ယနေ့ အတွက် နောက်ဆုံးရ အားကစား သတင်းများ

အဲဗာတန် အသင်းရဲ့ ကွင်းလယ်လူ ဟာမက်စ် ရိုဒီဂွက် ဟာ ကာတာ ကလပ် အယ်လ် ရေယန် အသင်း ထံ အငှား နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ချန်ပီယံရှစ် ကလပ် ဒါဘီ ကောင်တီ အသင်းကတော့ အသင်းကို အောက်ခြေကနေ ပြန်လည် တည်ဆောက်ဖို့ အတွက် Administration ဝင်လိုက်ပြီ ဖြစ်တာကြောင့် ၁၂ မှတ် လျော့ချ ပြစ်ဒဏ် ကို ကျခံ ယူတော့မယ် လို့ သိရ ပါတယ် ။

 

ရိုးမား ဟာ မန်ယူနိုက်တက် နောက်ခံလူ ဒီယေဂို ဒါးလော့ ကို ဇန်နဝါရိ မှာ ခေါ်ယူဖို့ သတင်းကြီး နေပေမယ့်

ရိုးမား နည်းပြ မော်ရင်ဟို ကတော့ အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန် သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ စီးတီး အသင်းရဲ့ နောက်ခံလူ ၂ ဦး ဖြစ်တဲ့ ဂျွန်စတုန်း နဲ့ အိုင်းမရစ် လာပေါ့တ် တို့ဟာ

ဒဏ်ရာ ကြောင့် ၂ ပတ်ခန့် အနားယူ ရဖို့ ရှိတာကြောင့် PSG နဲ့ ကစားမယ့် ချန်ပီယံလိဂ်

လီဗာပူး နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကို လွဲချော် ကြတော့မှာပဲ ဖြစ် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ လေဗာကူဆင် မှာ ကစားနေတဲ့

၁၈ နှစ် အရွယ် ကစားသမားလေး ဖလော်ရီယန် ဝတ်ဇ် ကို အပြိုင် စောင့်ကြည့် နေကြတယ်လို့ သိရှိရ ပါတယ် ။

 

ဘာစီလိုနာ အသင်း နည်းပြကြီး ရော်နယ်ကိုးမန်း ဟာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ

ကလပ် အသင်းက သူ နဲ့ အတူ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ် နေကြောင်း ပါဝင်တဲ့ ထုတ်ပြန် ကြေညာချက် တစောင်ကို ၃ မိနစ်ကြာ ဖတ်ပြ သွားခဲ့ပြီး

ဘယ် သတင်းထောက် ရဲ့ မေးမြန်းမှု ကို မှ ဖြေကြားခြင်း မပြုဘဲ ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ် ။

 

ဘာစီလိုနာ လူငယ်လေး အန်ဆု ဖာတီ ကတော့ မနက်ဖြန် ညမှာ ကစားမယ့် လာလီဂါ ပွဲစဉ် ကို မပါဝင် နိုင်သေး ပေမယ့် ပိတ်ရက် မှာ ကစားမယ့် ပွဲစဉ် ကိုတော့ ပါဝင် ဖို့ အခြေအနေ ကောင်းနေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ ဟာ ပြင်သစ် တောင်ပံ ကစားသမားလေး အော့စမိန်း ဒမ်ဘီလီ ကို စာချုပ် သက်တမ်း တိုးဖို့ အတွက် ကစားသမား ရဲ့ တာဝန် ရှိသူတွေ နဲ့ တွေ့ဆုံ စကာပြောနေပြီ လို့လည်း သိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် ဟာ အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ် ကာလ မတိုင်ခင် အထိ အသင်း နဲ့ ပြန်လည် ပါဝင် ကစားနိုင်ဖို့ မရှိသေးဘူးလို့ လည်း ကြားသိရ ပါတယ် ။

 

ဗြိတိန် လက်ဝှေ့ အကျော် အမော် တိုင်ဆန်ဖျူရီ က သူ ဟာ YouTuber ဂျိက်ပေါလ် နဲ့ ပေါင် ၁ သန်းတန် လက်ဝှေ့ ပွဲ အတွက် ၂ ကြိမ် ကမ်းလှမ်း ခံခဲ့ရ ပေမယ့် ၂ ကြိမ်စလုံး ကို ငြင်းဆန် ခဲ့တယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

 

ဒီကနေ့ ဟာ ဘရာဇီး ဂန္ထဝင် ဘောလုံး အကျော်အမော်ကြီး ရိုနယ်ဒို နာဇာရီယို ရဲ့ ၄၅ နှစ်ပြည့် မွေးနေ့ ဖြစ်သလို

ချဲလ်ဆီး ရဲ့ ဘရာဇီး နောက်ခံလူ သီယာဂို ဆေးလ်ဗား ရဲ့ ၃၇ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ပါတယ် ။

အသက် ၃၇ နှစ် ဆိုတဲ့ အရွယ်နဲ့ မလိုက်ဖက်အောင် ချဲလ်ဆီး အတွက် အကောင်းဆုံး ကစားပေး နေတဲ့ ဝါရင့် ခံစစ်မှူးကြီး ဆေးလ်ဗား ကိုလည်း Happy Birthday ပါလို့ ဂုဏ်ပြု ဆုတောင်းပေးလိုက်ရ ပါတယ် ခင်ဗျာ . . .

 

SPORTS MYANMAR