ရှုံးပွဲအပေါ် ဆင်ခြေပေးရင်း ပင်နယ်တီ တစ်လုံးရခဲ့သင့်တယ်လို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက ကာရာဘောင် ဖလား ပြိုင်ပွဲရဲ့ Round 3 ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ဆန်ချိုကလွဲရင် ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေခဲ့ကြတဲ့ အရံလူတွေကိုသာ ပွဲထွက် ကစားခွင့် ပေးဆောင်သွားခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ်မှူး မာရှယ် ၊ ဒွန်နီ ဗန်ဒီ ဘိခ် တို့ဟာ ပရိသတ််တွေ မျှော်လင့်ထားတဲ့ ပုံစံကောင်း မပြသနိုင်ခဲ့ကြပဲ ရုန်းကန်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ဂိုးပေါက် ကန်သွင်းခွင့် 27 ကြိမ် အထိ ရရှိထားခဲ့ကြပေမဲ့ အဆုံးသတ် စွမ်းရည် ညံ့ဖျင်းမှု ၊ ပြိုင်ဖက် ဂိုးသမား အရီယိုလာရဲ့ လက်စွမ်းပြမှုတွေကြောင့် အချည်းနှီး ဖြစ်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ပြိုင်ပွဲ တစ်ခုမှ စောစောစီးစီး ထွက်ခွာလာခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ဖြစ်လာခဲ့တဲ့နောက် ဆုဖလားတွေ ဆွတ်ခူးပြဖို့ ရုန်းကန် နေခဲ့ရတဲ့ ဆိုးလ်ရှားက အသင်းသားတွေကို အပြစ်တင်ခြင်း မပြုလုပ်ခဲ့ပဲ ဒီပွဲမှာ အထနှေးခဲ့ကြောင်း ၊ ဒါကို မှတ်သားထားဖို့ လိုအပ်ကြောင််း၊ ကစားသမားတွေ ကြိုးစားခဲ့ကြကြောင်း ဆင်ခြေတွေ ပေးခဲ့လိုက်ပါတယ် ။

” နောက်တစ်ကြိမ် အထနှေးခဲ့ကြတယ် ။ ဒါက မှတ်သားထားစရာပါပဲ ။ သူတို့ တစ်ဂိုး ရရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒီနောက် အချိန်တွေ အကြာကြီး ကောင်းမွန််စွာ ကစားနိုင်ခဲ့ကြပြီး ပွဲကောင်း တစ်ပွဲ ဖြစ်စေနိုင်ခဲ့ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှု 27 ကြိမ် အထိ ရရှိခြင်းဆိုတာက သူတို့ တကယ့်ကို ကြိုးစားခဲ့ကြလို့ပါပဲ “

” ကျွန်တော်တို့ဟာ ပြိုင်ဖက်အသင်းကို ဖိအားတွေ ခံစားသွားရအောင် လုပ်နိုင်ခဲ့ကြပါတယ် ။ မေဆွန် ဂရင်းဝုဒ် ဝင််လာပြီး မကြာခင်မှာပဲ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးပေါက်် ကန်သွင်းမှု တစ်ကြိမ် လုပ်ပြခဲ့ပါသေးတယ် ။ ဒါပေမဲ့ တစ်ခါတလေမှာ ဖိအားတွေဆိုတာ တစ်စုံတစ်ယောက်မှာပဲ ရှိနေတတ်တာ မဟုတ်ပါဘူး “

” သူဟာ အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ အကျိုးသက်ရောက်မှု ပေးဆောင်နိုင်ခဲ့ပါတယ် ။ သူ လန်းဆန်းပြီး ချွန်ထက်နေခဲ့ပါတယ် ။ ဒါပေမဲ့ ကန်သွင်းမှုက အနည််းငယ် နှေးကွေးသွားခဲ့ပါတယ် ။ ပွဲချိန် နောက်ဆုံး 6,7 မိနစ်လောက်မှာ ကျွန်တော်တို့ ပိုမို စိတ်အား ထက်သန်ခဲ့ကြပြီး သူတို့ နှစ်ဂိုးလောက် သွင်းနိုင်ခဲ့သင့်ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတုန်းက ဝက်စ်ဟမ်း အသင်းဆီက ပင်နယ်တီတွေ ရနိုင်ခွင့် ဆုံးရှုံးခဲ့ကြသလို ဒီနေ့ပွဲမှာလည်း လင်ဂတ်ဟာ ပြိုင်ဖက် ကွင်းလယ််လူ မာ့ခ် နိုဗယ်လ် ဂိုးဧရိယာထဲ နောက်ကနေ လိုက်ဆွဲခဲ့လို့ ပင်နယ်တီ ရရှိခဲ့သင့်ပေမဲ့ မရခဲ့ပြန်ပါဘူး ။ ဆိုးလ်ရှားကတော့ ဒီပွဲမှာလည်း အသင်းဟာ ပင်နယ်တီ ရရှိခဲ့သင့်ကြောင်း ပြောကြားခဲ့လိုက်ပါတယ် ။

” ကျွန်တော် ဒါနဲ့ ပတ်သက်လို့ အများကြီးတော့ မပြောချင်ပါဘူး ။ ဒါပေမဲ့ ဒီနေ့ပွဲမှာလည်း ဂျက်စီကြောင့် ပင်နယ်တီ ရရှိခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ဒါတွေကို ကျော်ဖြတ်သွားရပါ့မယ် ။ ဘောလုံး ရာသီက အရှည်ကြီး ကျန်နေပါသေးတယ် ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

#Sports_Myanmar