်

(A) Corinthians

(B) Atletico Mineiro

(C) Santos

(D) Sao Paulo

SPORTS MYANMAR