ချိုတလှည့် ခါးတလှည့် ဆိုးရှား ၊ ဂိုးမိုးရွာပြီး တားမရတဲ့ ရီးရဲ ၊ ဟာခီမီ ကယ်တင်တဲ့ PSG တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား သွားခဲ့တဲ့ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ တနင်္ဂနွေ တုန်းက အနိုင် ကစား ခဲ့တဲ့ ဝက်စ်ဟမ်း ယူနိုက်တက် ကိုအိမ်ကွင်းမှာ ဧည့်ခံ ကစား ခဲ့ပြီး ၁-၀ နဲ့ အရေးနိမ့် ခဲ့တာကြောင့် ပြိုင်ပွဲ ကနေ စောစော စီးစီး ထွက်ခွာ ခဲ့ရပြီ ဖြစ်ပါတယ် ။

အာဆင်နယ် ကတော့ ၃-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး ချဲလ်ဆီး နဲ့ စပါး တို့ ကတော့ ဗီလာ ၊ ဝုဗ် တို့ကို ပင်နယ်တီ

အဆုံးအဖြတ် အထိ ရောက်အောင် ကစားပြီးမှ အနိုင်ယူ ကျော်ဖြတ် လာနိုင်ခဲ့ကြပါတယ် ။

ကာရာဘောင် ဖလား စတုတ္ထဆင့် မဲခွဲမှုမှာတော့

ချဲလ်ဆီး နဲ့ ဆောက်သမ်တန် ၊ အာဆင်နယ် နဲ့ လိဒ်ယူနိုက်တက် ၊ စတုတ် နဲ့ ဘရန့်ဖိုဒ့် ၊ ဝက်ဟ်ဟမ်း နဲ့ မန်စီးတီး

လက်စတာ နဲ့ ဘရိုက်တန် ၊ ဘန်လေ နဲ့ စပါး ၊ QPR နဲ့ ဆန်းဒါးလန်း ၊ ပရက်စတန် နဲ့ လီဗာပူး အသင်းတို့ ဆုံတွေ့ ခဲ့ကြပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ယူဗင်တပ် ဟာ ဒီရာသီ ရဲ့ ပထမဆုံး အမှတ်ပေး နိုင်ပွဲ ကို ရရှိ သွားခဲ့ ပါတယ် ။

စပီဇီယာ နဲ့ ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် မှာ ယူဗင်တပ် ဟာ ၂ – ၁ နဲ့ ရှုံးနိမ့် နေရာကနေ ဂိုးတွေ လိုက်သွင်းပြီး ၃-၂ နဲ့ အနိုင် ကစား နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အေစီမီလန် ကလည်း အိမ်ကွင်းမှာ ဗီနီဇီယာ အသင်း ကို ၂ – ၀ နဲ့ အနိုင် ကစား သွားခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ မက်ဇ် အသင်းကို အဝေးကွင်း မှာ ၂ – ၁ နဲ့ အနိုင် ရခဲ့ ပါတယ် ။

PSG မှာ စူပါစတားတွေ အများအပြား ပါဝင် ခဲ့ပေမယ့် အသင်းကို ကယ်တင် ခဲ့သူကတော့ နောက်ခံလူ ဟာခီမီ ဖြစ်ပြီး ၉၀+၅ မိနစ် အနိုင်ဂိုး အပါအဝင် အသင်းရဲ့ သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာပဲ ဖြစ် ပါတယ် ။

စပိန် လာလီဂါ မှာ ရီးရဲမက်ဒရစ် ဟာ အိမ်ကွင်းမှာ မာယော့ကာ အသင်း ကို ၆-၁ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။

ရီးရဲ အတွက် အဆန်ဆီရို က ဟက်ထရစ် သွင်းယူ နိုင်ခဲ့ပြီး ဘန်ဇီးမား က ၂ ဂိုး ၊ အစ္စကို က ၁ ဂိုး သွင်းယူ ပေးခဲ့ကြပါတယ် ။

ရီးရဲ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ကတော့ လာလီဂါ ၆ ပွဲမှာ ၈ ဂိုးသွင်းပြီး ၇ ဂိုး အထိ ဖန်တီးပေး ထားနိုင် ခဲ့ပြီ ဖြစ် ပါတယ် ။

ဗြိတိန် အစိုးရ ဟာ အားကစား ဝတ်စုံရှေ့ မျက်နှာစာတွေမှာ လောင်းကစား ဆိုင်ရာ ကုန်အမှတ်တံဆိပ်တွေ ထည့်သွင်း ကြော်ငြာမှုကို ပိတ်ပက် တားမြစ် လိုက်ပြီ ဖြစ်တာကြောင့်

ဝက်စ်ဟမ်း ၊ ဝုဗ် ၊ ဝက်ဖိုဒ့် ၊ နယူးကာဆယ် ၊ ဆောက်သမ်တန် နဲ့ ဘရန့်ဖိုဒ့် အသင်းတို့ ရဲ့ အဓိက စပွန်ဆာတွေ နဲ့ အဆက်မပြေမှုတွေ ရှိလာ နိုင်တယ်လို့ သိရ ပါတယ် ။

ပရီးမီးယားလိဂ် ဟာ ပရိသတ်တွေ ကို ကွင်းအတွင်း ဝင်ရောက် အားပေး ကြည့်ရှုဖို့ အတွက် ကိုဗစ်ဆေး ထိုးပြီးကြောင်း သက်သေခံ ကတ်ပြားတွေ မလိုအပ်တော့ဘူးလို့ အတည်ပြု သွားခဲ့ ပါတယ် ။

ဒါဘီ ကောင်တီ အသင်း ပရိသတ်တွေ ကတော့ အသင်းကို ဖွဲ့စည်းပုံ အသစ် ပြန်လည် ရေးဆွဲရ စေခဲ့ပြီး ရမှတ် ၁၂ မှတ် ထိ လျော့ချဖို့ ပြစ်ဒဏ် ခံယူ စေခဲ့ရမှု နဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် မဲလ် မောရစ် ကို စိတ်ဆိုး ဒေါသထွက် ခဲ့ကြတယ်လို့ သိရှိရ ပါတယ် ။

အာဆင်နယ် အသင်း ကတော့ ဂိုးသမား လီနို ကို လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ရောင်းထုတ်မယ့် စာရင်းထဲ ထည့်သွင်း သွားမယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး ဟာ ခရစ်ရှန်ဆန် ကို စာချုပ်သက်တမ်းတိုး ချုပ်ဆို ဖို့ အလုံးစုံ ပြီးစီး နေပြီလို့ သိရ ပါတယ် ။

လက်ရှိ မှာတော့ အန်ဂိုလို ကန်တီ နဲ့ မေဆင်မောင့် တို့ ကို စာချုပ်သက်တမ်း ထပ်တိုး နိုင်ဖို့ စီစဉ် နေပြီး

ရူဒီဂါ နဲ့ စာချုပ်သစ် ရဲ့ လုပ်ခ လစာတွေ အတွက်လည်း ညှိနှိုင်း ပြောဆို နေတယ်လို့ သိရ ပါတယ် ။

SPORTS MYANMAR